Wordpress blog အတွက် favicon

left

browser ရဲ့ url မှာ favicon လေးတွေကို အချို့လဲ သတိထားမိကြပါလိမ့်မယ်။ google ဆိုရင် G ပုံ၊ yahoo ဆိုရင် Y နဲ့ blogger ကျပြန်တော့ B ပုံ အစရှိသည်ဖြင့်ပေါ့။ ကျွန်တော်တို့ wordpress blog တွေမှာလဲ နှစ်သက်ရာ favicon လေးတွေကို လွယ်လွယ်ကူကူနဲ့ ထည့်သွင်းနိုင်ပါတယ်။

အဆင့်(၁) မိမိနှစ်သက်ရာ အလျားxအနံတူ ပုံတခုကို photoshop သို့မဟုတ် နှစ်သက်ရာ image editor တခုခုမှာ jpg, bmp,png format တွေနဲ့ ပြုလုပ်ရပါမယ်။

အဆင့်(၂) ပြုလုပ်ပြီးပုံကို favicon generator မှာ favicon.ico အဖြစ်ပြောင်းပြီး download ချ ထားရပါမယ်။

အဆင့်(၃) ရရှိလာတဲ့ favicon.ico ဖိုင်ကို wordpress blog ရဲ့ root directory ထဲကို upload တင်ပေးရပါမယ်။ ဥပမာ iblogger.org သမားတွေဆိုရင် /xxxx.iblogger.org/htdocs/ ထဲကို upload တင်ပေးရပါမယ်။

favicon ပြုလုပ်ခြင်းပြီးဆုံးပါပြီ။ မိမိတို့ wordpress blog ကို ဖွင့်ကြည်လျှင် address bar မှာ favicon လေးနဲ့ သပ်ရပ်နေတာ တွေ့ရမှာဖြစ်ပါတယ် ခင်ဗျား။

Share and Enjoy:
  • Digg
  • del.icio.us
  • Facebook
  • Google
  • E-mail this story to a friend!
  • Live

About the Author

admin

3 Responses to “ Wordpress blog အတွက် favicon ”

  1. အဆင်ပြေသွားပါပြီ…. ကျေးဇူးနော်… မျှဝေတဲ့အတွက် ဒီထက်ကောင်းမွန်တဲ့ ပညာတွေရပါစေဗျာ…. အာလုံးအဆင်ပြေပါစေ…

  2. အစ်ကို ကျွန်တော်လုပ်တာတော့မရဘူးဗျ။ root directory ထဲဆိုတာကိုမသိဘူး အစ်ကို
    ကူညီပါအုန်း

  3. root directory ဟာ wordpress install ပြုလုပ်ထားတဲ့ directory ဖြစ်ပါတယ်။ root ထဲမှာ wp-admin , wp-content စတဲ့ ဖိုဒါတွေ index.php , wp-app.php စတဲ့ ဖိုင်တွေ ရှိပါတယ်။ အဲဒီကို upload တင်ရမှာဖြစ်ပါတယ်။ upload တင်ပြီး icon ပေါ်ဖို့အတွက် အချိန်အနည်းငယ် စောင့်ပေးရပါမယ်။

Leave a Reply

You can use these XHTML tags: <a href="" title=""> <abbr title=""> <acronym title=""> <blockquote cite=""> <code> <em> <strong>