Tools & Resources

WordPressMU

WordPressMU ဆိုတာ register လုပ်ယုံနဲ့ WordPress Blog တစ်ခု အဆင်သင့် သုံးလို့ရအောင် လုပ်ပေးနိုင်တဲ့ WordPress.org ရဲ့ ထုတ်ကုန်တစ်ခုပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာ ဘလော့ဂ်လောကမှာလဲ MU နဲ့ service ပေးနေတာ သိသလောက် ၂ ခု ရှိနေပါပြီ။ mzblog.net, mmgenius.com တို့မှာ စမ်းသုံးကြည့်နိုင်ပါတယ်။ နောက်ထပ် service ပေးသူ ထပ်တိုးလာဖို့ရှိပါတယ်။ မြန်မာ အချင်းချင်း ဆားဗစ် ပေးတာကြောင့် Install လုပ်ရတာတွေ font ကိစ္စတွေ ဦနှောက်ချောက်စရာ မလိုတော့ပါဘူး။ အလွယ်တကူ အသုံးပြုယုံပါပဲ။ WordPressMU တစ်ခု စမ်းသပ်တည်ဆောက်လိုသူတွေ အတွက် Ebook တစ်ခုတွေ့လို့ share ပေးလိုက်ပါတယ်။ အောက်က လင့်ခ် မှာ download ရယူနိုင်ပါတယ်။

http://wpmututorials.com/installation/installing-wordpressmu-the-e-book/

Popularity: 99% [?]

Blogger to WordPress, WordPress to Blogger

Blog Service တစ်ခုမှ တစ်ခုသို့ Post တွေ Comment တွေ ပြောင်းပေးနိုင်တဲ့ Converter တစ်ခုကို Google Code မှ ဖန်တီးပေးလိုက်ပြီ။ Google Blog Converters ကို အသုံးပြုပြီး Blogger မှ ပို့စ်တွေကို WordPress သို့ ယခင်ထက် ပိုမိုအဆင်ပြေစွာ ပြောင်းလဲ ပို့ဆောင်ပေးနိုင်ပါလိမ့်မယ်။ ထို့အတူပဲ ယခင်က ပြုလုပ်ဖို့ အခက်အခဲများစွာ ရှိတဲ့ WordPress, LiveJournal, Movable Type တို့မှ ပို့စ်တွေ ကောမန့်တွေကို Blogger သို့ ပြောင်းလဲတင်ပို့ ပေးနိုင်ပြီ ဖြစ်ပါတယ်။ အသေးစိတ် အချက်အလက်များကို Google Code မှာ ဖတ်ရှုနိုင်ပြီး လက်တွေ့ စမ်းသပ်ကြည့်ချင်တယ် ဆိုရင်တော့ Blogger2Wordpress နဲ့ WordPress2Blogger တို့မှာ စမ်းသပ်ကြည့်နိုင်ပါတယ်။

Popularity: 69% [?]

Microsoft Windows Live SkyDrive

ဘလော့ဂ်မှာ ပုံတွေ ဖိုင်တွေ တင်ဖို့အတွက် အရင်က Google Page Creator နဲ့ Fileden တို့ကို သုံးခဲ့ပါတယ်။ Freehosting တွေကို စိတ်မချတာရယ် အချို့က ပေးထားတဲ့ Disk Space နည်းတာရယ်ကြောင့်အတွက်ပါ။ Google က စိတ်ချရပေမယ့် 100MB အထိပဲ တင်ခွင့်ပေးပါတယ်။ စိတ်ကြိုက် ဖိုဒါတွေ တည်ဆောက်ခွင့်မရှိပါဘူး။ နောက်ပိုင်း ပုံစံပြောင်းသွားပြီး signup အသစ်တွေဆိုရင် ဖိုင်တွေ ဘယ်နေရာက တင်ရမှန်းတောင် မသိတော့ပါဘူး။ Fileden ကျပြန်တော့လဲ ၃လ ၃၀ ရက် login မ၀င်ရင် ရှိတဲ့ ဖိုင်တွေ အကုန်ဖျက်ပြစ်မယ်ဆိုတဲ့ မဟာ အားနည်းချက်ကြီး ရှိနေပါတယ်။ အခုနောက်ဆုံးတွေ့မိတဲ့ Free Service က တော့ Microsoft ရဲ့ SkyDrive ပါ။ Disk Space ကို 25GB အထိပေးထားပြီး share ပေးမယ့်ဖိုင်၊ private သိမ်းထားချင်တဲ့ဖိုင် အမျိုးမျိုး Permission ပေးထားနိုင်ပါတယ်။ Blog Post တွေမှာလဲ ဆွဲယူအသုံးနိုင်ပါတယ်။ Microsoft ကဆိုတော့ စိတ်ချရမှုအပိုင်းကလဲ ပြသနာရှိမယ် မထင်ပါဘူး။ မြန်မာပြည်ကတော့ Access လုပ်နိုင်မှု အခက်အခဲ ရှိမလားတော့ မပြောတတ်ပါဘူး။ ဘယ်လိုဖြစ်ဖြစ် အလွန်ကောင်းတဲ့ ၀န်ဆောင်မှု တစ်ခု ဖြစ်ကြောင်း ညွှန်းလိုက်ပါတယ်။

Popularity: 51% [?]

Co.cc နဲ့ Blogger

<မှတ်ချက်။ စိတ်ထွက်ပေါက် ဘလော့ဂ်မှ မှီငြမ်းကူးယူဖော်ပြပါသည်။>

Co.cc domain name ကို Blogger မှာသုံးမယ်ဆိုရင်..

# CO.CC : Free Domain မှာ account မရှိရင် sign up လုပ် ရှိရင် sign in….(နင်ပြောမှလား..ဟတ်ဟတ်)
# ပြီးရင် ကိုယ်ကြိုက်တဲ့ နာမည်နဲ့ www.yourname.co.cc ဆိုပြီး လုပ်ပေါ့။ available မဖြစ်ရင်တော့ ထပ်ရှာပေါ့ဗျာ..
# ဟုတ်ပြီ domain ရပြီ register လဲ ပြီးပြီ ဆိုရင်တော့ set up လုပ်ရတော့မယ်။”setup–>Manage domain”
# Manage DNS/Zone Record/URL forwarding တွေရှိတဲ့ အထဲက Zone Record ကိုရွေးမယ်
# ပြီးတော့ Host ဆိုတဲ့ နေရာမှာ ကိုယ်ရွေးထားတဲ့ Domain ကိုထည့်မယ်
# TTL ဆိုတဲ့ နေရာမှာ 1D
# Type မှာ CNAME ကိုရွေး
# Value မှာတော့ “ghs.google.com” ကိုထည့်
# ပြီးရင်တော့ Setup ကိုသာနှိပ်ချလိုက်တော့

co.cc edit zone record

Read more »

Popularity: 40% [?]

FaceMyanmar Social Network

face myanmar

Friendster လား မေ့လိုက်ပါ၊ Facebook လား နားတော့၊ ကိုယ့်မြန်မာအချင်းချင်း မြန်မာလို နွေးနွေးထွေးထွေး ရှိတဲ့ FaceMyanmar Social Network ရှိနေပါပြီ။ ပေါ့ပေါ့ပါးပါး ဘလော့ဂ်လေးရေးမယ်၊ Photo Album လေးတွေ လုပ်မယ်၊ စိတ်ကူးတူ Group လေးတွေဖွဲ့မယ် စတဲ့ Socal Network တစ်ခုမှာ ရှိရမယ့် စွမ်းဆောင်ရည်တွေ ပြည့်ပြည့်စုံစုံ ပေးထားတယ်။ သူများနဲ့မတူချင်တဲ့ ကျွန်တော့်လို မောင်ဖိုးကွန့် တွေအတွက် CSS Code တွေနဲ့ အပြင်အဆင် စိတ်ကြိုက် ကစားလို့ရအောင်လဲ စီစဉ်ပေးထားသေးတယ် :P ။ အစပိုင်းမို့ မင်ဘာ နည်းနေသေးတာတွေ၊ အပျင်းပြေဆော့လို့ရတယ့် Game လေးတွေ မရှိသေးတာတွေ ရှိပေမယ့် မြန်မာစာနဲ့ အဆင်ပြေပြေ သုံးနိုင်တာ တခုတည်းနဲ့ ကျွန်တော်တော့ အမှတ်ပြည့် ညွှန်းလိုပါတယ်။ FaceMyanmar ဟာ အင်တာနက်ပေါ်က မြန်မာတွေ အတွက် လိုအပ်ချက်တစ်ခုကို ဖြည့်ဆည်းပေးလိုက်တာပါပဲ။ ကဲ.. FaceMyanmar မှာ အကောင့်လုပ်ကြရအောင်….

Popularity: 10% [?]