CO.CC ပြသနာ…

CO.CC ကတော့ တသက်လုံး ဖရီး ပေးတယ်လို့ ကြွေးကြော်ခဲ့ပြီး အခုတော့ ပြသနာ အကြီးကြီး လုပ်ချလိုက်ပါပြီ။ ဒိုမိန်း တွေကို တစ်နှစ်ပဲ ဖရီးပေးပြီး နောက်ပိုင်းနှစ်တွေအတွက် ပိုက်ဆံပေးရတော့ပါမယ်တဲ့ခင်ဗျာ။ အပြည့်အစုံကို ညီလေး မင်းယွန်းသစ် ရဲ့ ဘလော့ဂ်မှာ ဖတ်နိုင်ပါတယ်။ CO.CC ကို mmwordpress မှာ မညွှန်းခင် ဘယ်လောက်အထိ ဖရီး ပေးတယ်ဆိုတာ သေသေချာချာ ရှာခဲ့ပါတယ်။ မှတ်မိသလောက် အမြဲဖရီးပေးသည် လို့ အာကြီးလျှာကြီးနဲ့ ကြွေးကြော် ထားတာကို ဖတ်မိဖူးပါတယ်။ အခုအထိ CO.CC ရဲ့ FAQ မှာ သဘောပေါက်လွဲစေမယ့် မလိမ့်တပါတ် ပုံစံမျိုး ရေးသားထားတုန်းပါပဲ။

Can I use a domain for life time ?
Sure. If your real homepage/blog is changed, change your information at Domain Settings.
Your friends or clients will only need to remember just one domain name you got from our service.

co.cc domain expire ဖြစ်တဲ့အကြောင်းကို အင်တာနက်မှာ ရှာကြည့်တော့ byethost ရဲ့ ဖိုရမ်းမှာ ဆွေးနွေးထားတာကို ဖတ်ရပါတယ်။ ဒီမှာ ဖတ်နိုင်ပါတယ်။ ပြသနာ စတာတော့ သေချာသွားပါပြီ။ ဘယ်လိုရှင်းရမလဲပဲ ရှိပါတော့တယ်။ blogger တွေအတွက်ကတော့ ပြသနာ သိပ်မရှိလှပါဘူး။ ဒိုမိန်း ပြောင်းမယ်ဆိုရင် လာလည်နေကြ သူငယ်ချင်း မိတ်ဆွေတွေကို လိပ်စာအသစ် ပြောင်းမယ့်အကြောင်း တဖြေးဖြေး ပြောသွားယုံပါပဲ။ Wordpress တွေအတွက်ကတော့ ပြသနာ တော်တော်များပါတယ်။ ဒိုမိန်း နာမည် အသစ်နဲ့ ဘလော့ဂ်ကို အစကနေ ပြန်လုပ်ရနိုင်ပါတယ်။ ဒါမှ မဟုတ်လဲ MySQL database နဲ့ WordPress setting တွေကို ပြင်ပေးရပါလိမ့်မယ်။ အဲဒီအကြောင်းတွေကို လေ့လာပြီး ပို့စ် တင်ပြ ပေးသွားပါမယ်။ နားလည်တတ်ကျွမ်းသူများလဲ ကူညီတင်ပြပေးကြဖို့ မေတ္တာရပ်ခံပါတယ်။

Popularity: 98% [?]

About the Author

admin

8 Responses to “ CO.CC ပြသနာ… ”

  1. အမငီး.. ဟီး..ဟီး… ဒုက္ခနဲ့  လေးမနဲ့  တော့ တွေ့ ကြရပြီပေါ့.. အဲဟုတ်ပေါင်.. လေးမ ဒုက္ခဆိုတာထက် ဆရာ အလုပ်ရှုပ်တော့မှာ…။ ဆရာသမားရေ… blogspot ကတော့ နားအေးတယ်နော်…။ ဒါပေမယ့် ဒါပေမယ့်ပေါ့လေ..။

  2. အင်… ဒုက္ခပဲဗျ..

  3. သူတို့မပေးလဲ ဘာအရေးလဲအစ်ကိုရာ…။ ကျွန်တော်တို့ မြန်မာလူမျိုးတွေအချင်းချင်းပေးထားတဲ့ service တွေရှိတာပဲ..။ wordpress သမားတွေအတွက်တော့ ကျွန်တော်စဉ်းစားမိတာရှိတယ် Settings> General> Blog address (URL) ဆိုတဲ့နေရာမှာ redirect ပေးလိုက်တာနဲ့ အဆင်ပြေနိုင်တယ်..။ ကျွန်တော် ပြန်စမ်းကြည့်ဦးမယ်..။ သေချာရင် reply ပြန်လာလုပ်မယ်..။ အဲ့ဒါသေချာတယ်ဆိုရင်တော့ ဘာအခက်အခဲမှ မရှိနိုင်ဘူးထင်တယ်..။

  4. WordPress အတွက် က ကျွန်တော်ထင်တာ ဘာမှ ပြောင်းဖို့ မလိုပါဘူး Cpanel ထဲက Domain CName record ပြောင်းပေးရင် ရပါတယ်။ သေချာချင်ရင်တော့ WordPress Admin Panel ထဲက Export မှာ database ဖိုင် download လုပ်ယူထားလိုက်ရင် ရပါတယ်။

  5. BLACK DREAM
    ဟုတ်တယ်ညီ မြန်မာတွေအချင်းချင်း ဆားဗစ်ပေးနေတဲ့ MU တွေကို ဒီထက်ပိုပြီး လူသိများအောင် လုပ်သင့်တယ်။ အသုံးပြုမယ့်လူတွေ စိတ်ချလက်ချ ဖြစ်စေဖို့ အတွက် အာမခံမှုတွေ ရေရှည်အတွက် စပွန်ဆာတွေ စသဖြင့် ပြည့်ပြည့်စုံစုံ ဖော်ပြပေးနိုင်ရင် ပိုကောင်းမယ်လို့ထင်တယ်။ Blog address redirect ကတော့ အကိုလဲ သေချာ မသိဘူး။ co.cc နဲ့ လုပ်ထားသူတွေအတွက် သက်တမ်းကုန်သွားလို့ dns ဖျက်ချလိုက်ရင် redirect ပေးထားလဲ အဆင်မပြေနိုင်ဘူးထင်တယ်။

  6. Htoo Tay Zar
    ကျေးဇူးညီရေ.. ဘယ်လိုလုပ်လို့ ရနိုင်တယ်ဆိုတာ ပြည့်ပြည့်စုံစုံလေး ပို့စ် တင်ပါလား။ အကိုလဲ ဘာမှ သေချာ မသိတော့ လိုက်လေ့လာရဦးမယ်။ ဘိုစာတွေ ဖတ်ရမှာ ပျင်းတယ် :P

  7. တကယ်လို့ ဒိုမိန်းပဲ ခဏယူသုံးတဲ့သူတွေကရော ဘာလုပ်ရဦးမှာလဲ။ တေဇာပြောသလို ဝေါ့ပလတ်အတွက်တော့ လုပ်ကြည့်ချင်တယ်။ ခုဟာက မလွယ်တော့ မလွယ်ဘူးဖြစ်နေတယ်…

  8. ဒီဆိုဒ်ထဲဝင်ချင်တာ မသိလို့ ပြောပြပါ။