Google (XML) Sitemaps Generator for WordPress

ကျွန်တော်တို့ self hosted WordPress blog တွေဟာ blogspot.com, wordpress.com တို့ရဲ့အသင့်သုံး blog တွေထက် Professional ဆန်မှု၊ စိတ်ကြိုက် customize လုပ်နိုင်မှု စတဲ့ အဖက်ဖက် အားသာချက်တွေများပေမယ့် အရေးကြီးတဲ့ လိုအပ်ချက်တစ်ခု ရှိနေပါတယ်။ အဲဒါကတော့ SEO လို့အတိုကောက်ခေါ်ကြတဲ့ search engine optimization အပိုင်းပါ။ ဘီလူးကြီးတွေဆီက အသင့်သုံး blog တွေဟာ SEO အပိုင်းကို သေချာပြုထားပေးပြီး ဖြစ်တာကြောင့် တင်ပြထားတဲ့ အကြောင်းအရာတွေကို search engine တွေရဲ့ အပေါ်ပိုင်းနေရာတွေမှာ ရှာဖွေတွေ့နိုင်ပေမယ့် ကျွန်တော်တို့ရဲ့ self hosted WordPress blog တွေမှာတော့ ဒီလိုမျိုး လွယ်လွယ်နဲ့ ဖြစ်မလာပါဘူး။ အဲဒီပြသနာကို အတိုင်းအတာ တစ်ခုထိ ကူညီဖြေရှင်းပေးနိုင်တာကတော့ Google XML Sitemap Generator ဆိုတဲ့ plugin ပါပဲ။ ဒီ plugin က google, yahoo, msn စတဲ့ search engine တွေကို ကျွန်တော်တို့ရဲ့ blog ကို သိရှိအောင်၊ blog မှာ ရေးသားတင်ပြထားတဲ့ အကြောင်းအရာတွေကို search engines တွေရဲ့ web crawlers ဆိုတဲ့ ပရိုဂရမ်လေးတွေ ကတဆင့် ကောက်ယူနိုင်အောင် ကူညီပေးမှာဖြစ်ပါတယ်။ plugin အသုံးပြုပုံကို ကြည့်ရအောင်…

(၁) plugin ကို ဒီနေရာမှ download ချ hosting ကို upload တင်ပြီး ထုံးစံအတိုင်း dashboard / plugins မှာ Activate လုပ်ပါ။ ပြီးလျှင် dashboard / settings တွင် XML-Sitemap ကိုနှိပ်လိုက်လျှင် Status, Basic Options, Additional pages စသည်များကို တွေ့ရပါလိမ့်မယ်။

(၂) ပထမဆုံး Status အောက်က The sitemap wasn’t built yet. ဆိုတဲ့နေရာမှာ sitemap ကို အရင်ပြုလုပ်ပေးရပါမယ်။ plugin မှ root directory ထဲတွင် sitemap.xml နဲ့ stiemap.xml.gz ဖိုင် ၂ ဖိုင်ကို အော်တို တည်ဆောက်သွားမှာဖြစ်ပါတယ်။ sitemap ပြုလုပ်ခြင်း အဆင်မပြေကြောင်း error တက်လာခဲ့ရင် wordpress install လုပ်ထားတဲ့ root directory ကို ftp သို့ file manager မှတဆင့် writeable ပြောင်းပေးရပါမယ်။ sitemap file ပြုလုပ်ခြင်းပြီးစီးလျှင် Google, MSN, ASK.com စတဲ့ search engine တွေကို notified လုပ်ပေးသွားမှာဖြစ်ပါတယ်။ Yahoo ကိုပါအလုပ်လုပ်စေချင်ရင်တော့ Yahoo ရဲ့ Application ID လိုအပ်ပါတယ်။ အဲဒီအကြောင်းအသေးစိတ်ကို နောက်ပို့စ်များမှာ ထပ်ရေးပါမယ်။

(၃) plugin ရဲ့ Sitemap Content, Change frequencies, Priorities စတဲ့ခေါင်းစဉ်တွေအောက်က settings တွေကိုလဲ မိမိနဲ့ သင့်လျှော်သလို ပြောင်းလဲပေးနိုင်ပြီး သူ့ default အတိုင်းအသုံးပြုလဲ မှားယွင်းစရာမရှိ အသုံးပြုနိုင်ပါတယ်။

မှတ်ချက်။ ။ byethost/iblogger သုံးသူတွေအတွက် သတင်းဆိုးကတော့ hosting ရဲ့ ကန့်သတ်ချက်တွေကြောင့် plugin အပြည့်အ၀ အလုပ်လုပ်နိုင်ခြင်း မရှိပါဘူး။ XML sitemap ကို Google webmaster tools မှာ manually add ပေးရမှာဖြစ်ပါတယ်။ Google webmaster tools အကြောင်းကို နောက်တင်မယ့် ပို့စ် မှာ အသေးစိတ် ဖတ်ရှုနိုင်ပါတယ်ခင်ဗျာ။

About the Author

admin

One Response to “ Google (XML) Sitemaps Generator for WordPress ”

  1. [...] webs sitemap ကိုရွေးပါမယ်။ WordPress အတွက်ကတော့ XML Sitemap Plugin နဲ့ ပြုလုပ်ထားတဲ့ sitemap.xml ကို [...]

Leave a Reply

You can use these XHTML tags: <a href="" title=""> <abbr title=""> <acronym title=""> <blockquote cite=""> <code> <em> <strong>