Making Myanmar WordPress Blog
WordPress Install ပြုလုပ်ခြင်း အတွက် အပြည့်အစုံ ကြိုးစားတင်ပြထားပါတယ်။ co.cc ဒိုမိန်းနိမ်းနှင့် 000webhost , freehostia တို့ကို ဥပမာတင်ပြထားပါတယ်။ ဒါ့အပြင် မည်သည့် hosting မှာ မဆို install ပြုလုပ်နိုင်အောင်လဲ ကြိုးစားရှင်းပြထားပါတယ်။ စာအုပ်မှာ…
အခန်း(၁) ။ ။ WordPress ဘလော့ဂ် ပြုလုပ်တည်ဆောက်ခြင်း
(၁) Hosting နှင့် ဒိုမိန်းနိမ်း
(၂) DNS update ပြုလုပ်ခြင်း
(၃) Freehostia ၏ Elefante Fee Scripts ဖြင့် WordPress Install ပြုလုပ်ခြင်း
(၄) WordPress manual installation ပြုလုပ်ခြင်း
အခန်း(၂) ။ ။ Changing WordPress Setting
(၁) Profile and Personal Options
(၂) Setting / Permalinks
အခန်း(၃) ။ ။ WordPress Themes နဲ့ မြန်မာစာ
(၁) မြန်မာဖောင့် Assign ပြုလုပ်ခြင်း
(၂) WordPress Theme ပြောင်းခြင်း
အခန်း(၄) ။ ။ Plugins
ဆိုပြီး အခန်းခွဲခြား တင်ပြထားပါတယ်။ zip သို့ pdf နှစ်သက်ရာ ဒေါင်းလုပ်ချယူနိုင်ပါတယ်။
iblogger မှာ WP upgrade လုပ်မယ်
WordPress 2.5 stable version ထွက်လာပြီ ဆိုတော့ ကျွန်တော်တို့ ဇတ်လိုက်ကြီး iblogger မှာ upgrade လုပ်ကြည့်ကြရအောင်ဗျာ။ ထုံးစံအတိုင်း မမေ့မလျော့ လုပ်ရမှာက backup ပေါ့။ တခုခု ချွတ်ချော်ခဲ့ရင် ကယ်လို့ပြုလို့ ရတာပေါ့။ http://wordpress.org က ဒေါင်းလုပ်ချထားတဲ့ wp installation zip ဖိုင်ကို iblogger ရဲ့ file manager နဲ့ upload တန်းတင်မယ်ဆိုရင် ပြသနာနည်းနည်းလေး ရှိတယ်ဗျ။
Using smilies in wordpress
WordPress ပို့စ်တွေ၊ ကောမန့်တွေမှာ
အစ ရှိတဲ့ smilies လေးတွေကို တွေ့ဖူးကြပါလိမ့်မယ်။ wordpress မှာ build in smilies 22ခု ပါရှိပြီး ပို့စ်မှာ ထည့်သွင်း အသုံးပြုချင်ရင်တော့ အောက်မှာ ပြထားတဲ့အတိုင်း အသုံးပြုနိုင်ပါတယ်။ Read more »
WordPress 2.5 RC1
Wordpess 2.5 RC1 ကတော့ ထွက်လာပြီဗျို့။ upgrade လုပ်မယ်ဆို ဒီမှာ ဒေါင်းလုပ်ချပြီး how to upgrade wordpress ထဲမှာရေးထားသလို သုံးနေတဲ့ hosting ကို upload တင်၊ files တွေကို rewrite လုပ်မလား မေးရင် အိုကေ နှိပ်လိုက်ပေါ့။ အားလုံးပြီးရင် ဘလော့ဂ်ကိုဝင်ကြည့်။
How to Install Wordpress Locally
ဒီနေ့တော့ Wordpress ကို Internet Connection ရှိစရာမလိုပဲ ကိုယ့် စက်ထဲမှာ Install လုပ်၊ အသုံးပြုတဲ့နည်း အကြောင်းပြောချင်ပါတယ်။ ဒီနည်းကို အသုံးပြုပြီး Web Developer တွေအနေနဲ့ မိမိရဲ့ Design တွေ၊ မှန်မမှန် ပြန်လည်စစ်ဆေးခြင်း တွေ၊ ပြုပြင်ခြင်းတွေကို အလွယ်တစ်ကူ ပြုလုပ်လို့ ရသလို၊ Blogger တွေ အနေနဲ့လည်း မိမိရဲ့ Blog ကို Maintenance လုပ်တာ၊ ပို့စ်အနေအထားတွေ၊ နောက် မိမိစမ်းသပ်လိုတဲ့ Widget တွေ၊ Coding အချို့တွေကို လည်း အင်တာနက်ပေါ်တွင် မိမိဘလော့ဂ် အား တက်မပြင်မှီ မစမ်းသပ်မှီ Rehearsal အနေနဲ့ အလွယ်တစ်ကူ စမ်းသပ်ပြုပြင်လို့ရစေပါတယ်။ တစ်ခါတစ်လေ အင်တာနက် မရှိတဲ့ အချိန်၊ ချို့ယွင်းမှုဖြစ်နေတဲ့ အချိန် ဒါမမဟုတ် အင်တာနက်မရှိတဲ့ နေရာရောက် နေလို့ဆိုပြီး ကိုယ့်ဘလော့ဂ်ကို ဘာမှမလုပ်နိုင်ပဲ ပစ်ထားရတဲ့ အခြေအနေမျိုးကလည်း ရှောင်ရှားနိုင်ပြီး အင်တာနက်ရတာနဲ့တပြိုင်နက် မိမိရဲ့ Update တွေကို ချက်ချင်းလက်ငင်း အသုံးပြုစေ နိုင်ပါတယ်။
Wordpress ကို Localhost အနေနဲ့ Run ဖို့အတွက် ယခင်က Apache,PHP,My SQL စတာတွေကို မိမိဘာသာမိမိ တစ်ခုချင်းလိုက်လံ ရှာဖွေဒေါင်းလုဒ် လုပ်ပြီး၊ တစ်ခုချင်းကို မိမိစက်ထဲမှာ မှန်ကန်စွာ Run ပြီးသကာလ Apache ကို အခြေခံသော Local Host Server တစ်ခုကို မိမိစက်ထဲမှာ အရင်တည်ဆောက်ရပါတယ်။ ယခုတော့ အထက်ပါ အလုပ်(၃) မျိုးကို ခေါင်းစား၊ အချိန်ကုန်ခံပြီး လုပ်နေစရာ မလိုတော့ပါဘူး။ AIO လို့ခေါ်တဲ့ အထက်ပါ ဆော့ဖ်ဝဲလ် (၃) မျိုးလုံးပါတဲ့ Installer Package တွေ အမျိုးအစားစုံ Freeware အနေနဲ့ ထွက်ရှိနေကြပြီဖြစ်ပါတယ်။ Web Developer တွေတင်မက သာမန် စားသုံးသူတွေ၊ Blogger တွေ၊ လေ့လာသူတွေ အတွက်ပါ အရမ်းကို အဆင်ပြေ ကောင်းမွန်တဲ့ ၊ လွယ်ကူမှု အပြည့်ရှိစေတဲ့ ၀န်ဆောင်မှုတွေပါပဲ။
နိဒါန်းနည်းနည်းရှည်သွားပါပြီ။ Wordpress ကို Local Host မှာ Run ဖို့အတွက် အောက်ပါနေရာမှာ XAMPP လို့ခေါ်တဲ့ PHP AIO Software Package တစ်ခုကို ဒေါင်းလုဒ်လုပ်ပါ။ ဒေါင်းလုဒ်လုပ်တဲ့ နေရာမှာ Latest Version ဖြစ်ဖို့နဲ့ Installer ဆိုတဲ့ Package ကိုအထူးသတိထား ရွေးချယ်ဖို့ တိုက်တွန်းလိုပါတယ်။



