PhotoSmash Gallery Plugin
WordPress အတွက် Gallery Plugin တွေ အတော်များများရှိပါတယ်။ အဲဒီထဲမှာ PhotoSmash က သုံးရလဲ အင်မတန်လွယ်တယ်၊ ဒီဇိုင်းနဲ့တင်ပြပုံလဲ ကျွန်တော်လိုချင်တာကို အတိအကျ ဖြည့်ပေးနိုင်တာကြောင့် အတော်ကို နှစ်သက်မိပါတယ်။ အသုံးပြုပုံကို ကြည့်ရအောင်..။ Plugin ကို Activate လုပ်ပြီးရင် Settings အောက်မှာ PhotoSmash ရဲ့ Settings တွေကို တွေ့ရပါမယ်။
PhotoSmash Settings က Gallery အားလုံးအတွက် Default Settings သဘောမျိုးဖြစ်ပါတယ်။ Gallery တခုလုပ်တိုင်းလုပ်တိုင်း ဒီမှာ ပေးထားတဲ့ Settings အတိုင်း တည်ဆောက်သွားမှာဖြစ်ပါတယ်။ သူ့ထဲမှာ Image link (href) css class ဆိုတာက Thickbox, Lightbox စတဲ့ Java နဲ့ပြုလုပ်ထားတဲ့ Effect တွေနဲ့ ပုံကိုတွေ ဖော်ပြဖို့ ဖြစ်ပါတယ်။ Thickbox သုံးမယ်ဆို Thickbox ။ Lighbox သုံးမယ်ဆို Lightbox ဆိုပြီး အဲဒီမှာ ဖြည့်ပေးရပါမယ်။ Thickbox အတွက် PhotoSmash မှ တိုက်ရိုက်သုံးလို့ရပါတယ်။ Lightbox သုံးမယ်ဆိုရင်တော့ Lightbox-2 Plugin ကို ထပ်တင်ပေးရပါလိမ့်မယ်။ “Rel” parameter for image links: မှာက Gallery က ပုံတွေကို Thickbox, Lightbox တို့မှာ ဆက်တိုက်ကြည့်လို့ရမယ့် လင့်ခ် ပါစေချင်တယ်ဆိုရင် [album] လို့ ထည့်ပေးပါမယ်။ တပုံချင်းစီကို ကလစ်နှိပ်ပြီး ကြည့်စေချင်တယ်ဆိုရင်တော့ ဘာမှဖြည့်စရာမလိုပါဘူး။
Gallery Settings ကတော့ Gallery အသစ်လုပ်ဖို့ရယ်၊ လုပ်ပြီးသား Gallery တွေရဲ့ Setting တွေကို ပြောင်းဖို့ဖြစ်ပါတယ်။ အသစ်လုပ်မယ်ဆိုရင် Select gallery: မှာပေးထားတဲ့အတိုင်း <new> ထားပြီး Activated: မှာ ကလစ် လုပ်ပေးပါမယ်။ Gallery အတွက် နာမည်ပေးပြီး Save Gallery နှိပ်လိုက်ရင် Gallery ID နဲ့ တည်ဆောက်ပြီးတဲ့ Gallery တစ်ခု ရပါလိမ့်မယ်။ တည်ဆောက်ပြီးသား Gallery တွေကို Setting ပြောင်းချင်တယ်ဆိုရင် Select gallery: မှာ ပြောင်းချင်တဲ့ Gallery ID ကို ရွေးပေးပြီး Edit နဲ့ စိတ်ကြိုက်ပြောင်းလို့ရပါတယ်။
Photo Manager ကတော့ တည်ဆောက်ထားတဲ့ Gallery အသီးသီးမှာ တင်ထားတဲ့ ပုံတွေကို ပြောင်းလဲနိုင်ဖို့အတွက် ဖြစ်ပါတယ်။
Import Photo က ပို့စ်တွေထဲက ပုံတွေကို Gallery ထဲကို ပြောင်းဖို့ဖြစ်ပါတယ်။
Settings တွေထဲမှာ tab တွေနဲ့ အခြား Setting တွေ အများကြီး ရှိပါသေးတယ်။ ဖတ်ကြည့်ရင် လွယ်လွယ်ကူကူ သဘောပေါက်နိုင်တာမို့ အသေးစိတ်မဖော်ပြတော့ပါဘူး။ Gallery ကို Post တွေ Page တွေမှာ ဖော်ပြဖို့မယ်ဆိုရင် Gallery ဆောက်တုန်းက ရထားတဲ့ ID ကို ထည့်ပေးယုံပါပဲ။ ဥပမာ [photosmàsh id=5] စသဖြင့်ဖြစ်ပါတယ်။ Gallery ထဲကို ပုံတွေ ထပ်တင်မယ်ဆိုရင် WP login ၀င်လိုက်ပြီးရင် Gallery ရဲ့ အပေါ်မှာ ADD PHOTO ဆိုတာကို တွေ့ပါမယ်။ အဲဒီကနေလဲ တင်လို့ရပါတယ်။ Photosmash အသုံးပြုပြီး လုပ်ထားတာကို Photo-Gallery စာမျက်နှာမှာ နမူနာ ကြည့်နိုင်ပါတယ်။
Popularity: 12% [?]
Installation Guide
ဝေါ့ပရက် အင်စတော လုပ်ဖို့ အတွက် hosting ၀ယ်ပြီး ဖြစ်ဖြစ်၊ free hosing တွေမှာပဲ ဖြစ်ဖြစ်၊ PHP 4.2 နှင့်အထက်၊ MySQL 4.0 နှင့်အထက် support လုပ်တယ် ဆိုရင် အင်စတော လုပ်လို့ရပါပြီ။ hosting ၀ယ်ပြီး သုံးရင် စိတ်ချရမှု၊ အမြန်နှုံး စတာတွေ ပိုကောင်းနိုင်ပေမဲ့ free hosting တွေမှာသုံးတာလဲ ပြသနာ မရှိပါဘူး။ free hosting ကို ရွေးချယ်တဲ့နေရာမှာ ကြော်ငြာတွေ မပါတဲ့ဟာကို ရွေးချယ်တာ အကောင်းဆုံး ပါပဲ။ ကိုယ့်ဘလော့ဂ်မှာ ပိုက်ပိုက်လဲ မရပဲ ကြော်ငြာတွေ တတ်တတ်လာတာ အတော် စိတ်ပျက်ဖို့ ကောင်း ပါတယ်။ အချို့ hosting တွေမှာ wordpress install လုပ်ဖို့အတွက် script တွေရှိပြီးသား ဖြစ်ပြီး မရှိရင်တော့ http://wordpress.org မှာ wordpress blogware ကို download ချ ftp software တခုခုနဲ့ ပြန်တင်ပေးဖို့ လိုအပ်ပါတယ်။ ကြော်ငြာမပါတဲ့ free hosting အချို့ကတော့ http://000webhost.com, http://byethost.com, http://freehostia.com, http://www.agilityhoster.com တို့ ဖြစ်ပါတယ်။ တစ်ခုချင်းစီရဲ့ installation guide ကို pdf format နဲ့ လုပ်ထားပေးပါတယ်။ ဒေါင်းလုပ်ချပြီး လေ့လာနိုင်ပါတယ်။
000webhsot and freehostia installation guide
agilityhoster installation guide
လက်ရှိအသုံးပြုနေတဲ့ WordPress ကို ပိုမြင့်တဲ့ version upgrade လုပ်မယ်ဆိုရင် ပထမဆုံး backup ကို သေချာ လုပ်ထားရပါမယ်။ Dashboard / Manage / Export ကနေ xml format နဲ့ backup တစ်ခု မရှိမဖြစ် လုပ်ထားရပါမယ်။ http://wordpress.org/download က upgrade လုပ်ချင်တဲ့ wordpress နောက်ဆုံးဗားရှင်း ကို ဒေါင်းလုပ်ချပါ။ မိမိအသုံးပြုနေတဲ့ hosting က file manager နဲ့ ဖြစ်ဖြစ်၊ zip ဖြေပြီး ftp software နဲ့ဖြစ်ဖြစ် wordpress install လုပ်ထားတဲ့ folder ထဲကို upload တင်ပါ။ အရင်ရှိပြီးသား ဗားရှင်းအဟောင်းက ဖိုင်တွေကို over wirte လုပ်မလားလို့ မေးခဲ့ရင် yes ပေးလိုက်ပါ။ အားလုံးပြီးရင် web browser နဲ့ http://urblogname/wp-admin/upgrade.php ကိုဖွင့်လိုက်ပါ။ urblogname နေရာက မိမိ blog နာမည်ဖြစ်ပါတယ်။ ဥပမာ ကျွန်တော်တို့၏စပ်မိစပ်ရာ ဘလော့ဂ်ဆိုရင် http://smsy.iblogger.org/wp-admin/upgrade.php ပေါ့ဗျာ။ ဖွင့်လို့ရပြီဆိုရင် ပုံစံ ၂ ဖြစ်နိုင်ပါတယ်။ database upgrade လုပ်စရာ မလိုတဲ့ အဆင်မြင့်တာမျိုး ဆိုရင် No Upgrade Required ဆိုပြီး တတ်လာမှာဖြစ်ပါတယ် Continue နှိပ်ပေးယုံပါပဲ။ database upgrade လုပ်ဖို့လိုတယ် ဆိုရင်တော့ Upgrade WordPress ဆိုပြီး ပေါ်လာပါမယ် သူပေးထားတဲ့ အတိုင်း click လုပ်ပေးပြီးရင် upgrade လုပ်တာ အောင်မြင်ပါပြီ။

This work is licensed under a Creative Commons Attribution.
Popularity: 12% [?]
Cute Profiles Plugin
WordPress ဘလော့ဂ်မှာ ကိုယ့်ရဲ့ Social Profiles လင့်ခ် တွေကို စတိုင်လ်ကျကျ ဖော်ပြထားချင်တယ်ဆိုရင် Cute Profiles Plugin က အတော်အဆင်ပြေပါတယ်။ ဘလော့ဂ်ရဲ့ ဘယ်ဖက် သို့မဟုတ် ညာဖက် မှာ သပ်သပ်ရပ်ရပ် ဖော်ပြပေးတာဖြစ်လို့ Sidebar မှာ Widget များများ ထည့်ထားသူတွေအတွက်လဲ နေရာလွတ် ပိုမိုရရှိစေမှာ ဖြစ်ပါတယ်။ ပလက်အင် အသုံးပြုပုံလဲ ရိုးရှင်းလွယ်ကူပါတယ်။ ပလပ်အင် အက်တစ် လုပ်ပေးပြီးရင် Settings ရဲ့ အောက်မှာ Cute Profiles ဆိုတာ တွေ့ရပါလိမ့်မယ်။ အဲဒီမှာ မိမိရဲ့ Social Profiles တွေကို ဖြည့်ပေးလိုက်ယုံပါပဲ။ နမူနာအဖြစ် ဘလော့ဂ်ဘယ်ဖက်မှာ တင်ပြထားတာကို ကြည့်နိုင်ပါတယ်။ အသုံးပြုပုံနဲ့ အသေးစိတ် အချက်အလက်များကို ထုတ်လုပ်သူရဲ့ ၀က်ဆိုဒ် မှာ လေ့လာနိုင်ပါတယ်။
Popularity: 17% [?]
Widget Logic Plugin
ဘလော့ဂ်ရေးရမှာလဲ ပျင်း ၊ အရင်လို ကလိချင်စိတ်တွေလဲ ကုန်ခန်းနေတော့ ဘလော့ဂ်ကို ပစ်ထားမိတာ အတော်ကြာသွားတယ်။ ကောင်းမယ်ထင်လို့ ညွှန်းပေးခဲ့မိတဲ့ Free Hosting တွေကြောင့် ရေးဖော်ရေးဖက် Wordpresser အချို့ရဲ့ ပို့စ်တွေ ကောမန့်တွေ ပျောက်ဆုံးသွားရတာလဲ ရေးချင်စိတ်တွေ ပိုမိုကုန်ဆုံးသွားစေခဲ့တယ်။ အခုအချိန်မှာ Wordpress နဲ့ ဘလော့ဂ်ရေးချင်သူတွေကို mmgenius.com တို့လို ကိုယ့်မြန်မာအချင်းချင်း ဆားဗစ်ပေးတာမျိုးမှာပဲ ရေးဖို့ တိုက်တွန်းချင်ပါတယ်။ ကိုယ်တိုင် စိတ်ကြိုက် တည်ဆောက်ပြီး ကလိချင်တယ် ရေးချင်တယ် ဆိုရင်တော့ Premium Hosting တွေကို အသုံးပြုနိုင်မှ စိတ်ချရမယ်။ Free Hosting တွေကို သုံးမယ်ဆိုရင်တော့ Backup ကို နာနာလုပ်ပေးဖို့ အရမ်းအရေးကြီးပါတယ်။ မရေးတော့ဘူးလို့ စဉ်းစားထားပေမယ့် ဘလော့ဂ်ကို မသေစေချင်သေးတာရယ် ၊ လာလာဖတ်ကြတဲ့ ညီအကိုတွေ ရှိနေသေးတာရယ် ကြောင့် လတ်တလောတွေ့ထားတဲ့ Plugin တစ်ခုကို မိတ်ဆက်ပေးလိုက်ပါတယ်။
…………………………..
WordPress Blog ရဲ့ Sidebar မှာ Widget အမျိုးမျိုးကို သင့်တော်သလို ထားကြပါတယ်။ Cbox , Recent Comments , Categories စသဖြင့်ပေါ့။ အဲဒီ Widget တွေဟာ Main Page မှာ ကြည့်လဲ ဒီအတိုင်း ၊ Individual posts , Pages စတာတွေမှာ ၀င်ဖတ်လဲ ဒီအတိုင်း မပြောင်းလဲပဲ တသမှတ်တည်း ရှိလေ့ရှိပါတယ်။ Widget Logic Plugin သုံးပြီး Main Page က Widget တွေက တမျိုး ၊ Single Post မှာ တမျိုး ၊ Page မှာပုံစံတမျိုး စသဖြင့် စိတ်ကြိုက် ပြောင်းလဲ လို့ရပါတယ်။ ဥပမာ ဘလော့ဂ်ရဲ့ Main Page မှာ Cbox ကို ထားမယ် ဒါပေမယ့် Post တွေ Page တွေမှာ Cbox ကို ဖျောက်ထားမယ်။ Page မှာကျရင် Categories Widget ကို ထားမယ်။ ထူးအိမ်သင် အမှတ်တရ တင်ထားတဲ့ပို့စ် မှာတော့ သူ့ရဲ့ သီချင်းတွေ အော်တို ဖွင့်ပေးမယ့် Widget တခုပဲ ထားမယ် စသဖြင့် ကြိုက်သလို ကစားလို့ရပါတယ်။ Plugin အသုံးပြုနည်းကလဲ လွယ်သမှ အရမ်းအရမ်းကို လွယ်ပါတယ်။
Read more »
Popularity: 24% [?]
အသုံးဝင် WordPress Plugins များ (3)
Feed Reading Blogroll
Blogger Style Blog List လဲ လုပ်ချင်တယ် Yahoo Pipe လုပ်ရမှာလဲ စိတ်ရှုပ်တယ်ဆိုရင် Feed Reading Blogroll Plugin ကို အသုံးပြုနိုင်ပါတယ်။ Plugin အလုပ်လုပ်ဖို့အတွက် အဆင့်အတော်များများ ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ စိတ်ညစ်မသွားပါနဲ့
လွယ်လွယ်လေးပါ။ တဆင့်ခြင်း လေ့လာကြည့်ရအောင်….
၁။ ။ ထုံးစံအတိုင်း Plugin ဖိုင်တွေကို wp-content ထဲကို upload တင်ပါမယ်။ Plugin Active မလုပ်ခင် wp-content folder ကို writable ဖြစ်အောင် (chmod 777) ပြုလုပ်ပေးဖို့လိုအပ်ပါတယ်။
၂။ ။ Plugin Activate လုပ်ပြီးရင် Dashboard / Settings အောက်မှာ Feed Reading Blogroll ဆိုပြီး တွေ့ရပါလိမ့်မယ်။ အသုံးပြုနေတဲ့ FTP Program ကိုပြန်သွားပါမယ်။ wp-contnet folder ထဲမှာ feedreading_blogroll.js ဆိုတဲ့ ဖိုင် အသစ်တခု ရှိနေတာ တွေ့ရပါလိမ့်မယ်။ အဲဒီဖိုင်ကို (chmod 777) ပေးပါမယ်။
၃။ ။ Plugin အသုံးပြုဖို့အတွက် Google API Key လိုအပ်ပါတယ်။ လင့်ခ် အတိုင်းသွားပြီး API Key ကို ရယူပါမယ်။ Dashboard / Settings / Feed Reading Blogroll ကို ပြန်သွားပြီး API Key ကို ဖြည့်ပေးပါမယ်။ ဒါဆိုရင် 50% ပြီးစီးပါပြီ
၎။ ။ API Key ထည့်ပြီးရင် အခြား Setting တွေကို ကြည့်ရအောင်။ Blogroll Title for sidebar widget ဆိုတာက ကျွန်တော်တို့ Sidebar မှာ ထည့်ရင် ခေါင်းစဉ်ပေးဖို့ ဖြစ်ပါတယ်။ Link categories ဒီကောင်က နည်းနည်းအရေးကြီးပါတယ်။ WP မှာ Links တွေကို categories ခွဲပေးလို့ရတာ သိကြပါလိမ့်မယ်။ ဘယ် link cateories တွေကို Feed reading Blogroll အနေနဲ့ ပြမလဲ ဆိုတာကို ဒီမှာ ရွေးပေးရပါမယ်။ Default ပါလာတဲ့ Blogroll ကို မပေးချင်ရင် Dashboard / Links / Link Categories မှာ categories အသစ်ပြုလုပ်ပေးရပါမယ်။ နောက်တခု လုပ်ပေးရမှာက Display Options အပိုင်းမှာ ဖြစ်ပါတယ်။ ကျွန်တော်ကတော့ Show update-information, Show title of latest post, Show icon ,Enable bookmark preview အားလုံးကို check ပေးပါတယ်။ စိတ်ကြိုက်ပြောင်းကြည့်နိုင်ပါတယ်။
၅။ ။ Plugin settings တွေကို ချိန်ပြီးရင် Sidebar မှာ ဖော်ပြဖို့ widget add ပေးရပါမယ်။ Dashboard / Appearance / Widgets ကိုသွားပါမယ်။ Live Blogroll ဆိုတဲ့ Widget ကို ရှာပြီး add ပေးပါမယ်။
၆။ ။ နောက်ဆုံး အဆင့်အနေနဲ့ ဖော်ပြချင်တဲ့ Links တွေကို add ပေးပါမယ်။ Dashboard / Links / Add New ကိုသွားပါမယ်။ ပုံမှန်အတိုင်း Name, Web address တွေ ဖြည့်ပါမယ်။ Categorie မှာ အဆင့်၎ တုန်းက ပေးထားတဲ့ Categorie ထဲကိုထည့်ပေးရပါမယ်။ အောက်ဖက်ကို ဆက်သွားပါမယ်။ Advance ဆိုတာကို တွေ့ရပါလိမ့်မယ်။ အဲဒီမှာ Link ရဲ့ RSS Address ကိုပါ ထည့်ပေးရပါမယ်။ ဒါမှသာ အဆင်ပြေပြေ ပေါ်ပါလိမ့်မယ်။ အားလုံးပြီးစီးပါပြီ။ Blog ရဲ့ Sidebar မှာ Feed reading Blogroll နဲ့ ဂွတ်နေတာ တွေ့ရပါလိမ့်မယ်
။ ကျွန်တော်လုပ်ထားတဲ့ နမူနာကို စပ်မိစပ်ရာ မှာ ကြည့်နိုင်ပါတယ်။
Popularity: 91% [?]


