admin

PhotoSmash Gallery Plugin

WordPress အတွက် Gallery Plugin တွေ အတော်များများရှိပါတယ်။ အဲဒီထဲမှာ PhotoSmash က သုံးရလဲ အင်မတန်လွယ်တယ်၊ ဒီဇိုင်းနဲ့တင်ပြပုံလဲ ကျွန်တော်လိုချင်တာကို အတိအကျ ဖြည့်ပေးနိုင်တာကြောင့် အတော်ကို နှစ်သက်မိပါတယ်။ အသုံးပြုပုံကို ကြည့်ရအောင်..။ Plugin ကို Activate လုပ်ပြီးရင် Settings အောက်မှာ PhotoSmash ရဲ့ Settings တွေကို တွေ့ရပါမယ်။
PhotoSmash Settings က Gallery အားလုံးအတွက် Default Settings သဘောမျိုးဖြစ်ပါတယ်။ Gallery တခုလုပ်တိုင်းလုပ်တိုင်း ဒီမှာ ပေးထားတဲ့ Settings အတိုင်း တည်ဆောက်သွားမှာဖြစ်ပါတယ်။ သူ့ထဲမှာ Image link (href) css class ဆိုတာက Thickbox, Lightbox စတဲ့ Java [...]

Canon EOS 350D Mark III

Canon EOS 350D Mark III

ကင်နွန် 350D ဒစ်ဂျစ်တယ် ကင်မရာ သုံးနေသူတွေအတွက် သတင်းကောင်းတခုပါ။ ဟောင်းနွမ်းပြီဖြစ်တဲ့ 350D မှာ နောက်ပိုင်းထွက် အဆင့်မြင့်မော်ဒယ် များမှာလို Spot Metering , ISO 3200 , ဓါတ်ပုံပေါင်း ဘယ်လောက်ရိုက်ထားသလဲ ဆိုတဲ့ Shutter release count ဖန်ရှင်တွေ မပါဝင်ပါဘူး။ အဲဒီ အဆင့်မြင့် ဖန်ရှင်တွေကို သုံးလို့ရအောင် Hack လုပ်လို့ရနိုင်ပြီ။ ကင်မရာမှာ အသုံးပြုမယ့် CF Card 4GB နှင့်အောက် အရွယ်အစားတွေအတွက် အောက်ပါအတိုင်းလုပ်ရပါမယ်။
1. Camera ရဲ့ Firmware က V1.0.3 ဖြစ်ရပါမယ်။
2. ကွန်ပြူတာမှာ CF Card ကို Format ရိုက်ပြီး scanled.fir ဖိုင်ကို ကဒ်ထဲကူးထည့်ပါမယ်။ [...]

Installation Guide

ဝေါ့ပရက် အင်စတော လုပ်ဖို့ အတွက် hosting ၀ယ်ပြီး ဖြစ်ဖြစ်၊ free hosing တွေမှာပဲ ဖြစ်ဖြစ်၊ PHP 4.2 နှင့်အထက်၊ MySQL 4.0 နှင့်အထက် support လုပ်တယ် ဆိုရင် အင်စတော လုပ်လို့ရပါပြီ။ hosting ၀ယ်ပြီး သုံးရင် စိတ်ချရမှု၊ အမြန်နှုံး စတာတွေ ပိုကောင်းနိုင်ပေမဲ့ free hosting တွေမှာသုံးတာလဲ ပြသနာ မရှိပါဘူး။ free hosting ကို ရွေးချယ်တဲ့နေရာမှာ ကြော်ငြာတွေ မပါတဲ့ဟာကို ရွေးချယ်တာ အကောင်းဆုံး ပါပဲ။ ကိုယ့်ဘလော့ဂ်မှာ ပိုက်ပိုက်လဲ မရပဲ ကြော်ငြာတွေ တတ်တတ်လာတာ အတော် စိတ်ပျက်ဖို့ ကောင်း ပါတယ်။ အချို့ hosting တွေမှာ [...]

Cute Profiles Plugin

WordPress ဘလော့ဂ်မှာ ကိုယ့်ရဲ့ Social Profiles လင့်ခ် တွေကို စတိုင်လ်ကျကျ ဖော်ပြထားချင်တယ်ဆိုရင် Cute Profiles Plugin က အတော်အဆင်ပြေပါတယ်။ ဘလော့ဂ်ရဲ့ ဘယ်ဖက် သို့မဟုတ် ညာဖက် မှာ သပ်သပ်ရပ်ရပ် ဖော်ပြပေးတာဖြစ်လို့ Sidebar မှာ Widget များများ ထည့်ထားသူတွေအတွက်လဲ နေရာလွတ် ပိုမိုရရှိစေမှာ ဖြစ်ပါတယ်။ ပလက်အင် အသုံးပြုပုံလဲ ရိုးရှင်းလွယ်ကူပါတယ်။ ပလပ်အင် အက်တစ် လုပ်ပေးပြီးရင် Settings ရဲ့ အောက်မှာ Cute Profiles ဆိုတာ တွေ့ရပါလိမ့်မယ်။ အဲဒီမှာ မိမိရဲ့ Social Profiles တွေကို ဖြည့်ပေးလိုက်ယုံပါပဲ။ နမူနာအဖြစ် ဘလော့ဂ်ဘယ်ဖက်မှာ တင်ပြထားတာကို ကြည့်နိုင်ပါတယ်။ အသုံးပြုပုံနဲ့ အသေးစိတ် အချက်အလက်များကို [...]

Widget Logic Plugin

ဘလော့ဂ်ရေးရမှာလဲ ပျင်း ၊ အရင်လို ကလိချင်စိတ်တွေလဲ ကုန်ခန်းနေတော့ ဘလော့ဂ်ကို ပစ်ထားမိတာ အတော်ကြာသွားတယ်။ ကောင်းမယ်ထင်လို့ ညွှန်းပေးခဲ့မိတဲ့ Free Hosting တွေကြောင့် ရေးဖော်ရေးဖက် Wordpresser အချို့ရဲ့ ပို့စ်တွေ ကောမန့်တွေ ပျောက်ဆုံးသွားရတာလဲ ရေးချင်စိတ်တွေ ပိုမိုကုန်ဆုံးသွားစေခဲ့တယ်။ အခုအချိန်မှာ Wordpress နဲ့ ဘလော့ဂ်ရေးချင်သူတွေကို mmgenius.com တို့လို ကိုယ့်မြန်မာအချင်းချင်း ဆားဗစ်ပေးတာမျိုးမှာပဲ ရေးဖို့ တိုက်တွန်းချင်ပါတယ်။ ကိုယ်တိုင် စိတ်ကြိုက် တည်ဆောက်ပြီး ကလိချင်တယ် ရေးချင်တယ် ဆိုရင်တော့ Premium Hosting တွေကို အသုံးပြုနိုင်မှ စိတ်ချရမယ်။ Free Hosting တွေကို သုံးမယ်ဆိုရင်တော့ Backup ကို နာနာလုပ်ပေးဖို့ အရမ်းအရေးကြီးပါတယ်။ မရေးတော့ဘူးလို့ စဉ်းစားထားပေမယ့် ဘလော့ဂ်ကို [...]