FaceMyanmar Social Network

Friendster လား မေ့လိုက်ပါ၊ Facebook လား နားတော့၊ ကိုယ့်မြန်မာအချင်းချင်း မြန်မာလို နွေးနွေးထွေးထွေး ရှိတဲ့ FaceMyanmar Social Network ရှိနေပါပြီ။ ပေါ့ပေါ့ပါးပါး ဘလော့ဂ်လေးရေးမယ်၊ Photo Album လေးတွေ လုပ်မယ်၊ စိတ်ကူးတူ Group လေးတွေဖွဲ့မယ် စတဲ့ Socal Network တစ်ခုမှာ ရှိရမယ့် စွမ်းဆောင်ရည်တွေ ပြည့်ပြည့်စုံစုံ ပေးထားတယ်။ သူများနဲ့မတူချင်တဲ့ ကျွန်တော့်လို မောင်ဖိုးကွန့် တွေအတွက် CSS Code တွေနဲ့ အပြင်အဆင် စိတ်ကြိုက် ကစားလို့ရအောင်လဲ စီစဉ်ပေးထားသေးတယ်
။ အစပိုင်းမို့ မင်ဘာ နည်းနေသေးတာတွေ၊ အပျင်းပြေဆော့လို့ရတယ့် Game လေးတွေ မရှိသေးတာတွေ ရှိပေမယ့် မြန်မာစာနဲ့ အဆင်ပြေပြေ သုံးနိုင်တာ တခုတည်းနဲ့ ကျွန်တော်တော့ အမှတ်ပြည့် ညွှန်းလိုပါတယ်။ FaceMyanmar ဟာ အင်တာနက်ပေါ်က မြန်မာတွေ အတွက် လိုအပ်ချက်တစ်ခုကို ဖြည့်ဆည်းပေးလိုက်တာပါပဲ။ ကဲ.. FaceMyanmar မှာ အကောင့်လုပ်ကြရအောင်….

hello … everybody.