Article


Google webmaster tools

“သင့်ရဲ့ Website သို့ Blog ကို သင့်စိတ်ကြိုက် Keyword နဲ့ Search Engine တွေမှာ ရှာမတွေ့နိုင်ဘူးဆိုရင် အွန်လိုင်းကမ္ဘာမှာ သင်.. တကယ် မရှိသေးပါဘူး” ဆိုတဲ့ စကားတစ်ခွန်း ကြားဖူးတယ်။ ဒါဟာ Webmaster, Blogger တွေအတွက် မှန်ကန်တဲ့ စကားပါပဲ။

ကျွန်တော်တို့ Blog ရေးရာမှာ ရည်ရွယ်ချက်အမျိုးမျိုးနဲ့ ရေးကြတယ်။ ဒါပေမယ့် ဘလော့ဂ်ဂါ အားလုံးရဲ့ တူညီစိတ် တစ်ခုကတော့ မိမိ Blog ကို လာဖတ် စေချင်ကြတာပါပဲ။ Website, Blog ကို Traffic များအောင်၊ လူသိများအောင် လုပ်ဖို့ရာမှာ Search engine တွေရဲ့ အခန်းကဏ္ဍဟာ အရေးပါလာ ပါတော့တယ်။ ဒါကြောင့်မို့လဲ SEO လို့ခေါ်တဲ့ Search engine optization ၀င်ဆောင်မှု ပြုလုပ်ပေးတဲ့ ကုမ္ပဏီတွေ အလျှိုလျှို ပေါ်ပေါက်လာရတာ ဖြစ်ပါတယ်။

Google အပါအ၀င် Yahoo, MSN တို့လို Search engine တွေမှာ Webmaster တွေအတွက် အကူအညီပေးမယ့် Tools တွေရှိပါတယ်။ ၄င်း Tools တွေကို အကျိုးရှိရှိ အသုံးချခြင်းနဲ့ မိမိတို့ Site ကို Search engine တွေရဲ့ အပေါ်ပိုင်းကို ရောက်အောင် အတိုင်းအတာ တခုအထိ အကူအညီ ပေးနိုင်ပါတယ်။ ကမ္ဘာ့အသုံးအများဆုံးဖြစ်တဲ့ Google ရဲ့ Webmaster tools တွေကို ကျွန်တော်တို့ လေ့လာ ကြည့်ကြရအောင်…။

Read more »

FTP အတွက် FireFTP add-on

website ဒါမှမဟုတ် wordpress blog တစ်ခုလောက် လုပ်မယ်ဆိုလျှင် မသိထားရင် မဖြစ်တာက ftp program တွေပါ။ မိမိ website ကို လိုအပ်သလို ပြင်ဆင်ပြောင်းလဲဖို့အတွက် web server နဲ့ ဆက်သွယ်လုပ်ဆောင်တဲ့အခါ ftp program တွေနဲ့လုပ်မှ အဆင်ပြေမြန်ဆန်မှာပါ။ cute FTP တို့လို shareware program တွေ၊ filezilla တို့လို open source တွေ အများကြီးရှိတဲ့အထဲမှာ ညွှန်းချင်တာကတော့ FireFTP ဆိုတဲ့ firefox browser add-on လေးပါ။ 135KB ပဲရှိတဲ့ ရေနဂါးလေးက ftp program တစ်ခုလုပ်ဆောင်နိုင်တာတွေကို ပေါ့ပေါ့ပါးပါးလေးနဲ့ လုပ်ဆောင် ပေးနိုင်ပါတယ်။ FireFTP အသုံးပြုပုံကို ကြည့်ရအောင်…
Read more »

000webhost

000webhost မှာ sign up လုပ်မယ်ဆိုရင် ပုံ(၁) မှာ ပြထားတဲ့အတိုင်း sign up သို့မဟုတ် အပေါ်က order now မှာ click လုပ်ပေးရမှာဖြစ်ပါတယ်။

Read more »

Domain name ဆိုတာ…

Domain name ဆိုတာ လွယ်လွယ်ပြောရရင် အင်တာနက် လိပ်စာ ပေါ့ဗျာ။ abcd.com , wxyz.org ဒါမျိုးတွေဟာ ဒိုမိန်း နိမ်း ပေါ့။ browser ရဲ့ address မှာ ဒိုမိန်းနိမ်းကို ရိုက်ပေးလိုက်ရင် အဲဒီ ဒိုမိန်းနိမ်းကို အသုံးပြုထားတဲ့ blog တွေ၊ website တွေကို browser က ဖတ်ရှုနိုင်အောင် ဖော်ပြပေးပါလိမ့်မယ်။


ဒိုမိန်းနိမ်း မှာ ခွဲခြားထားတာလေးတွေ ရှိပါတယ်။ ဥပမာ abcd.com ဆိုပါတော့။ abcd.com ရဲ့ .com ဆိုတာကို Top Level Domain Name (TLD) လို့ခေါ်ပါတယ်။ TLD ထဲမှာမှ .com , .net , .org စတဲ့ အများဆုံး သုံးကြတာကို (General Top Level Domains: gTLDs)။ သက်ဆိုင်ရာနိုင်ငံကို ကိုယ်စားပြုတဲ့ ဥပမာ .com.mm (မြန်မာ), .com.jp (ဂျပန်), .co.uk (အင်္ဂလန်), co.th (ထိုင်း) ဆိုတာမျိုးတွေကိုတော့ (Country Code Top Level Domains: ccTLDs) ဆိုပြီး ခွဲထားပါသေးတယ်။

Read more »

Best free hosting for WP

WordPress အတွက် Free Hosting ခပ်ကောင်းကောင်းလေး ရှာနေတာ ကြာပါပြီ။ အခုလို သုံးနေကျ byethost (iblogger.org) ကလဲ နှေးလိုက် ပျက်လိုက် ဖြစ်နေတော့ အရင်က လုပ်ထားတာလေးကို ဖုန်ခါပြီး ads , banner တွေ မပါတဲ့ အောက်ဖော်ပြပါ free hosting 5 ခုကို စမ်းကြည့်ခဲ့ပါတယ်။

Read more »