Themes Gallery
မြန်မာဝေါ့ပရက်စ် ယူဇာ တွေ အတွက် Theme အလန်းလေးတွေကို ညွှန်းပေးဖို့ စိတ်ကူးနေတာ ကြာပါပြီ။ mmWordPress.com ရဲ့ Page မှာ ပေါင်းထည့်ဖို့ရည်ရွယ်ခဲ့ ပေမယ့် စိတ်တိုင်းမကျ၊ Plugin တွေရှာတော့လဲ အဆင်မပြေနဲ့ နောက်ဆုံး သပ်သပ်ရပ်ရပ်လေး ဖြစ်သွားအောင် http://themesgallery.mmwordpress.com ဆိုပြီး ဆပ်ဒိုမိန်း နဲ့ ဖန်တီးလိုက်ပါတယ်။ Nav bar မှာ Themes site ရဲ့ လင့်ခ် ကိုထည့်ပေးထားပြီး အဲဒီမှသော်လည်းကောင်း တိုက်ရိုက် ၀င်ရောက်ပြီး သော်လည်းကောင်း ကြည့်ရှုနိုင်ပါတယ်။ Themes Gallery မှာ ပြထားတဲ့ Theme ပုံတွေကို ကလစ်လိုက်ရင် မူရင်း Developer ရဲ့ ဆိုဒ်ကို ရောက်သွားမှာ ဖြစ်ပြီး Demo နဲ့ Download ရယူနိုင်ပါတယ်။ Post Title (theme name) ကို ကလစ်ရင်တော့ ပုံအကြီးနဲ့ မြန်မာလို ရှင်းလင်းချင်ကို တွေ့ရမှာဖြစ်ပါတယ်။ အဲဒီမှာ မေးမြန်းချင်တာတွေကို ကောမန့်ပေးလို့ရပါတယ်။ Themes Gallery မှာ ဖော်ပြနိုင်ဖို့ Themes ကောင်းကောင်းလေးတွေ တွေ့ထားတာရှိရင် ကူညီပြောပြပေးကြဖို့ မေတ္တာရပ်ခံပါတယ်။ ဆိုဒ်ဖြစ်မြောက်အောင် အဖက်ဖက်မှ ကူညီပေးခဲ့တဲ့ ကိုမင်းကျော် နဲ့ ကိုမှော်ဆရာ တို့ကို ကျေးဇူး အထူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါတယ်။
Popularity: 59% [?]
WordPress Themes
Option နဲ့ Structure တို့လို သပ်သပ်ရပ်ရပ် နဲ့ လှပတဲ့ Themes တွေကို ညွန်းပေးလိုက်ပါတယ်။ Blog Oh! Blog ရဲ့ free WordPress themes မှာ ရယူနိုင်ပါတယ်။ အထူးသဖြင့် Statement နဲ့ DailyPress တို့ အတော်လေးကို လှပါတယ်။ (ကူညီ ပြောပြပေးတဲ့ ကိုမင်းကျော် ကို အထူး ကျေးဇူးတင်ပါတယ်)
Blog ဆန်ဆန် Themes တွေ ရှာဖွေနေတယ် ဆိုရင်တော့ Design Disease မှာ တွေ့နိုင်ပါတယ်။ Dilectio , Gossip City နဲ့ Smashing တို့ တော်တော့်ကို လန်း ပါတယ်။ မြန်မာစာနဲ့ အဆင်ပြေအောင် ဇော်ဂျီဖောင့် ကိုတော့ Theme ရဲ့ Style.css မှာ assign လုပ်ပေးရမှာ ဖြစ်ပါတယ်။ အဆင်မပြေခဲ့ရင် comment, cbox မှာ အကူအညီ တောင်းနိုင်ပါတယ်။
Popularity: 20% [?]
New Look
ကျွန်တော်က theme တွေ ကလိ တာ သိပ်ဝါသနာပါတာ။ သတိထားမိကြမှာပါ ကျွန်တော့် ဘလော့ဂ်တွေ အားအားရှိ ဒီဇိုင်း ပြောင်းနေတာကို
။ အခုလဲ အင်္ကျီ လဲလိုက်ပြန်ပါပြီ။ ဒီတစ်ခါတော့ အတော်လေးကို စိတ်တိုင်းကျတယ်။ ဒီဇိုင်းတွေ မတရားလန်းနေလို့ အထင်ကြီး မစောလိုက်ပါနဲ့ဦး။ ကျွန်တော်မှာ creative mind မရှိပါဘူး။ ကိုမှော်ဆရာ ညွှန်းထားတဲ့ အရမ်းလှတဲ့ option theme ကို ထိုင်းဘလော့ဂ် တစ်ခုဖြစ်တဲ့ keng.com အတိုင်း ထပ်တူ အင်္ကျီချုပ် ပေးထားတာပါ
။ စပ်မိစပ်ရာ လဲ ဒီတိုင်းပါပဲ insidepigeonforge.com ဆိုတဲ့ ဟာကို ပုံတူကူးပေးလိုက်တယ်လေ။ ဟီ… copy right နဲ့ လာဖမ်းရင်တော့ ဒွတ်ခ
။ ဟိုးအရင် blogger မှာ အစပိုင်း သုံးခဲ့တဲ့ ဒီဇိုင်း ၂ ခု ပဲ ကျွန်တော့် အိုင်ဒီယာ အတိုင်း လုပ်ခဲ့တာ။ အခုပြန်ကြည့်တော့ ရုပ်ဆိုး လိုက်တာနော်။ ဘာမှ သေချာ မတတ်တဲ့ ကျွန်တော့်အတွက် browser အားလုံးမှာ ပုံစံတူ မြင်ရအောင် လုပ်ဖို့ အတော့်ကို ခက်ခဲပါတယ်။ Firefox မှာ အဆင်ပြေတော့ IE 6 နဲ့ ငြိ။ IE 6 နဲ့ 7 ကလဲ သိပ်မတူပြန်ဘူး၊ Opera နဲ့ Safari ဆိုတာလဲ ရှိသေးတယ်။ ဒီလိုပဲ တစ်ခုခြင်းစီ စမ်းသပ်ကြည့်ပြီး လုပ်ခဲ့ရတာပါပဲ။ စမ်းလိုက် ပြန်ပြင်လိုက်နဲ့မို့ CSS ဘယ်နေရာတွေမှာ ပြောင်းခဲ့တယ် ဆိုတာလဲ မမှတ်မိတော့ပါဘူး။ option theme ကို ဒီဇိုင်းပြောင်းချင်နေတဲ့ သူတွေအတွက် mmwordpress နဲ့ SMSY တို့ရဲ့ style.css တွေကို မျှဝေ လိုက်ပါတယ်
။
Popularity: 15% [?]



