Tips & Tricks


URL Redirect

ကျွန်တော်တို့ မြန်မာ ဘလော့ဂါ တွေ အကြောင်းကြောင်းကြောင့် (သိတော်မူကြတဲ့အတိုင်း) ဘလော့ဂ် လိပ်စာပြောင်း (အိမ်ပြောင်း) ကြလေ့ရှိပါတယ်။ ကျွန်တော်ဆိုရင်လဲ Blogspot က WordPress , WordPress က iblogger, iblogger က mmwordpress ဆိုပြီး ပြောင်းခဲ့တာ ၄ ခါတောင် ရှိပြီ။ ဘလော့ဂ်လိပ်စာ (url) ပြောင်းတဲ့ အခါ လာလည်တဲ့လူတွေ အခက်အခဲ မရှိစေဖို့ url redirect လုပ်ပေးထားနိုင်ပါတယ်။ ဒါဆိုရင် လိပ်စာဟောင်း ကို သွားလဲ အိမ်သစ် ဆီကို အော်တိုရောက်လာကြမှာ ဖြစ်ပါတယ်။ Blogger ကနေ အခြားကို ပြောင်းဖို့ အတွက် Template ရဲ့ အစပိုင်း <head> နဲ့ </head> ကြားမှာ

Read more »

Private WP

Self-hosted WordPress blog ကို Blogger မှာလို Private လုပ်ထားချင်ပါသလား… ? လွယ်ပါတယ် Pirvate WP ဆိုတဲ့ Plugin သုံးကြည့်ပါ။ Plugin ကို Activate လုပ်လိုက်ရင် Sign in လုပ်မှ ကြည့်လို့ရမှာဖြစ်ပြီး ပုံအမှန်အတိုင်း ပြန်ထားချင်ရင် Deactivate ပြန်လုပ်ပေး လိုက်ယုံပါပဲ :)

Wordpress blog အတွက် favicon

left

browser ရဲ့ url မှာ favicon လေးတွေကို အချို့လဲ သတိထားမိကြပါလိမ့်မယ်။ google ဆိုရင် G ပုံ၊ yahoo ဆိုရင် Y နဲ့ blogger ကျပြန်တော့ B ပုံ အစရှိသည်ဖြင့်ပေါ့။ ကျွန်တော်တို့ wordpress blog တွေမှာလဲ နှစ်သက်ရာ favicon လေးတွေကို လွယ်လွယ်ကူကူနဲ့ ထည့်သွင်းနိုင်ပါတယ်။

အဆင့်(၁) မိမိနှစ်သက်ရာ အလျားxအနံတူ ပုံတခုကို photoshop သို့မဟုတ် နှစ်သက်ရာ image editor တခုခုမှာ jpg, bmp,png format တွေနဲ့ ပြုလုပ်ရပါမယ်။
Read more »

Free domin name


ဝက်ဆိုဒ်ပဲဖြစ်ဖြစ်၊ ဘလော့ဂ်ပဲဖြစ်ဖြစ် ကိုယ်ပိုင် ဒိုမိန်းနာမည်နဲ့ သုံးချင်သူများအတွက် free service တစ်ခုတွေ့လို့ လက်တို့ လိုက်ပါတယ်။ အပြည့်အစုံကို ဒီနေရာမှာ ကြည့်ရှုနိုင်ပါတယ်။

How to Install Wordpress Locally

How to Install Wordpress Locallyဒီနေ့တော့ Wordpress ကို Internet Connection ရှိစရာမလိုပဲ ကိုယ့် စက်ထဲမှာ Install လုပ်၊ အသုံးပြုတဲ့နည်း အကြောင်းပြောချင်ပါတယ်။ ဒီနည်းကို အသုံးပြုပြီး Web Developer တွေအနေနဲ့ မိမိရဲ့ Design တွေ၊ မှန်မမှန် ပြန်လည်စစ်ဆေးခြင်း တွေ၊ ပြုပြင်ခြင်းတွေကို အလွယ်တစ်ကူ ပြုလုပ်လို့ ရသလို၊ Blogger တွေ အနေနဲ့လည်း မိမိရဲ့ Blog ကို Maintenance လုပ်တာ၊ ပို့စ်အနေအထားတွေ၊ နောက် မိမိစမ်းသပ်လိုတဲ့ Widget တွေ၊ Coding အချို့တွေကို လည်း အင်တာနက်ပေါ်တွင် မိမိဘလော့ဂ် အား တက်မပြင်မှီ မစမ်းသပ်မှီ Rehearsal အနေနဲ့ အလွယ်တစ်ကူ စမ်းသပ်ပြုပြင်လို့ရစေပါတယ်။ တစ်ခါတစ်လေ အင်တာနက် မရှိတဲ့ အချိန်၊ ချို့ယွင်းမှုဖြစ်နေတဲ့ အချိန် ဒါမမဟုတ် အင်တာနက်မရှိတဲ့ နေရာရောက် နေလို့ဆိုပြီး ကိုယ့်ဘလော့ဂ်ကို ဘာမှမလုပ်နိုင်ပဲ ပစ်ထားရတဲ့ အခြေအနေမျိုးကလည်း ရှောင်ရှားနိုင်ပြီး အင်တာနက်ရတာနဲ့တပြိုင်နက် မိမိရဲ့ Update တွေကို ချက်ချင်းလက်ငင်း အသုံးပြုစေ နိုင်ပါတယ်။
Wordpress ကို Localhost အနေနဲ့ Run ဖို့အတွက် ယခင်က Apache,PHP,My SQL စတာတွေကို မိမိဘာသာမိမိ တစ်ခုချင်းလိုက်လံ ရှာဖွေဒေါင်းလုဒ် လုပ်ပြီး၊ တစ်ခုချင်းကို မိမိစက်ထဲမှာ မှန်ကန်စွာ Run ပြီးသကာလ Apache ကို အခြေခံသော Local Host Server တစ်ခုကို မိမိစက်ထဲမှာ အရင်တည်ဆောက်ရပါတယ်။ ယခုတော့ အထက်ပါ အလုပ်(၃) မျိုးကို ခေါင်းစား၊ အချိန်ကုန်ခံပြီး လုပ်နေစရာ မလိုတော့ပါဘူး။ AIO လို့ခေါ်တဲ့ အထက်ပါ ဆော့ဖ်ဝဲလ် (၃) မျိုးလုံးပါတဲ့ Installer Package တွေ အမျိုးအစားစုံ Freeware အနေနဲ့ ထွက်ရှိနေကြပြီဖြစ်ပါတယ်။ Web Developer တွေတင်မက သာမန် စားသုံးသူတွေ၊ Blogger တွေ၊ လေ့လာသူတွေ အတွက်ပါ အရမ်းကို အဆင်ပြေ ကောင်းမွန်တဲ့ ၊ လွယ်ကူမှု အပြည့်ရှိစေတဲ့ ၀န်ဆောင်မှုတွေပါပဲ။

နိဒါန်းနည်းနည်းရှည်သွားပါပြီ။ Wordpress ကို Local Host မှာ Run ဖို့အတွက် အောက်ပါနေရာမှာ XAMPP လို့ခေါ်တဲ့ PHP AIO Software Package တစ်ခုကို ဒေါင်းလုဒ်လုပ်ပါ။ ဒေါင်းလုဒ်လုပ်တဲ့ နေရာမှာ Latest Version ဖြစ်ဖို့နဲ့ Installer ဆိုတဲ့ Package ကိုအထူးသတိထား ရွေးချယ်ဖို့ တိုက်တွန်းလိုပါတယ်။

Read more »