Best free hosting for WP

WordPress အတွက် Free Hosting ခပ်ကောင်းကောင်းလေး ရှာနေတာ ကြာပါပြီ။ အခုလို သုံးနေကျ byethost (iblogger.org) ကလဲ နှေးလိုက် ပျက်လိုက် ဖြစ်နေတော့ အရင်က လုပ်ထားတာလေးကို ဖုန်ခါပြီး ads , banner တွေ မပါတဲ့ အောက်ဖော်ပြပါ free hosting 5 ခုကို စမ်းကြည့်ခဲ့ပါတယ်။


http://000webhost.com

http://freehostia.com

http://byethost.com

http://agilityhoster.com

http://hostsnake.com

hosting တွေကို အဓိကအားဖြင့် speed မြန်မမြန်၊ ကိုယ်ပိုင် domin သုံးလို့ရမရ၊ sub-domain မည်မျှခွဲနိုင်မှု၊ mysql server အရေအတွက်၊ file size limit အနည်းအများ၊ sendmail ရမရ (ခေါ်တာမှန်မမှန်မသိ) နှင့် outgoing http request ရမရ (ခေါ်တာမှန်မမှန်မသိ) တို့ကို အဓိကထားပြီး ချိန်ထိုးကြည့်ခဲပါတယ်။

အဲဒီအထဲမှာမှ ကျွန်တော် အကြိုက်ဆုံးကတော့ 000webhost ပါပဲ။ သူပေးတဲ့ custom domain သုံးနိုင်မှု၊ sub-domain ကြိုက်သလိုခွဲနိုင်မှု၊ ဒိုမိန်းတစ်ခုကို mysql server 5 ခုပေးမှု တို့ဟာ လုံလောက်တဲ့အပြင် အမြန်နှုံးလဲ မဆိုးလှပါဖူး။ သူ့ကို ကြိုက်တဲ့ အဓိကအကျဆုံးအချက်က sendmail နဲ့ outgoing http request ကို အဆင်ပြေပြေ support ပေးတာကိုပါ။

ကျွန်တော်တို့ wordpress တင်ပြီးရင် ဘလော့ဂ် တည်ဆောက်ပြီးကြောင်း နဲ့ username password ကို အီးမေးလ် ပို့ပေးနိုင်တာ 000webhost နဲ့ byehost တို့ပဲ support လုပ်ပါတယ် (sendmail)။ ဒီ feature မပါခဲ့ရင် ဘလော့ဂ် password မေ့သွားတယ်ဆို ဒုက္ခရောက် ပါတော့တယ်။ ဒါ့အပြင် forum တွေ တည်ဆောက်တဲ့ နေရာမှာလဲ အရမ်းအရေးကြီးပါတယ်။ forum ကို user တစ်ယောက်က register လုပ်လို့မှ confirmation email ကို မပို့ပေးနိုင်ရင် ဘယ်လိုလုပ်မလဲဗျာ။

Wordpress မှာ သုံးမဲ့ plugins တွေအတွက် (outgoing http request) လိုအပ်ပါတယ်။ ဒီကောင်ကို support လုပ်မှ plugins အချို့ရဲ့ feature ကို အပြည့်အ၀ သုံးနိုင်မှာပါ။ ကျွန်တော်တို့ Akismet plugins ကို Activate လုပ်ရင် byethost မှာ အဆင်မပြေတာ ဒီဟာ support မလုပ်လို့ပါ။ ဒါ့အပြင် wordpress dashboard မှာ wp အတွက် သတင်းတွေ၊ သုံးထားတဲ့ plugins version အသစ်တွေ ထွက်ခဲ့ရင် အော်တို အသိပေးတာတွေကို ဒီကောင်မရှိရင် မတွေ့ရနိုင်ပါဘူး။ (outgoing http request) ကို support လုပ်တဲ့ hosting တွေက 000webhost အပြင် freehostia မှလဲ ရနိုင်ပါတယ်။ agilityhoster နဲ့ hostsnake တို့ကတော့ တစ်ခုမှ support မပေးပါဘူး။

နောက်တစ်ခု wordpress ကို xml နဲ့ backup လုပ်ထားပြီး import လုပ်ရာမှာ အကောင်းဆုံးက freehostia ပါ၊ 8MB အထိ လက်ခံပေးနိုင်ပါတယ်။ 000webhost နဲ့ agilityhoster တို့က 2MB စီနဲ့ byethost ကတော့ 1MB ပဲရပါတယ်။ hostsnake က 2MB လို့ပြောထားပေမယ့် တကယ်တန်း import လုပ်တော့ mysql error တတ်ပါတယ်။ import ကိုလုပ်လို့မရပါဘူး။

File size limit မှာတော့ byethost နဲ့ hostsnake တို့က 10MB စီ၊ 000webhost က 5MB အထိ အကြီးဆုံး တင်လို့ရပါတယ်။ freehostia နဲ့  agilityhoster တို့ကတော့ 500KB ပဲပေးလို့ နည်းလွန်းလှပါတယ်။ backup ဖိုင်တွေ ထားမယ်ဆိုရင် အတော်စဉ်းစားရမှာပါ။ free hosting တွေရဲ့ site traffic (bandwidth) အတွက် ပေးထားတဲ့ limit တွေက 5GB ကနေ 300GB အထိဆိုတော့ အနည်းဆုံးဖြစ်တဲ့ 5GB ကိုတောင် ကျွန်တော်တို့ သုံးလို့ ကုန်မယ်မထင်ပါဘူး။ ဟီး.. ဒီလောက်သာ ကိုယ့်ဘလော့ဂ်ကို လူဖတ်များရင်တော့ google ကိုရောင်းမလား၊ microsoft ကိုရောင်းမလား အိမ်မက်မက်လို့ရပီ :P

ဘလော့ဂ်ရဲ့ အမြန်နှုံးကို speed test website တွေနဲ့ စမ်းတဲ့အခါမှာ 000webhsot က အမှတ်အများဆုံးနဲ့ ရှေ့ကပြေးနေပြီး ကျန်တဲ့ 3ခုက အမှတ်သိပ်မကွာပဲ ပိန်မသာလိမ်မသာ အနေအထားမျိုးကို တွေ့ရပါတယ်။ hostsnake ကိုတော့ XML နဲ့ import လုပ်လို့ မရတဲ့ အပေါ်မှာ ထည့်ပြီး မစမ်းသပ်ခဲ့တော့ပါဘူး။ အိမ်က ကွန်ပြူတာနဲ့ အမြန်နှုံးကို စမ်းတဲ့အခါလဲ 000webhost ကပဲ ပထမ ပြေးနေပြီး agilityhoster က နောက်က လိုက်နေပါတယ်။ သူ့တို့နောက်မှာမှ freehostia နဲ့ byethost တို့က ပိန်မသာ လိမ်မသာ ပေါ့ဗျာ။ ကျွန်တော် အမြန်နှုံးကို စမ်းတာ စနစ်မကျပဲ လိုက်အပ်ချက်တွေ အများကြီးရှိပါတယ်။ hosting တွေရဲ့ အချိန်တခုနဲ့ တခုမှာ ကွာဟချက်တွေလဲ ရှိနိုင်ပါသေးတယ်။ WP အပါအ၀င် CMS တွေဟာ mysql server နဲ့ အမြဲ ဆက်သွယ် အလုပ်လုပ်နေရတော့ mysql server ရဲ့ အမြန်နှုံးဟာ အရမ်းအရေးပါ ပါတယ်။ အဲဒါကိုလဲ ဘယ်လိုစမ်းရမှန်း ကျွန်တော်မသိပါ။ နောက်တခုက hosting ရဲ့ uptime နဲ့ reliable ပါ။ ဒါတွေကတော့ အချိန်တခုပေးမှ သိနိုင်မှာဖြစ်ပါတယ်။ တကယ်တန်း အရေးကြီးဆုံး အချက်က ကျွန်တော်တို့ ရွှေပြည်မှာ ဘယ်လောက် သုံးလို့ အဆင်ပြေလဲ ဆိုတာပါ။ ရွှေပြည်က ဘော်ဒါတွေ ကျွန်တော်စမ်းဖို့ လုပ်ထားတဲ့ blog လေးခုရဲ့ အမြန်နှုံးကို အချိန်ရရင် ကူညီ စမ်းကြည့်ပြီး ပြောပြပေးကြဖို့ မေတ္တာရပ်ခံပါတယ်။

ကျွန်တော်စိတ်ကြိုက်ကတော့ အမြန်နှုံး အကောင်းဆုံးနဲ့ feature တွေအစုံလင်ဆုံး ပေးနိုင်တဲ့ 000webhost ပါပဲ၊ အမြန်နှုံး တတိယ နေရာလောက်မှာပဲ ရှိပေမဲ့ out going http request ပေးနိုင်တဲ့ freehostia ကို ဒုတိယ ကြိုက်ပါတယ်။ byethost ကိုတော့ အခုတလော mysql server ပြသနာတွေ၊ down time တွေကြောင့် စိတ်တော်တော် ပျက်နေပြီး၊ အသုံးမကျတဲ့ hostsanke ကတော့ နောက်ဆုံးပိတ်ပေါ့ဗျာ။ ဘယ်လိုပဲဖြစ်ဖြစ် free hosting တွေကတော့ စိတ်မချရပါဘူး။ google, msn တို့လို ဘီလူးကြီးတွေ free service ပေးရင် ဖြစ်ဖြစ်၊ တစ်လ 6-7 ကျပ်လောက်ပေးရတဲ့ bluehost, dreamhost တို့လိုမှာ ဖြစ်ဖြစ် မသုံးသ၍ကတော့ ပြသနာ အနည်းအများ ဖြေရှင်းနေရဦးမှာပါ။ ဒါပေမယ့် အဲဒီလို ပြသနာတွေကို ဖြေရှင်းရတာကလဲ ပျော်စရာ တစ်ခု မဟုတ်လားဗျာ။ :D

—Wordpress Test Blog—

http://mmwp.890m.com

http://mmwordpress.freehostia.com

http://mmwp.iblogger.org

http://mmwordpress.mypressonline.com

Creative Commons License
This work is licensed under a Creative Commons Attribution.

About the Author

admin

3 Responses to “ Best free hosting for WP ”

  1. ကျွန်တော် လက်ရှိ iblogger ကနေ 000webhost ကို file တွေ database တွေ ဘယ်လို transfer လုပ်ရလဲဗျ။ ကူညီပါဦး။ 000webhost ရဲ့ cpanel က bytethehost တို့ phpnet တို့ထက် အဆင်ပြေတာတော့ အမှန်ပဲဗျ။

  2. ဂွတ်ထ. ပဲ ကိုသင်္ကြန်ရေ။ အချိန်ပေးပြီး လုပ်နိုင်တယ်ဗျာ။ ဘာမှကို ပြောစရာမရှိပါဘူး.။ ပြီးပြည့်စုံတဲ့ ဆောင်းပါးတစ်ပုဒ်ပါပဲ။ မြန်မာဝါ့ဒ်ပရက်စ် ဘလော့ဂါတွေ အတွက် တစ်ထိုင်တည်းနဲ့ ဘာလုပ်ရမယ်ဆိုတာ ပိုင်ပိုင်နိုင်နိုင်သိစေနိုင်တဲ့ ဆောင်းပါးမျိုးပါပဲ။ တစ်ကယ် အကျိုးပြုပါတယ်။

    ဒီဆောင်းပါးဖတ်ပြီး MySQL Server ရဲ့ အမြန်နှုန်းနဲ့ ဆိုင်တာတွေ လိုက်ရှာလိုက်တာ. အဲဒီ Speed ကတော့ မူရင်း Hosting Company နဲ့ပဲ ဆိုင်ပါတယ်တဲ့ဗျာ။ Premium Hosting တွေဆိုရင်တော့ သက်ဆိုင်ရာ ဆိုဒ်ကိုလှမ်း အကြောင်းကြားခြင်း ဖြင့် ဖြေရှင်းလို့ရပါတယ် လို့ MySQL Forum မှာ ရေးထားတာကို ဖတ်လိုက်ရတယ်ဗျ။ ကျုပ်တို့ကတော့ Free Hosting တွေဆိုတော့. ကိုသင်္ကြန်ပြောသလိုပဲ ကောင်းတာလေးပဲ ရွေးသုံးရမှာပေါ့ဗျာ။ :D
    ကျေးဇူး ကိုသင်္ကြန် ဒီဆောင်းပါးအတွက်

  3. ကျနော် အခုလောလောဆယ်တော့ http://www.metrohosting.info ကို သုံးနေတယ် … Byet က စပွန်ဆာ လုပ်ထားတာပဲလေ … ဒါပေမဲ့ storage, MySQL, bandwidth ပိုများများ ပေးထားတယ် … အစ်ကို ပြောတာ ဟုတ်တယ် … Byet က downtime တွေက စိတ်ပျက်ဖို့ ကောင်းတယ် … ဒါပေမဲ့ ဒိုမိန်း ၀ယ်နိင်သေးတော့ သူပဲ သုံးရတာပဲပေါ့ …
    သူ sub-ဒိုမိန်း တွေက တစ်ခြားဟာတွေနဲ့မတူ မှတ်ရလွယ်တယ်၊ impressive လည်း ဖြစ်တယ်လေ ဥပမာ isgreat.org,iblogger.org လိုမျိုး… Hostsnake ကလွဲပြီး ကျန်တာတွေ စမ်းဖူးတယ် … Hostia က တော်တော်နေးတယ် …
    တစ်ခြားတော်တော်များများလည်း စမ်းဖူးတယ်

    http://www.100webspace.com
    http://www.110mb.com (Without MySQL) Flatpress သုံးတုန်းက စမ်ုးကည့်တာ …
    http://www.i6networks.com
    http://www.ismywebsite.com/( Need to submit )
    http://www.gigacities.net
    http://www.awardspace.com/
    http://12gbfree.com/

    အင်း Google က Free Hosting service ပေးရင်တော့ကောင်းသား …. :D

Leave a Reply

You can use these XHTML tags: <a href="" title=""> <abbr title=""> <acronym title=""> <blockquote cite=""> <code> <em> <strong>