Expanding Text Plugin

WordPress ရဲ့ More tag ကို မသုံးပဲ Blogger မှာတုန်းကလုပ်သလို Peekaboo ပို့စ် ခေါက်ချင်တယ်ဆိုရင် Expanding Text Plugin ကို သုံးနိုင်ပါတယ်။ ထုံးစံအတိုင်း Plugin ကို Activate လုပ်ပေးရပါမယ်။ Plugin အသုံးပြုနည်းကတော့ ပို့စ် ရေးသားတဲ့အခါ စခေါက်ထားစေချင်တဲ့ နေရာမှာ

<DDET Click to expand!>
Here is your text!
</DDET>

ဒီလို ကုဒ် ထည့်ပေးယုံပါပဲ။ ပို့စ်မှာ Click to expand! ဆိုတာလေး ပေါ်နေမှာဖြစ်ပြီး သူ့ကို click လုပ်ပေးရင် ခေါက်ထားတာတွေကို မြင်ရမှာ ဖြစ်ပါတယ်။ Click to expand! ဆိုတဲ့နေရာမှာလဲ မြန်မာလို အင်္ဂလိပ်လို ကြိုက်သလို ပြောင်းရေးလို့ရပါတယ်။ ပလင်အင် ဒေါင်းလုပ် လင့်ခ် ကို Expanding Text Plugin သုံးပြီးအစမ်းလုပ်ပြထားပါတယ်။

Click here to Download

Popularity: 44% [?]

About the Author

admin

6 Responses to “ Expanding Text Plugin ”

  1. ကျေးဇူးဗျာ.. တော်တော် အဆင်ပြေသွားတယ်ဗျ..။။

  2. ကျွန်တော် လုပ်ကြည့်တာ မရဘူးဖြစ်နေလို့ခင်ဗျ…၊ အာလုံးပြောထားတဲ့ အတိုင်းလုပ်တာပါပဲခင်ဗျာ။ Plugins directory ထဲကိုထည့်တယ်၊ ပြီးတော့ activate လည်း သွားလုပ်တယ်။

    Here is your text!

    ခေါက်မယ့် နေရာမှာ အဲဒိစာကူးထည့်လိုက်တော့ အဲဒိစာတွေပါပေါ်နေလို့ပါ။ ဘယ်လိုဖြစ်တာလဲ ပြောပြပေးကြပါဦးနော်။

  3. ခေါက်မယ့်နေရာမှာ ဘာကိုကူးထည့်လိုက်တာပါလဲ? <DDET Click to expand!> ဆိုတဲ့ ကုဒ်ထည့်ပြီးရင် enter ခေါက်ပြီး ခေါက်ထားချင်တဲ့ content တွေကို ရေးရပါမယ်။ ပြီးရင် နောက်တစ်ကြောင်းမှာ </DDET> နဲ့ပိတ်ပေးရပါမယ်။

  4. ဟုတ်ကဲ့ ကို admin ပြောသလိုလုပ်တာပါပဲခင်ဗျာ။ အဲဒါကို မရဘူးဖြစ်နေတယ်။ ကျွန်တော်ထပ်စမ်းကြည့်ပါဦးမယ်။ ခုလို ပြန်လည်ဖြေကြားပေးတာရော၊ လေ့လာခွင့်ရတဲ့ အတွက်ရော ကျေးဇူးအရမ်းတင်ပါတယ်ခင်ဗျ။

  5. sismin
    တခု သတိရပြီဗျ။ code ကို ထည့်ရင် HTML ဘက်မှာ ထည့်ရပါတယ်။ Visual မှာ ထည့်လို့မရပါဘူး။ တစ်ဖက်စီကို ပြောင်းကြည့်ရင်လဲ code ပျောက်သွားတတ်ပါတယ်။ ပြန်စမ်းကြည့်ပါခင်ဗျာ။

  6. အားလုံးအဆင်ပြေသွားပါပြီခင်ဗျ။ အခုလို စိတ်ရှည်စွာ ပြန်လည်ဖြေကြားပေးတာကို ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။ ဖြစ်နိုင်မယ်ဆိုရင်တော့ မူလပို့စ်မှာပဲ အဲဒါလေးကို ဖြည့်စွက်ရေးသားပေးစေလိုပါတယ်။ ကျွန်တော်တို့လိုစလုပ်တဲ့ သူတွေအဆင်ပြေစေချင်ပါတယ်။