Optimize your blog or web site
ဒီရက်ပိုင်းတွေမှာ WordPress blog တစ်ခုကို XtreemHost ဆိုတဲ့ free web host သုံးပြီး လျှောက်ကလိနေခဲ့တယ်… ဒါနဲ့ပဲ နောက်ထပ် Cyber Sandbox တစ်ခု ထပ်တိုးလာတယ် ဆိုပါတော့ (နောင်တစ်ချိန်မှာ မြန်မာပြည်က စာဖတ်သူများ သွားရလာရ လွယ်ကူအောင် ထားမလားလို့တော့ စိတ်ကူးမိတယ်.. ဒါမှမဟုတ်လဲ WordPress themes တွေ plugins တွေ လျှောက်ကလိလို့ ရတာပေါ့)… WordPress မှာ ရွေးချယ်စရာ themes (templates) တွေက စုံလှသလို.. CSS Style Sheet ကိုလဲ စိတ်ကြိုက်ပြင်နိုင်တာမို့ တော်တော်လေး သဘောကျသွားတယ်ဗျာ…
တစ်ခုတော့ ရှိတာပေါ့.. ဒီလို ပြင်နိုင်ဖို့ လုပ်ချင်တယ်ဆိုရင်တော့ ကျနော့် သူငယ်ချင်း မောင်သင်္ကြန် ပြောသလို WordPress.com မှာ blog လုပ်ထားတာမျိုးတော့ မရဘူးပေါ့… အပြင် web host တွေ သုံးပြီး တင်ထားတဲ့ WordPress blog ဆိုရင်တော့ စိတ်ကြိုက် themes တွေ လဲနိုင်သလို.. plugins မျိုးစုံကိုလဲ ထဲ့သုံးနိုင်ပါတယ်… CSS ကိုလဲ လွတ်လွတ်လပ်လပ် ပြင်နိုင်တာကြောင့် ဇော်ဂျီ အတွက် စိတ်မပူရတော့ဘူး…
ဒီလိုနဲ့ ကျနော့် WordPress blog အတွက် themes မျိုးစုံ လျှောက်ရှာရင်း ခေါင်းထဲ ဝင်လာတာက web site optimization ပါပဲ… လူအများစု သတိမပြုမိတဲ့ အချက်လေး တစ်ချက်လဲ ဖြစ်ပါတယ်… များသောအားဖြင့် ကိုယ်ကြိုက်တဲ့ ပုံလေးတွေ.. Flash object လေးတွေ.. background ပုံတွေ.. စသည်ဖြင့် ကိုယ့်ရဲ့ ဘလော့ဂ် (သို့) web site ပေါ်မှာ တင်ကြပါတယ်… လှလဲ လှပါတယ်… ဒါပေမဲ့ ကိုယ့်ရဲ့ စာဖတ်သူ အများစုဟာ အင်တာနက် ကော်နက်ရှင် နှေးတဲ့ နေရာက လာရမယ်ဆို သူတို့အတွက် စာမျက်နှာ တစ်ခုတက်ဖို့ အကြာကြီး စောင့်ရမှာ မစွံလှပါဘူး…
ဒါကြောင့် ကျနော့် ဘလော့ဂ်ရဲ့ မူလ စာမျက်နှာဟာ အင်တာနက် ကော်နက်ရှင်ပေါ် မူတည်ပြီး စာဖတ်သူဆီကို ရောက်ဖို့ ဘယ်လောက် ကြာနိုင်မလဲဆိုတာ WebSiteOptimization.com မှာ လင့်ခ်တင်ပြီး စမ်းကြည့်ပါတယ်… အောက်မှာ မြင်နေရတဲ့ ဇယားလေးက အင်တာနက် ကော်နက်ရှင် အမျိုးစားပေါ် မူတည်ပြီး ဘယ်လောက် ကြာနိုင်သလဲ ဆိုတာ ပြထားပါတယ်… ဒါက ကျနော့်ရဲ့ Cyber Sandbox ဘလော့ဂ်ပါ…
Download Times* (full report)
|
Connection Rate |
Download Time |
|
14.4K |
266.34 seconds |
|
28.8K |
134.47 seconds |
|
33.6K |
115.63 seconds |
|
56K |
70.42 seconds |
|
ISDN 128K |
23.37 seconds |
|
T1 1.44Mbps |
4.40 seconds |
ဒီရလာတဲ့ အဖြေတွေနဲ့ နှိုင်းယှဉ်ဖို့ နောက် ဘလော့ဂ် တစ်ခုကို ထပ်စမ်းပါတယ်… သြော်.. ဘယ်သူရှိမလဲ… စပ်မိစပ်ရာ ပေါ့… အဖြေကတော့ အောက်မှ ပြထားတဲ့ ဇယားလေးပါပဲ…
Download Times* (full report)
|
Connection Rate |
Download Time |
|
14.4K |
2125.07 seconds |
|
28.8K |
1068.34 seconds |
|
33.6K |
917.37 seconds |
|
56K |
555.06 seconds |
|
ISDN 128K |
178.04 seconds |
|
T1 1.44Mbps |
26.05 seconds |
ဒီလို ကိုယ့်ဘလော့ဂ် (သို့) web site ရဲ့ page loading speed ကို ပြန်စစ်ကြည့်လိုက်ရင်.. ဘာတွေလိုနေလဲ.. ဘာတွေလျှော့လို့ရမလဲ.. ဘယ်လို စာမျက်နှာ မြန်မြန်တက်အောင် လုပ်ပေးနိုင်မလဲ ဆိုတာတွေ ထွက်လာပါတယ်… ကျနော့် ဘလော့ဂ်မှာ ဆိုရင် အောက်မှာ ရေးထားတာလေးတွေကို ပြန်ပြင်ထားပါတယ်…
• နောက်ခံပုံ (မူရင်းပုံက 87KB ကျော်ပါ… PhotoShop သုံးပြီး image quality ကို medium လောက်ထားလိုက်တော့ 27KB ကျော်ပဲ ကျန်ပါတယ်… နဂိုပုံနဲ့ ယှဉ်ကြည့်ရင်လဲ ဘာမှ သိသိသာသာ မပြောင်းသွားပါဘူး…)
• မူလစာမျက်နှာပေါ်မှာ ရှိတဲ့ ပို့စ် အရေအတွက်… Blogger ရဲ့ ပုံမှန်က ၇ ရက်စာ ပို့စ်တွေကို မူလစာမျက်နှာမှာ ထားပါတယ်… ကျနော်က ပို့စ် ၅ ခုပဲ ထားဖို့ ပြန်ပြောင်းလိုက်တယ်…)
• ဓါတ်ပုံ အကြီးတွေ အစား ပုံသေးတွေ များများသုံးပြီး လင့်ခ်ထားပေးလိုက်တယ်… ကြည့်ချင်မှပဲ ဖွင့်ကြည့်လို့ရတာပေါ့…
• မလိုအပ်တာတွေ ချန်ထားပြီး အတတ်နိုင်ဆုံး ရိုးရိုးရှင်းရှင်း ဒီဇိုင်းလေးပဲ လုပ်ထားလိုက်တယ်…
ဒီလိုလေးတွေ ပြင်ပြီးတဲ့ နောက်မှာ page loading speed ဟာ တော်တော်လေး အဆင်ပြေသွားပါတယ်… broadband သုံးနေရသူတွေ အဖို့ ဘာမှ မသိသာလှပေမဲ့ 56K သုံးနေရသူ စာဖတ်သူတွေ အတွက်တော့ အဆင်ပြေသွားတာပေါ့ဗျာ…
Update: I found another website called RankingToday.com, which has a easier to use interface and many more tools to optimize your site.
Source : Gu Gu’ Cybersandbox
Popularity: 7% [?]




ဟုတ်တယ်ဗျ လှချင်လွန်း၊ ဖင်ချွန်းဆိုသလိုပေါ့
လှတော့လှတယ် တော်တော်နဲ့မတက်တော့ဘူး
ekibastos…
ekibastos…
ဘယ်မှာမေးရမှန်းမသိလို့ပါ။ FTP မှာ connect လုပ်တာ 425 No data connection : // ဆိုတဲ့ error ပဲပြတယ်။ ဘယ်လိုဆက်လုပ်ရမလဲဟင်။ ပြီးတော့ upload တင်တာက တော်တော်ကြာလာဗျာ။ ကူညီပါဦး။
လွန်းသွေး
မြန်မာပြည်ကဆိုရင် FTP ကို block ထားပါတယ်။ အခြားနိုင်ငံက ဆိုရင်တော့ FTP setting တွေကို ပြန်စစ်ဆေးကြည့်ပါခင်ဗျာ။
ဒါဆို ဘယ်လိုများဆက်လုပ်ရမလဲဗျ။ အကိုပြောတဲ့ freehostia ပဲသုံးတယ်။ အဲဒီမှာ ftp နဲ့ပတ်သက်တာပါလားဗျ။ နဲနဲလောက်ရှင်းပြပါလား။ အခုမှ စလုပ်ခါစမို့ပါ။ ကျေးဇူး။
လွန်းသွေး
Wordpress Install လုပ်ဖို့အတွက်ဆိုရင် Freehostia ရဲ့ php install ကို အသုံးပြုနိုင်ပါတယ်။ Making Myanmar WordPress Blog မှာ ရေးထားပါတယ်။ Themes တွေ Plugin တွေ တင်ဖို့အတွက်ဆိုရင် Freehostia ရဲ့ Cpanel က File Manager နဲ့ တင်နိုင်ပါတယ်။
မေးရတာလည်း အားနာပါတယ်ဗျာ။ themes တင်ထာ အဆင်မပြေဘူး။ folder လိုက်လည်း တင်လိုမရ။ zip နဲတင်လည်း ဘာမှဆက်မလုပ်တတ်။ မေးလိုရမဲနေရာလေး ပြောပြပါလား။ ဒီမှာမေးရတာ အားနာလိုပါ။
ကိုလွန်းသွေး
freehostia က File manager အသုံးပြုပုံကို ပြန်ကြည့်ပြီး ပြောပေးပါမယ်။ မေးချင်တာကို Q&A မှာ ကောမန့်ချထားရင် ပိုအဆင်ပြေမလားခင်ဗျာ။ နောက်လူတွေလဲ လေ့လာလို့ ရတာပေါ့
thanks for the helping