Wordpress Basic


Upgrade WordPress

လက်ရှိအသုံးပြုနေတဲ့ WordPress ကို ပိုမြင့်တဲ့ version upgrade လုပ်မယ်ဆိုရင် ပထမဆုံး backup ကို သေချာ လုပ်ထားရပါမယ်။ Dashboard / Manage / Export ကနေ xml format နဲ့ backup တစ်ခု မရှိမဖြစ် လုပ်ထားရပါမယ်။ http://wordpress.org/download က upgrade လုပ်ချင်တဲ့ wordpress နောက်ဆုံးဗားရှင်း ကို ဒေါင်းလုပ်ချပါ။ မိမိအသုံးပြုနေတဲ့ hosting က file manager နဲ့ ဖြစ်ဖြစ်၊ zip ဖြေပြီး ftp software နဲ့ဖြစ်ဖြစ် wordpress install လုပ်ထားတဲ့ folder ထဲကို upload တင်ပါ။ ဥပမာ။ ။ byethost မှာတင်ထားတဲ့ wordpress ဆိုရင် urblogname/htdocs အောက်ကိုပေါ့။ plugins တွေ themes တွေ တင်တဲ့ ပုံစံမျိုး အတိုင်းပါပဲ။ အရင်ရှိပြီးသား ဗားရှင်းအဟောင်းက ဖိုင်တွေကို over wirte လုပ်မလားလို့ မေးခဲ့ရင် yes ပေးလိုက်ပါ။ အားလုံးပြီးရင် web browser နဲ့ http://urblogname/wp-admin/upgrade.php ကိုဖွင့်လိုက်ပါ။ urblogname နေရာက မိမိ blog နာမည်ဖြစ်ပါတယ်။ ဥပမာ ကျွန်တော်တို့၏စပ်မိစပ်ရာ ဘလော့ဂ်ဆိုရင် http://smsy.iblogger.org/wp-admin/upgrade.php ပေါ့ဗျာ။ ဖွင့်လို့ရပြီဆိုရင် ပုံစံ ၂ ဖြစ်နိုင်ပါတယ်။ database upgrade လုပ်စရာ မလိုတဲ့ အဆင်မြင့်တာမျိုး ဆိုရင် No Upgrade Required ဆိုပြီး တတ်လာမှာဖြစ်ပါတယ် Continue နှိပ်ပေးယုံပါပဲ။ database upgrade လုပ်ဖို့လိုတယ် ဆိုရင်တော့ Upgrade WordPress ဆိုပြီး ပေါ်လာပါမယ် သူပေးထားတဲ့ အတိုင်း click လုပ်ပေးပြီးရင် upgrade လုပ်တာ အောင်မြင်ပါပြီ။

Installation Guide

ဝေါ့ပရက် အင်စတော လုပ်ဖို့ အတွက် hosting ၀ယ်ပြီး ဖြစ်ဖြစ်၊ free hosing တွေမှာပဲ ဖြစ်ဖြစ်၊ PHP 4.2 နှင့်အထက်၊ MySQL 4.0 နှင့်အထက် support လုပ်တယ် ဆိုရင် အင်စတော လုပ်လို့ရပါပြီ။ hosting ၀ယ်ပြီး သုံးရင် စိတ်ချရမှု၊ အမြန်နှုံး စတာတွေ ပိုကောင်းနိုင်ပေမဲ့ free hosting တွေမှာသုံးတာလဲ ပြသနာ မရှိပါဘူး။ free hosting ကို ရွေးချယ်တဲ့နေရာမှာ ကြော်ငြာတွေ မပါတဲ့ဟာကို ရွေးချယ်တာ အကောင်းဆုံး ပါပဲ။ ကိုယ့်ဘလော့ဂ်မှာ ပိုက်ပိုက်လဲ မရပဲ ကြော်ငြာတွေ တတ်တတ်လာတာ အတော် စိတ်ပျက်ဖို့ ကောင်း ပါတယ်။ အချို့ hosting တွေမှာ wordpress install လုပ်ဖို့အတွက် script တွေရှိပြီးသား ဖြစ်ပြီး မရှိရင်တော့ http://wordpress.org မှာ wordpress blogware ကို download ချ ftp software တခုခုနဲ့ ပြန်တင်ပေးဖို့ လိုအပ်ပါတယ်။ ကြော်ငြာမပါတဲ့ free hosting အချို့ကတော့ http://byethost.com, http://freehostia.com, http://www.agilityhoster.com, http://sitebooth.com တို့ ဖြစ်ပါတယ်။ တစ်ခုချင်းစီရဲ့ installation guide ကို pdf format နဲ့ လုပ်ထားပေးပါတယ်။ ဒေါင်းလုပ်ချပြီး လေ့လာနိုင်ပါတယ်။

byethost installation guide

agilityhoster installation guide

Creative Commons License
This work is licensed under a Creative Commons Attribution.