Co.cc နဲ့ Blogger

<မှတ်ချက်။ စိတ်ထွက်ပေါက် ဘလော့ဂ်မှ မှီငြမ်းကူးယူဖော်ပြပါသည်။>

Co.cc domain name ကို Blogger မှာသုံးမယ်ဆိုရင်..

# CO.CC : Free Domain မှာ account မရှိရင် sign up လုပ် ရှိရင် sign in….(နင်ပြောမှလား..ဟတ်ဟတ်)
# ပြီးရင် ကိုယ်ကြိုက်တဲ့ နာမည်နဲ့ www.yourname.co.cc ဆိုပြီး လုပ်ပေါ့။ available မဖြစ်ရင်တော့ ထပ်ရှာပေါ့ဗျာ..
# ဟုတ်ပြီ domain ရပြီ register လဲ ပြီးပြီ ဆိုရင်တော့ set up လုပ်ရတော့မယ်။”setup–>Manage domain”
# Manage DNS/Zone Record/URL forwarding တွေရှိတဲ့ အထဲက Zone Record ကိုရွေးမယ်
# ပြီးတော့ Host ဆိုတဲ့ နေရာမှာ ကိုယ်ရွေးထားတဲ့ Domain ကိုထည့်မယ်
# TTL ဆိုတဲ့ နေရာမှာ 1D
# Type မှာ CNAME ကိုရွေး
# Value မှာတော့ “ghs.google.com” ကိုထည့်
# ပြီးရင်တော့ Setup ကိုသာနှိပ်ချလိုက်တော့

co.cc edit zone record

CNAME လုပ်ပြီးရင် A record ကို ထပ်ထည့်ပေးမယ် ဒါမှ url မှာ www မရိုက်မိလဲ ၀င်လို့ရမှာ..

A record ၃ခု ထည့်ပေးပြီးရင် ဒီလိုတွေ့မယ်…

အဲဒါတွေပြီးပြီဆိုရင်တော့ နောက်တစ်ပိုင်းလေးပဲကျန်တော့တယ်။ အဲဒါက Blogger အပိုင်း။
ကဲကဲ Blogger က ကိုယ့် Dashboard ကိုမရောက်သေးရင် လဲ ၀င်လိုက်ပါ
ရောက်ပြီဆိုရင်တော့

#Setting=>Publishing ကိုသွား
#အဲဒီမှာ “Switch to: • Custom Domain ကိုရွေး
#”Already own a domain? Switch to advanced settings” မှာclick မယ်
#ပြီးရင်ပေါ်လာတဲ့ အကွက်ကလေးထဲမှာ ခုဏက setup လုပ်လာတဲ့ domain ကို ရိုက်ပဲထည့်ထည့် copy/paste ပဲလုပ်လုပ် ကြိုက်သလိုသာလုပ်
ပြီးရင်တော့Save Setting ကိုနှိပ်ပေါ့

change domain name in blogger

၄၈ နာရီအတွင်း Domain အသစ်ပြောင်းပြီးဖြစ်သွားမှာပါ။ အဲ ၄၈ နာရီလို့သာပြောတာဗျ ကျွန်တော်လုပ်တုန်းကတော့ ၁ နာရီတောင်မပြည့်ဘူးထင်တာပဲ

ကျော်ခွဖတ်ရခြင်းဒုက္ခမှ ကင်းဝေးနိုင်ကြပါစေဗျာ။

Popularity: 40% [?]

About the Author

admin

69 Responses to “ Co.cc နဲ့ Blogger ”

  1. ညွှန်းစရာ ရပြီ ဆရာသင်္ကြန်ရေ. ကျွန်တော်လည်း အဲဒီ ဟာလေး ရေးမယ် ရေးမယ်နဲ့ မရေးဖြစ်ဘူး ဖြစ်နေတာ. ဆရာ ရေးလိုက်တော့ အားလုံး အိုကေသွားပြီ. Co.CC လိုချင်တဲ့ သူတွေ အားလုံးအတွက် အဆင်ပြေသွားတာပေါ့ဗျာ. ကျေးဇူးပါဗျို့. :)

  2. ကျေးဇူးပါပဲဗျာ..ဘလော့ဂ်ရေးတဲ့သူအားလုံးအတွက် အကျိုးရှိတယ်..နည်းလမ်းအသစ်တွေတွေ့ရင်လည်း ရေးပေးပါအုံး..မကြာမကြာလာဖတ်မယ်ဗျာ…

  3. အောက်က နံပါတ်တွေက ဘာရိုက်ထဲ့ရတာလဲဗျာ..
    ပြောပြပါအုံး…ကျွန်တော် လုပ်တာ မရလို့ ပါ..
    ကူညီကြပါ..

  4. ဆောရီးဆောရီး…ရသွားပြီ…
    ကျေးဇူးတင်ပါတယ်ခင်ဗျာ…
    ကျွန်တော်သိချင်တာလေးတွေ အများကြီးတွေ့ တယ်ဗျာ…
    အားပေးနေပါတယ်…
    ခင်မင်လေးစားစွာဖြင့်

  5. ရဘူးဗျ.. ဂဏန်းတွေ အရင်ထည့်ပြီး နောက်မှ ghs.google.com ထည့်တော့..
    (www.xxx.co.cc) already has been submitted to Type A လို့ပေါ်နေတယ်ဗျ..။ ghs အရင်ထည့်ရင်လဲ အောက်ကဟာတွေကို အဲ့လိုပေါ်နေတယ်။ဘယ်လိုဖြစ်တာလဲဟင်။

  6. IP က ပေါ်မှာ ပြသလို ၃ ခု မရှိပါ။ ကိုယ်သုံးနေတဲ့ စက်တစ်နေရာပဲ ထည့်ပြီး ကျန်တာတွေကို မသိတော့ မထည့်လိုက်နိုင်ပါ။ အဲဒါ အဆင်ပြေပါ့မလားခင်ဗျာ။ အခုတော့ စောင့်နေတုန်းပါပဲ၊ အခုလို များများ share နိုင်ပါစေခင်ဗျာ။၊ ကျေးဇူးအထူးတင်ပါသည်။

  7. Type CNAME and NS are only able to use Sub Domain Host. ဆိုတဲ့ Error/Warning message ကြီး တက်လာပြီး သုံးလို့ Set up လုပ်လို့ မရတော့ပဲ ဖြစ်သွားပါတယ်
    အခု life-and-live.co.cc ကို စောင့်နေတုန်းပါပဲ။ ရမလားလို့ပေါ့။

  8. အကြောင်းပြန် နောက်ကျတာ ခွင့်လွှတ်ပါ။ ကျနော်လဲ သေချာ မပြောတတ်ဘူးခင်ဗျ။ A record ထည့်လို့ အဆင်မပြေရင် CName ပဲ ထည့်လဲ ရပါတယ်။

  9. Co.cc နဲ့ မဟုတ်ဘဲ နှင်းမှာ wordpress.com acc ရှိတယ်ဆိုရင် blog ၀င်ရေးလို့ရလား

  10. ဟုတ်ကဲ့ ရေးလို့ရပါတယ်။ wordpress.com မှာ အလွယ်တကူနဲ့ အဆင်သင့်အသုံးပြုလို့ရပါတယ်။ မြန်မာစာအတွက်တော့ ကန့်သတ်ချက်တွေရှိပါတယ်။ wordpress.com နဲ့ ပုံစံတူ မြန်မာစာကိုလဲ support လုပ်တဲ့ http://mzblog.net ဆိုတာလဲ ရှိပါတယ်။ လေ့လာကြည့်နိုင်ပါတယ်။

  11. အကိုရေ
    co.cc Domain name ကို http://www.000webhost.com မှာ ဘယ်လို ထဲ့ရမလဲ ဒီ Error ကြီးတက်နေတယ် ဘယ်လိုလုပ်ရမလဲ။ ကူညီပါဦး။

    Your domain is not yet pointing our server, so services such as FTP, Website Builder or File Manager may not work. You need to update nameservers to ns01.000webhost.com, ns02.000webhost.com for your domain. This warning will be removed once your domain will start resolving to our server (24-48 hours after nameserver update). How to update nameservers?

  12. Value မှာ ghs.google.com ဘာလို့ထဲ့ရတာလဲခင်ဗျာ။မထဲ့ရင်ကောဘာဖြစ်မလဲ၊ ဒီပြင်ဟာတွေဘာတွေထဲ့လို့ရသေးလဲ။

  13. co.cc domain မှာ 000webhost ရဲ့ name server ကို ထည့်ပေးရပါမယ်။ making myanmar wordpress blog pdf မှာ အသေးစိတ်ရေးပေးထားပါတယ်။ blogspot (blogger) blog တွေ အတွက်ဆိုရင် Value မှာ ghs.google.com ကို ထည့်ပေးရပါမယ်။ hosting က name servers address ထည့်ပေးတာနဲ့ သဘောတရား အတူတူပါပဲ။

  14. အကိုရေ co.ccမှာdomain name က available တော့ဖြစ်တယ်။ ဒါပေမဲ့ကျနော့်ကိုပိုက်ဆံတောင်းနေတယ်။ freeရအောင်ဘယ်လိုလုပ်ရမလဲခင်ဗျာ။ ပြောပြပေးပါအုံး။

  15. အချို့ domain name တွေကို co.cc က ပိုက်ပိုက် တောင်းတယ်ဗျ။ ကျနော်လဲ smsy လိုချင်တာ .com ထက်တောင် ဈေးကြီးနေလို့ လက်လျှော့လိုက်ရတယ်။ :(

  16. ၄၈နာရီတောင်ကျော်နေပြီ ခုထိမရသေးဘူး.. register လုပ်ပြီး ၄၈နာရီကိုပြောတာလား.. ဒါမှမဟုတ် ဘလော့ setting မှာ ပြောင်းပြီး ၄၈နာရီကိုပြောတာလား.. အဲလိုဆိုရင် ကျမဘလော့ကို ၂ရက်လောက်တောင် လာကြည့်လို့မရတော့ဘူးပေါ့.. လောလောဆယ်တော့ register လုပ်ပြီး ဘလော့က setting ကိုမပြောင်းပဲ blogspot နဲ့ပဲသုံးတယ်.. ဒါပေမဲ့.. ၂ရက်နေပြီးတော့ သွားပြောင်းတော့လဲ ခုထိမရသေးဘူး.. အဲဒါဘာမှားနေလဲ သိရင်ပြောပြပေးပါ.. ကျေးဇူးတင်ပါတယ်

  17. မဗေဒါ
    co.cc နဲ့ blogspot မှာ အဆင့်တွေအတိုင်း အစအဆုံး လုပ်ပြီးသွားရင် 8 နာရီလောက်ထက် ပိုမကြာပဲ co.cc နဲ့ သုံးလို့ရပါတယ်။

  18. အဆင့်အတိုင်းလုပ်ပါတယ်.. ဒါပေမဲ့.. co.cc page ကိုပဲရောက်ရောက်သွားတယ်.. ခု ၃ရက်လောက်တောင်ရှိပြီ.. ဒါပေမဲ့ အပေါ်မှာပြောခဲ့သလို register လုပ်ပြီးတော့ ၄၈နာရီလား..
    blogspot မှာ ပြောင်းပြီး ၄၈နာရီလားမရှင်းဘူး..

  19. အဟီး.. ရပြီအကို.. ကျေးဇူး..

  20. ရတော့ ရသွားပြီ. ဒါပေမဲ့ တန်းပလိတ်က ဘန်နာကပုံတွေရော.. ဆိုဒ်ဘားက ဒီဇိုင်းတွေရော အားလုံးပျောက်ကုန်တယ်.. လာကြည့်ပေးပါအုံး.. ဘာဖြစ်လို့လဲမသိဘူး..

  21. နောက်ဆုံးတင်ထားတဲ့ပိုစ့်ကို ကလစ်နှိပ်ရင်လဲ error 404 ဆိုပြီးပေါ်နေတယ်.. blogspot ကိုပြန်ပြောင်းတာလဲ အဲလိုပဲ.. အကုန်ပျောက်ကုန်ပြီ.. ဒုက္ခပါပံ.. ကူညီနိုင်မယ်ဆိုရင် ကျေးဇူးအရမ်းတင်မိမှာပါ..

  22. မဗေဓါ
    ကျွန်တော် ၀င်ကြည့်တာတော့ အကုန်လုံး အိုကေ ပါတယ်။ အဆင်မပြေသေးရင် ပြောပါခင်ဗျာ။

  23. မင်္ဂလာပါခင်ဗျာ

    ကျွန်တော်..Gmail domain ကို co.cc နဲ့တင်ချင်ပါတယ်ခင်ဗျာ..HTML UPLOAD မှာအခက်အခဲဖြစ်နေပါတယ်ခင်ဗျာ..ကျွန်တော်account တော့ရပြီးတော့..မေးလ်တွေ
    Gtalk တွေသုံးလို့မရသေးဘူးဖြစ်နေတယ်…ပြီးတော့..ကျွန်တော့်www.onlinechitthu.webs.com
    ကို www.onlinechitthu.co.ccလို့ပြောင်းချင်ရင်ရောဘယ်လိုရနိုင်မလဲခင်ဗျာ..အောက်ကဘာနံပါတ်တွေ
    ရိုတ်ရလဲဆိုတာမသိလို့တစ်စိတ်လောက်ရှင်းပြပေးစေချင်ပါတယ်ခင်ဗျာ…။

    အားလုံးကိုလေးစားစွာဖြင့်
    အောင်မျိုးဇော်

  24. co.ccမှာဒီမှာပြောထားတဲ့အဆင့်တွေအတိုင်းပဲလုပ်တာ မရဘူးဖြစ်နေတယ်။ ကူညီပါဦး CNAME recordထည့်ပြီးတော့ A recordထည့်တာ Host(www.mydaydream.co.cc)has been submitted to Type CNAME အဲလိုကြီးပြောတယ်၊ လုပ်ပါဦး၊ ဘယ်လိုလုပ်ရမလဲ၊ တော်ကြာ၄၈နာရီကျော်သွားရင် register cancelဖြစ်သွားမှာစိုးလို့၊ ကူညီပါနော်

  25. နောက်ပြီးwordpress(iblogger)ထဲကsettingမှာလည်း Publishဆိုတာရှာမတွေ့ဘူး၊ ဘယ်လိုdomainပြောင်းရမလဲဖြေပေးပါဦးနော်

  26. setting ထဲမှာက general,writing,reading,discussion,privacy,permalinks,miscellaneous အဲဒါတွေပဲရှိတယ်၊ Publishingဆိုတာရှိဘူး၊ ဟိုwordpress.comမှာတုန်းကတော့ရှိတယ်၊ အခုibloggerပြောင်းပြီးတော့တွေ့တော့ဘူး၊ ဘယ်လိုလုပ်ရမလဲဟင်၊ ကြိုပြီးကျေးဇူးတင်လျက်

  27. ကိုအောင်မျိုးဇော်
    Gmail ကို co.cc ဒိုမိန်းနဲ့ သုံးချင်တာဆိုရင် http://mmwordpress.com/google-apps/ မှာ လေ့လာနိုင်ပါတယ်။ ပြုလုပ်ပြီးသား self hosted wordpress blog ကို domain ပြောင်းချင်တယ်ဆိုရင် forward url ပဲ လုပ်လို့ရပါမယ်။ မဟုတ်ရင် WP အစအဆုံး ပြန်တင်ရပါမယ်။

    နေ့အိပ်မက်
    blogger နဲ့ Wordpress ဒိုမိန်းပြောင်းတာ မတူပါဘူး။ iblogger hosting ကို သုံးတယ်ဆိုရင် co.cc ဒိုမိန်းနဲ့ WP blog တခါတည်း တည်ဆောက်လို့ရပါတယ်။ အသစ်ပြန်လုပ်ရမယ်ပေါ့ခင်ဗျာ ဒါမှမဟုတ် forward url လုပ်ပေးလိုက်လဲ ရပါတယ်။ :)

  28. ကျွှန်တော်တော့ရသွားပြီအခုလိုသင်ပြပေးတာကျေးဇူးပါ
    နို့ မို့ ဆို သိတဲ့အတိုင်းဘဲဟိုကျော်ဒီခွနဲ့ တော်တော်ဒုက္ခ
    တွေရောက်တယ်ဗျာ

  29. ဘလော့ကနေ co.cc ပြောင်းတာ အဆင်ပြေသွားပါပြီခင်ဗျာ။ ဒါပေမဲ့ အဲဒိမှာ theme ပြောင်းလိုကော ရလားခင်ဗျ ရရင်ကော ဘယ်လိုပြောင်းရလဲဆိုတာ တချက်လောက်ပြောပြပေးပါအုံးဗျာ

  30. blogspot ကို co.cc domain ပြောင်းတယ်လို့ထင်ပါတယ်။ blogspot template ပြောင်းချင်တယ်ဆိုရင် http://www.mmbloggershelpdesk.blogspot.com/ မှာ ရှာဖွေကြည့်နိုင်ပါတယ် ခင်ဗျာ။

  31. blogspot.com ကနေ co.cc ပြောင်တာ ကျနော်ပြောင်းလို့မရပါလား ဘာတွေအမှားဖြစ်နေတာတော့မသိဘူး သိတဲ့လူတွေကူညီပါအုံး

  32. ၀င်း
    co.cc နဲ့ တတ်နေတာကိုတွေ့ပါတယ်။ အဆင်ပြေသွားပြီထင်ပါတယ်။ :)

  33. ကျနော်က လုပ်တာ Type A ကျတော့ ထည့်ပီးတားဖြစ်နေလို့ ထည့်လို့မရ၀ူးလို့လာပြောနေတယ်ဗျ…

    ဘယ်လိုလုပ်ရမတုန်း
    nyiminn.co.cc
    ဘလောက်ကာမှာတော့ မပြောင်းရတေးပါဝူးးးး

    ညီမင်း

  34. C Name နဲ့ blogger မှာပြောင်းပေးပြီးရင် ရပါပြီ။ A record က နောက်ပိုင်း ထည့်ထည့်မထည့်ထည့် အလုပ်မလုပ်တာကို တွေ့ရပါတယ်။

    ဒါနဲ့ အကိုပဲ စကားမပီဘူးထင်တာ ညီလဲ အပီဝူးပဲကိုး :D

  35. ကျေးဇူးတင်ပါတယ် ဒီလိုဖော်ပြပေးတဲ့အတွက်။
    ကျွန်တော်တော့်လုပ်ထားပြီးပြီ။
    မရရင်တော့အကူအညီတောင်းမယ်နော်။

  36. co.cc က ပိုက်ဆံတောင်းနေတယ်။
    free ရအောင်ဘယ်လိုလုပ်ရမလဲ
    ကူညီပါအုံး

  37. co.cc က ပိုက်ဆံတောင်းနေတယ်။
    free ရအောင်ဘယ်လိုလုပ်ရမလဲ
    ကူညီပါအုံး
    ကျေးဇူးပြုပြီး mail ပြန်ပို့ပေးပါ။

  38. aa
    co.cc က အချို့ ဒိုမိန်းနာမည်တွေ အတွက် ပိုက်ဆံတောင်းပါတယ်။ အခြား free ဒိုမိန်း နာမည်ကို ရွေးကြည့်ပါ။ အပေါ်မှာလဲ ပြောထားတာ ရှိပါတယ်။

  39. ကျေးဇူးတကယ်တင်ပါတယ်ဗျာ..
    ကျနော်လည်း blogspot ကနေ co.cc ပြောင်းလိုက်ပီဗျာ
    thz alot!! :D

  40. thank admin

  41. အစ်ကိုရေ co.cc change တာတော့ရသွားတယ်
    but တင်ထားတဲ့ ပုံတွေတစ်ခုမှမပေါ်တော့ဘူး။
    ဘာဖြစ်တာလည်းမသိဘူး။ ကျေးဇူးပြုပြီးကူညီပါအုံး။

  42. ကျွန်တော့်ဆိုဒ် ကိုလည်းတစ်ချက်လောက် ၀င်ကြည့်ပေးပါအုံး။
    thank u par

  43. pskk
    ပို့စ်က ပုံတွေတော့ ပေါ်ပါတယ်။ template မှာ သုံးထားတဲ့ပုံတွေကို file hosting တခုခုကိုရွှေ့ကြည့်ပါ။

  44. အစ်ကိုရေ post တင်ထားတဲ့ပုံတွေတော့ပေါ်တယ်
    but template title က ပုံမပေါ်တော့ဘူး။
    ဘာဖြစ်လို့လည်းမသိဘူး။ ပြီးတော့ template မှာသုံးထားတဲ့ပုံတွေကို file hosting
    ဘယ်လိုရွှေ့ရမလဲမသိဘူး။ ကျေးဇူးပြု၍ကူညီပါအုံး။

  45. www ထည့်မရိုက်ရင်မရဘူးဖြစ်နေလို ခင်ဗျာ…ကူညီပါဦး..
    ဘယ်လိုလုပ်ရမလဲဆိုတာကို…

  46. ပြီးတော့ အစ်ကို blogspot.com နဲ့ co.cc domain သုံးပြီးတော့ ကိုယ်ပိုင်
    information ပေးလို့ ရမယ့် စီးပွားရေး site လုပ်လို့ ရမရသိချင်ပါတယ်အစ်ကို..
    ကျေးဇူးပြုပြီးတော့… thz alot…..:)

  47. pskk
    blogger ထဲက Layout / edit html ကိုသွားပါ။ Edit Template ထဲက template မှာ သုံးထားတဲ့ ပုံတွေရဲ့လင့်ခ်ကို တခုချင်း ဖွင့်ပြီး ကွန်ပြူတာမှာ save ပါ။ အဲဒီပုံတွေကို နှစ်သက်ရာ file hosting တခုခုကို တင်ပါ။ ဥပမာ skydrive, imageshack.us, fileden ။ ရလာတဲ့ ပုံရဲ့လင့်ခ်ကို edit template ထဲက အရင်အဟောင်း နေရာတွေမှာ အစားထိုးပေးလိုက်ပါ။

  48. HNHtun
    အရင်က www မပါလဲ ၀င်လို့ရအောင် A record ထည့်ပေးလို့ရပါတယ်။ အခုတော့ မရတော့တာ တွေ့ရပါတယ်။ တတ်ကျွမ်းနားလည်သူတွေကို မေးမြန်းကြည့်ပါ။ blogspot မှာ စီးပွားရေးအတွက် site လုပ်လို့ရမယ်ထင်ပါတယ်။ blogger ရဲ့ terms of service မှာ သေချာအောင် ဖတ်ကြည့်နိုင်ပါတယ်။

  49. ကျွန်တော်၇ဲ့ဘလော့ကို စီအိုပြောင်းပြီးပါပြီ ဘလော့မှာပြင်ခိုင်းတာတွေကိုလည်းပြောင်းပြီးပါပြီ…အဲဒါတွေအကုန်ပြီးရင် ဘယ်လိုဝင်ကြည့်၇မှာလဲ ခင်ဗျာ..
    ဘလော့ကိုတန်ပြီးဖွင့်လည်းမ၇ဘူးဗျ….sing in လုပ်ပြီးဖွင့်လည်းမရဘူး ..co.cc ၀က်ဆိုက်ကိုပဲဝင် ၀င်နေပါတယ်…စီအိုဝက်ဆိုက်ကနေပဲ sing in လုပ်ပြီးဝင်တော့လည်း ၀င်ခဲ့တဲ့ username နဲ့ password က do not math ဖြစ်နေတယ်ဗျာ…ဘာဆက်လုပ်မှန်းလည်းမသိတော့ပါဘူး..လုပ်ကြပါအုံး

  50. ကို admin ကြီးအားရင်ပြောပြပေးပါအုံး ဗျာ…co,cc ၀က်ဆိုက်ရဲ့ sing in here မှာ ၀င်လုပ်တော့ လည်း အခုထိ do not math ဖြစ်တုန်းပဲ..ကျွန်တော် sing up လုပ်ခဲ့တဲ့ အတိုင်းပဲ ရိုက်ထည့်တာပါ..မရဘူး အခုကျွန်တော့်ဘလော့လေးကိုဝင်ကြည့်လို့ကိုမရတော့ဘူးဗျာ…ကယ်ကြပါအုံး

  51. thankhe
    blogger blog ကို co.cc domain ပြောင်းတယ် ထင်ပါတယ်။ blogger.com ကနေ blog account ကို signin ၀င်ပါ။ co.cc ပြောင်းထားတာတွေ အကုန် အရင်အတိုင်း ပြန်ပေးလိုက်ပါ။ ဒါဆို ဘလော့ဂ် လိပ်စာက http://www.xxxxx.blogspot.com ပြန်ဖြစ်သွားပါမယ်။ co.cc မှာ sign in လုပ်လို့မရတာအတွက် forgot password က recover ပြန်လုပ်ပါ။ နောက်ဆုံး လုပ်လို့မရရင် co.cc account အသစ်ဖွင့်ပြီး ဒိုမိန်းအသစ်ယူပါ။ အစက ပြန်လုပ်ပါ။

  52. ဟုတ်ကဲ့ကြိုးစားကြည့်ပါ့မယ်..ကျေးဇူးအ၇မ်းတင်ပါတယ်ခင်ဗျာ

  53. ကို admin ခင်ဗျာ ဘလော့ထဲမှာpublishing ထဲဝင်ပြီးအကိုပြောသလိုလုပ်ပြီးပါပြီးး..ကျွန်တော သေချာမသိတာက အဲဒီမှာ ဒိုမိန်းကိုရိုက်ထဲ့ပြီး၇င် သူ့၇ဲ့အောက်နားလေးက setup instructions ကို နှိပ်ပေးရမှာ လား ဒါမှမဟုတ် အောက်ဆုံးကsave settings ကို သွားပြီးနှိပ်ပေးရမှာ လား ..ကျေးဇူးပြု၍ ဖြေကြားပေးပါခင်ဗျာ(လေးစားစွာဖြင့်)

  54. ကိုadminေ၇ ကျွန်တော် လုပ်တာအောင်မြင်ပါပြီ.အထူးကျေးဇူးတင်ပါတယ်ဗျာ

  55. အ၇င်ကလုပ်ခဲ့တာတွေလည်းပြန်၇ပါပြီ..အထူးကျေးဇူးပါဗျာ

  56. အမဘလော့ကိုလည်း စီအိုပြောင်းပြီးပါပြီ ဘလော့မှာပြင်ခိုင်းတာတွေကိုလည်းပြောင်းပြီးပါပြီ…အဲဒါတွေအကုန်ပြီးရင် ဘယ်လိုဝင်ကြည့်ရမှာလဲရှင်
    ဘလော့ကိုတန်ပြီးဖွင့်လည်းမ၇ဘူးကွယ်….sing in လုပ်ပြီးဖွင့်လည်းမရဘူး ..co.cc ၀က်ဆိုက်ကိုပဲဝင် ၀င်နေတယ်… အဲဒါနဲ့ ဘလော့စပေါ့ကို အရင်လိုပြန်ပြောင်းပြီး စီအိုကို ပြန်သွားပြီး အကောင့်တွေကို ဒလိပြန်လုပ်လိုက်တယ် ။ နောက်ပြန်ဖောက်တော့ မရတော့ပြန်ဘူး ။ အဲဒါ forgot password က recover လုပ်တော့ပြန်ဝင်ပါရဲ့  ။ ထပ်လုပ်တော့လည်း မရပြန်ဘူး ။ စီအိုကိုပဲ ၀င်နေတယ် ။ ကူညီပါဦးနော် ။

  57. ကန္တာရမိုးစက်
    thankhe လိုမျိုးဖြစ်တာ ထင်ပါတယ်။ co.cc ရဲ့ dns update မပြီးသေးတာလဲ ဖြစ်နိုင်ပါတယ်။ ခဏစောင့်ကြည့်ကြည့်ပါ။ အဆင်မပြေသေးရင် ဘယ်လို error ပေးသလဲ ဆိုတာ သေချာ ပြန်ပြောပေးပါခင်ဗျာ။

  58. အဲဒါတွေပြီးပြီဆိုရင်တော့ နောက်တစ်ပိုင်းလေးပဲကျန်တော့တယ်။ အဲဒါက Blogger အပိုင်း။
    ကဲကဲ Blogger က ကိုယ့် Dashboard ကိုမရောက်သေးရင် လဲ ၀င်လိုက်ပါ
    ရောက်ပြီဆိုရင်တော့

    #Setting=>Publishing ကိုသွား
    #အဲဒီမှာ “Switch to: • Custom Domain ကိုရွေး
    #”Already own a domain? Switch to advanced settings” မှာclick မယ်
    #ပြီးရင်ပေါ်လာတဲ့ အကွက်ကလေးထဲမှာ ခုဏက setup လုပ်လာတဲ့ domain ကို ရိုက်ပဲထည့်ထည့် copy/paste ပဲလုပ်လုပ် ကြိုက်သလိုသာလုပ်
    ပြီးရင်တော့Save Setting ကိုနှိပ်ပေါ့..

    အကိုရေ့.. အဲဒါမှာစပြီဒုက္ခရောက်နေတာ…
    setting= publishing ဆိုတာရှာလို့မတွေ့လို့…ဟီး…
    ဘယ်ထဲမှာဝင်ရမှာလဲ ။ wordpress ထဲမှာလား။ co.cc ထဲမှာဘဲလား…။
    ရှင်းပြပေးပါဦး။

  59. ကို အက်ဒမင် ခင်ဗျာ ..ကျွန်တော့်ဘလော့ကို စီအိုပြောင်းတာအဆင်ပြေပါတယ်..အဲဒါနဲ့
    ကျွန်တော် ပြောင်းပြီးသားစီအို ဘလော့တန်းပလိတ် ကောင်းတာလေးနဲ့ပြောင်းလိုက်ပါတယ်…ဒါပေမယ့် ပထမကတော့၇ပါတယ်..နောက်နေ့တွေမှာကြည့်ရင် တန်းပလိတ်က တခုလုံးအမဲတွေဖြစ်နေတယ်…ဒီဇိုင်းမပေါ်တော့ဘူးဗျ….အေ၇ာင်သွားပြင်ပြီး၇င်တော့ပြန်
    ပေါ်တယ်…နောက်ပြန်ဖွင့်၇င်မပေါ်ဘူး..တခြားစက်မှာသွားဖွင့်တာလည်း ဒီဇိုင်းကမပေါ်ဘူး background ကအမဲပဲဖြစ်နေတယ်…စီအိုပြောင်းပြီးသားကိုသွားလုပ်လို့ဖြစ်တာလားခင်ဗျာ…နည်းလမ်း
    များရှိလားခင်ဗျာ။။။အခုပြောင်းထားတဲ့တန်းပလိတ် ဒီဇိုင်းကိုအရမ်းကြိုက်လို့ပါ

  60. thankhe
    co.cc နဲ့ template ပြောင်းတာနဲ့ မဆိုင်ပါဘူးခင်ဗျာ။ အသစ်တင်လိုက်တဲ့ template ရဲ့ ချို့ယွင်းချက် ကြောင့်သာ ဖြစ်ပါတယ်။ template က background ပုံတွေကို အခြား file hosting ကို ပြောင်းတင်လိုက်ပြီး edit html မှာ ပြောင်းသွားတဲ့ လင့်ခ် ကို update လုပ်ပေးလိုက်ပါ။

  61. ဟုတ်ကဲ့ဗျ…အ၇မ်းကျေးဇူးတင်တယ်ဗျာ။။။၇သည်ဖြစ်စေ..မ၇သည်ဖြစ်စေ။။။အခုလိုအလေး
    ထားပြီးဖြေပေးတာကိုကျေးဇူးတင်တယ်ဗျာ

  62. လုပ်လို့မရဘူးဗျာ…ဒါပေမယ့်မေး၇တာအားနာလာပြီး ဗျာ.။။။မမေးတော့ပါဘူး။။။ကျေးဇူးပါ

  63. thankhe
    1. blogger / edit layout / edit html ကို ၀င်ပါမယ်။
    2. Download full template ကို နှိပ်ပြီး template ကို backup တစ်ခုသိမ်းထားပါမယ်။
    3. edit template အောက်က box ထဲမှာ လက်ရှိသုံးနေတဲ့ template ကုဒ်တွေကို တွေ့ရပါလိမ့်မယ်။ အကုန်လုံးကို copy ကူးပီး notepad မှာ paste လုပ်ပါမယ်။
    4. notepad မှာ search နဲ့ background ဆိုတာကို ရှာပါမယ်။
    5. background: url(htpp://xxxxxxxx.com/xxxxxxxx.gif) no-repeat top left; သကဲ့သို့ background မှာ url နဲ့ ညွှန်းထားတဲ့ လိုင်းတွေကို တွေ့သည်အထိ ရှာပါမယ်။ အဲဒီမှာ htpp://xxxxxxxx.com/xxxxxx..gif ဆိုတာ တင်းပလိတ်က တစ်နေရာရာမှာ သုံးထားတဲ့ ပုံ တွေဖြစ်ပါတယ်။ အဲဒီ လင့်ခ် အတိုင်း ပုံ ကို browser နဲ့ ဖွင့်ပြီး မိမိ ကွန်ပြူတာထဲကို ကူးထားပါမယ်။ ပုံ သုံးလေးပုံ ခန့် ရှိနိုင်ပါတယ်။
    6. ရလာတဲ့ ပုံတွေကို file hosting တခုခု ကို တင်ပါမယ်။ အဲဒါဆိုရင် တင်လိုက်တဲ့ ပုံတွေရဲ့ direct link ကို ရပါမယ်။ အဲဒီလင့်ခ်တွေကို မှတ်ထားပါမယ်။
    7. အဆင့် 5 အတိုင်း url(htpp://xxxxxxxx ဆိုတဲ့ နေရာမှာ အဆင့် 6 မှာ လုပ်လို့ရလာတဲ့ link တွေနဲ့ အစားထိုးပါမယ်။
    8. အားလုံးပီးရင် notepad က အားလုံးကို copy လုပ်ပါမယ်။ blogger edit html ထဲက ကုဒ်တွေဖျက်ပီး အစားထိုးပါမယ်။ ပြီးရင် save ပါမယ်။
    ဒါဆိုရင် အဆင်ပြေလောက်ပါပြီ။ အဆင်မပြေရင် css ကုဒ်တွေ အကြောင်းရေးထားတဲ့ site တွေရှာပြီး လေ့လာနိုင်ပါတယ်။ မြန်မာလို ဆိုရင် http://mmbloggershelpdesk.blogspot.com မှာလဲ ရှာကြည့်နိုင်ပါတယ်။

    မမေးတော့ဘူး ဆိုပေမယ့် အရမ်းကို ဖြေချင်လို့ပါ :P

  64. သူများတွေတော့ မသိဘူးဂျ..ကျွန်တော့်ဟာတော့ ၄၈ နာရီမဆိုထားနဲ့ လုပ်ငန်းစဉ်တွေအကုန်ပြီးသွားတဲ့အချိန်မှာ save လည်းလုပ်လိုက်ရော တန်းပြီးတော့ ပြောင်းသွားတယ်ဗျို့..ဟဟ…ကျေးဇူးပဲ ကိုကို မမ တို့ရေ :D

  65. ဒါပေမယ့် တစ်ခုတော့မေးခြင်လို့ဂျ…co.cc ရဲ့နောက်မှာ / လေးက ဘာလို့ပါတာလဲ မသိဘူးနော် :D ..လုပ်တုန်းက အဲဒါလေးမပါပါဘူး…ဖွင့်လိုက်ရင် ဒီလိုလေးပေါ်လာတယ်..www.yourname.co.cc/ အဲဒါမျိုးလေး… / လေးကသူ့ပါသူပါတာလား.. :D :P

  66. ကျွန်တော် တစ်ခုလောက်မေးပါရစေ။
    tabs တွေရဲ့ ရှေ့မှာ ပုံလေးတွေထည့်ချင်တယ်။
    mmwordpress ဆိုရင်လည်းရှေ့မှာ W ပုံလေးထည့်ထားတယ်လေ။
    ကျွန်တော့် blog ကျတော့ ဖိုင်ပုံသဏ္ဍာန်လေးပဲပေါ်နေတယ်။
    အဲဒါဘယ်လို လုပ်လို့ ရမလဲ။
    ကျွန်တော့် မေးလ်ကတော့ rock.n.aungphyoe@gmail.com ပါ။

  67. အောင်ဖြိုးကို
    favicon ကို ပြောတာထင်တယ်။ အဲဒါအတွက် ပို့စ် တင်ထားတာ ရှိပါတယ်။ ရှာဖတ်ကြည့်ပါ။

  68. ကျွန်တော်settingကိုလိုက်ရှာနေတာမတွေ့လို့ဘယ်နားမှာရှာရမှာလဲ
    Publishingဆိုတာကိုလဲမတွေ့ဘူးအဲဒါနည်းလမ်းလေးပြောပါအုံး

  69. http://www.myatmon.co.cc/ အဲဒါလေးမရလို့အကို … အကိုတို့ပြောတဲ့အတိုင်းတော့လုပ်တာပဲလေ… ဘာမှားနေလဲမသိဘူး… setup လည်းလုပ်ပြီးသားပါ….