Wordpress Plugins


Google (XML) Sitemaps Generator for WordPress

ကျွန်တော်တို့ self hosted WordPress blog တွေဟာ blogspot.com, wordpress.com တို့ရဲ့အသင့်သုံး blog တွေထက် Professional ဆန်မှု၊ စိတ်ကြိုက် customize လုပ်နိုင်မှု စတဲ့ အဖက်ဖက် အားသာချက်တွေများပေမယ့် အရေးကြီးတဲ့ လိုအပ်ချက်တစ်ခု ရှိနေပါတယ်။ အဲဒါကတော့ SEO လို့အတိုကောက်ခေါ်ကြတဲ့ search engine optimization အပိုင်းပါ။ ဘီလူးကြီးတွေဆီက အသင့်သုံး blog တွေဟာ SEO အပိုင်းကို သေချာပြုထားပေးပြီး ဖြစ်တာကြောင့် တင်ပြထားတဲ့ အကြောင်းအရာတွေကို search engine တွေရဲ့ အပေါ်ပိုင်းနေရာတွေမှာ ရှာဖွေတွေ့နိုင်ပေမယ့် ကျွန်တော်တို့ရဲ့ self hosted WordPress blog တွေမှာတော့ ဒီလိုမျိုး လွယ်လွယ်နဲ့ ဖြစ်မလာပါဘူး။ အဲဒီပြသနာကို အတိုင်းအတာ တစ်ခုထိ ကူညီဖြေရှင်းပေးနိုင်တာကတော့ Google XML Sitemap Generator ဆိုတဲ့ plugin ပါပဲ။ ဒီ plugin က google, yahoo, msn စတဲ့ search engine တွေကို ကျွန်တော်တို့ရဲ့ blog ကို သိရှိအောင်၊ blog မှာ ရေးသားတင်ပြထားတဲ့ အကြောင်းအရာတွေကို search engines တွေရဲ့ web crawlers ဆိုတဲ့ ပရိုဂရမ်လေးတွေ ကတဆင့် ကောက်ယူနိုင်အောင် ကူညီပေးမှာဖြစ်ပါတယ်။ plugin အသုံးပြုပုံကို ကြည့်ရအောင်…
Read more »

Viper’s Video Quicktags

Viper’s Video Qucktags plugin ဟာ YouTube, Google Video, Metacafe တို့က ဗီဒီယို ဖိုင်တွေကို Wordpress Blog မှာ လွယ်လွယ်ကူကူနဲ့ တင်လို့ရအောင် လုပ်ပေးနိုင်ပါတယ်။ ဒါ့အပြင် AVI, MPEG, WMV နဲ့ QuickTime MOV ဗီဒီယိုဖိုင်တွေကိုလဲ ဘလော့ဂ်မှာ တခါတည်းကြည့်လို့ ရအောင် လုပ်ပေးနိုင်ပါသေးတယ်။ plugin ကို အသုံးပြုချင်တယ် ဆိုရင်တော့ ထုံးစံအတိုင်း ဒီနေရာက ဒေါင်းလုပ်ချ ဇစ်ဖြေပြီး Wordpress ရဲ့ \wp-content\plugins ထဲကို ကူးထည့်ပေးရပါမယ်။ ပြီးရင်တော့ Plugins Tab မှာ Activate လုပ်ပေးရမှာပါ။

Read more »