FTP အတွက် FireFTP add-on
website ဒါမှမဟုတ် wordpress blog တစ်ခုလောက် လုပ်မယ်ဆိုလျှင် မသိထားရင် မဖြစ်တာက ftp program တွေပါ။ မိမိ website ကို လိုအပ်သလို ပြင်ဆင်ပြောင်းလဲဖို့အတွက် web server နဲ့ ဆက်သွယ်လုပ်ဆောင်တဲ့အခါ ftp program တွေနဲ့လုပ်မှ အဆင်ပြေမြန်ဆန်မှာပါ။ cute FTP တို့လို shareware program တွေ၊ filezilla တို့လို open source တွေ အများကြီးရှိတဲ့အထဲမှာ ညွှန်းချင်တာကတော့ FireFTP ဆိုတဲ့ firefox browser add-on လေးပါ။ 135KB ပဲရှိတဲ့ ရေနဂါးလေးက ftp program တစ်ခုလုပ်ဆောင်နိုင်တာတွေကို ပေါ့ပေါ့ပါးပါးလေးနဲ့ လုပ်ဆောင် ပေးနိုင်ပါတယ်။ FireFTP အသုံးပြုပုံကို ကြည့်ရအောင်…
(၁) Friefox browser ဖြင့် fireFTP add-on ကို install လုပ်ပါ။ firefox ကို restart လုပ်ပြီး Tools / FireFTP ကိုနှိပ်လိုက်ရင် ပုံမှာပြထားသလို မြင်ရပါမယ်။

(၂) Manage account / new ကိုနှိပ်ပြီး ftp server အချက်အလက်တွေဖြည့်ပေးပါ။ Conncet နှိပ်ပြီး server ကို ဆက်သွယ်ပါ။ [1] ပြထားသောအခြမ်းက မိမိကွန်ပြူတာဖြစ်ပြီး [2] အခြမ်းက remote site (web server ပေါ်ရှိဖိုင်များ) အခြမ်းဖြစ်ပါတယ်။
(3) upload, downloေd လုပ်လိုသော ဖိုင်များ ဖိုဒါများကို drag and drop ဖြင့်၎င်း၊ အလည်မှ upload / download key ကို နှိပ်ခြင်းဖြင့်၎င်း အသုံးပြုနိုင်ပါတယ်။ remote ဘက်ခြမ်းအပေါ်ပိုင်းရှိ Tools ထဲမှ compare directory ဖြင့် local နှင့် remote က directory တွေကို နှိုင်းယှဉ်ကြည့်ခိုင်းနိုင်ပါသေးတယ်။ FireFTP ရဲ့ interface ဟာ အလွန်ရှင်းလင်းပြီး သုံးရအလွန်လွယ်ကူပါတယ်။ FireFTP ဖြင့်ပျော်ရွှင်ပါစေ။
Popularity: 25% [?]




kyay zu!
localhost ရောဘယ်လို သုံးရတာလဲခင်ဗျ။ သုံးလို့ရလား ဆိုတာလေးသိချင်ပါတယ်။
ကျေးဇူးတင်ပါတယ်ခင်ဗျ။
ကိုစိုင်းအောင်..
localhost ဆိုတာ မိမိ ကွန်ပြူတာဖက်အခြမ်း ဖြစ်ပါတယ်။ မိမိကွန်ပြူတာမှာ wordpress စမ်းဖို့တင်ထားတယ် အဲဒီကို plugins, themes ဖိုင်တွေထည့်မယ် ဆိုရင် FTP သုံးစရာမလိုပါဘူး။ ပုံမှန်အတိုင်း windows မှာ drag and drop ကူးထည့်ပေးယုံပါပဲ။
ကျွန်တော့်စက်မှာ connect လုပ်လို့ကို မရဘူးဖြစ်နေတယ်…
db , account ရော pdf ထဲက အညွှန်းအတိုင်းလုပ်တာပဲ …
ဟီး…ဘာလိုပြန်လဲမသိဘူး
ftp နဲ့ အဆင်မပြေရင် hosting ရဲ့ file manager ကို အသုံးပြုနိုင်တယ် ခင်ဗျာ
အကိုကျွန်တော် FireFTP ကို connect လုပ်ရင် အစပိုင်းရပြီး နောက်ပိုင်း
425 not data connection ဖြစ်သွားတယ် ဘာဖြစ်တာလဲဟင်…….
hote tae kyaw nor lae tutu bae
not data connection phyit thwar tae
I am very pleased with your site. I will be glad if you appreciate my site
Thank you.
Paul, 14 years ,,,
FTP ကို အကောင်သွင်းတဲ့ပုံစံ နာမူနာ လေးပြလို့ ရမလားခင်ဗျာ..ကျွန်တော်လုပ်တာ မလုပ်တက်လို့..
chitminkoko
FireFTP ရဲ့ Account Manager ကို ၀င်ပါ။ Main က Account Name မှာ နာမည်တစ်ခုပေးပါ။ Host မှာ အသုံးပြုမယ့် host ရဲ့ လိပ်စာကို ထည့်ပေးပါ။ Login နဲ့ Password ကို ဖြည့်ပေးပါ။ Hosting က ပေးတဲ့ FTP Information မှာ လိုအပ်တဲ့အချက်အလက် အကုန် ပါပါတယ်။