Microsoft Windows Live SkyDrive

ဘလော့ဂ်မှာ ပုံတွေ ဖိုင်တွေ တင်ဖို့အတွက် အရင်က Google Page Creator နဲ့ Fileden တို့ကို သုံးခဲ့ပါတယ်။ Freehosting တွေကို စိတ်မချတာရယ် အချို့က ပေးထားတဲ့ Disk Space နည်းတာရယ်ကြောင့်အတွက်ပါ။ Google က စိတ်ချရပေမယ့် 100MB အထိပဲ တင်ခွင့်ပေးပါတယ်။ စိတ်ကြိုက် ဖိုဒါတွေ တည်ဆောက်ခွင့်မရှိပါဘူး။ နောက်ပိုင်း ပုံစံပြောင်းသွားပြီး signup အသစ်တွေဆိုရင် ဖိုင်တွေ ဘယ်နေရာက တင်ရမှန်းတောင် မသိတော့ပါဘူး။ Fileden ကျပြန်တော့လဲ ၃လ ၃၀ ရက် login မ၀င်ရင် ရှိတဲ့ ဖိုင်တွေ အကုန်ဖျက်ပြစ်မယ်ဆိုတဲ့ မဟာ အားနည်းချက်ကြီး ရှိနေပါတယ်။ အခုနောက်ဆုံးတွေ့မိတဲ့ Free Service က တော့ Microsoft ရဲ့ SkyDrive ပါ။ Disk Space ကို 25GB အထိပေးထားပြီး share ပေးမယ့်ဖိုင်၊ private သိမ်းထားချင်တဲ့ဖိုင် အမျိုးမျိုး Permission ပေးထားနိုင်ပါတယ်။ Blog Post တွေမှာလဲ ဆွဲယူအသုံးနိုင်ပါတယ်။ Microsoft ကဆိုတော့ စိတ်ချရမှုအပိုင်းကလဲ ပြသနာရှိမယ် မထင်ပါဘူး။ မြန်မာပြည်ကတော့ Access လုပ်နိုင်မှု အခက်အခဲ ရှိမလားတော့ မပြောတတ်ပါဘူး။ ဘယ်လိုဖြစ်ဖြစ် အလွန်ကောင်းတဲ့ ၀န်ဆောင်မှု တစ်ခု ဖြစ်ကြောင်း ညွှန်းလိုက်ပါတယ်။

Popularity: 51% [?]

About the Author

admin

2 Responses to “ Microsoft Windows Live SkyDrive ”

  1. ဟုတ်ကဲ့၊ အဲဒါကို hotmail account တစ်ခု အရင်းပြုပြီး livespace မှာ ဘလော့တစ်ခု ကလိတုန်းကတော့ တွေ့မိပါတယ်။ ဒါပေမယ့် blogspot တွေမှာ ယူသုံးရင် အလွန်အင်မတန် ကွန်နက်ရှင် ဂျီကျခံရလို့ မသုံးဖြစ်တာပါ။ ကိုယ်သုံးနေတဲ့ နေရာမှာ မီးမှန် ကွန်နက်ရှင် ဘန်းကျော်စရာ မလိုတာတောင် speed နည်းတာနဲ့ ပြဿနာ ဖြစ်နိုင်ရင် ဘန်းကျော်စရာသာ လိုလို့ကတော့ အင်း……………… အဲဒါနဲ့ ပဲ မေ့ထားလိုက်တာ အတော်တောင် ကြာသွားပြီ။ အစပြန်ဖေါ်ပေးမှတော့ ပြန်သုံးကြည့်ဦးမှ။ ကျေးဇူးပါနော်။

  2. စမ်းအုံးမှ။