Thing I love to do

Canon EOS 350D Mark III

Canon EOS 350D Mark III

ကင်နွန် 350D ဒစ်ဂျစ်တယ် ကင်မရာ သုံးနေသူတွေအတွက် သတင်းကောင်းတခုပါ။ ဟောင်းနွမ်းပြီဖြစ်တဲ့ 350D မှာ နောက်ပိုင်းထွက် အဆင့်မြင့်မော်ဒယ် များမှာလို Spot Metering , ISO 3200 , ဓါတ်ပုံပေါင်း ဘယ်လောက်ရိုက်ထားသလဲ ဆိုတဲ့ Shutter release count ဖန်ရှင်တွေ မပါဝင်ပါဘူး။ အဲဒီ အဆင့်မြင့် ဖန်ရှင်တွေကို သုံးလို့ရအောင် Hack လုပ်လို့ရနိုင်ပြီ။ ကင်မရာမှာ အသုံးပြုမယ့် CF Card 4GB နှင့်အောက် အရွယ်အစားတွေအတွက် အောက်ပါအတိုင်းလုပ်ရပါမယ်။

1. Camera ရဲ့ Firmware က V1.0.3 ဖြစ်ရပါမယ်။

2. ကွန်ပြူတာမှာ CF Card ကို Format ရိုက်ပြီး scanled.fir ဖိုင်ကို ကဒ်ထဲကူးထည့်ပါမယ်။ ကဒ်ကို ကင်မရာထဲထည့်ပြီး Update Firmware လုပ်ပေးပါမယ်။ ဒီအဆင့်မှာ အချိန်အနည်းငယ်ကြာပါတယ်။ Firmware update program / CF card containing firmware is required to update. ဆိုပြီး LCD မှာ ပေါ်နေပါမယ်။ ဆယ်မိနစ်လောက်ဒီတိုင်းထားပြီး ကင်မရာကို ပိတ်လိုက်ပါမယ်။ < ကင်မရာကို CF Card မှတဆင့် Boot လုပ်နိုင်အောင် Hack လုပ်ခြင်းဖြစ်ပါတယ် >

3. CF Card ကို Cardtricks Program နဲ့ Format ရိုက်ပါမယ်။ Bootable ဖြစ်အောင် Make Bootable ကိုနှိပ်ပေးရပါမယ်။ ပြီးရင် autoexec.bin ဖိုင်ကို ကဒ်ရဲ့ root မှာ ကူးထည့်ပါမယ်။

4. CF Card ကို ကင်မရာ ထဲထည့်ပြီးဖွင့်ပါမယ်။ မီး အနီ နဲ့ အပြာ တစ်ချက်စီလင်းရင် Hack လုပ်တာ အောင်မြင်ပါပြီ။

5. ISO ပြောင်းမယ်ဆိုရင် INFO ကိုနှိပ်ပြီး Arrow Key နဲ့ ပြောင်းရပါမယ်။

6. Shutter Release Count ကြည့်မယ်ဆိုရင် MENU နှိပ်ပြီး Direct Print ကိုနှိပ်ပါမယ်။ မီးတချက်လင်းလာပါလိမ့်မယ်။ ဓါတ်ပုံပေါင်း ဘယ်လောက်ရိုက်ထားပြီးပြီ ဆိုတာ CF Card ထဲက shutter.txt ဆိုတဲ့ ဖိုင်မှာ ဖော်ပြထားပါလိမ့်မယ်။

7. Spot Metering သုံးမယ်ဆိုရင် MENU နှိပ်ပြီး AE Lock <*> ကို နှိပ်ရပါမယ်။ ပုံမှာပြထားတဲ့ အိုင်ကွန်လေး ပျောက်သွားရင် Spot Meter သုံးဖို့ အဆင်သင့်ဖြစ်ပါပြီ။

ကျွန်တော် လုပ်ကြည့်တာတော့ အားလုံးအဆင်ပြေပါတယ်။ ဖန်ရှင်တွေ အကုန်လုံး အလုပ်လုပ်ပါတယ်။ သူက ကင်မရာ က boot လုပ်ရမယ့်အစား CF ကနေ boot လုပ်တာ ဖြစ်တဲ့အတွက် hack မလုပ်ထားတဲ့ပုံမှန် CF ကဒ် နဲ့သုံးရင် camera default အတိုင်း သုံးလို့ရမှာဖြစ်ပါတယ်။ firmware ကို CF က Boot လုပ်လို့ရအောင်လေးပဲ hack လုပ်တာဖြစ်လို့ ကင်မရာအတွက် အန္တရယ်သိပ်မရှိဘူးလို့ထင်ပါတယ်။ လိုအပ်တဲ့ ဖိုင်တွေအားလုံးကို စုစည်းပေးထားပါတယ်။ CF Card 4GB အထက်တွေအတွက် CHDK forum မှာ ရှာကြည့်နိုင်ပါတယ်။
Download 350D_hack.zip

မှတ်ချက်။ thaiDphoto.com နှင့် CHDK forum တို့မှ ရယူတင်ပြပါသည်။

Popularity: 10% [?]