Expanding Text Plugin

WordPress ရဲ့ More tag ကို မသုံးပဲ Blogger မှာတုန်းကလုပ်သလို Peekaboo ပို့စ် ခေါက်ချင်တယ်ဆိုရင် Expanding Text Plugin ကို သုံးနိုင်ပါတယ်။ ထုံးစံအတိုင်း Plugin ကို Activate လုပ်ပေးရပါမယ်။ Plugin အသုံးပြုနည်းကတော့ ပို့စ် ရေးသားတဲ့အခါ စခေါက်ထားစေချင်တဲ့ နေရာမှာ

<DDET Click to expand!>
Here is your text!
</DDET>

ဒီလို ကုဒ် ထည့်ပေးယုံပါပဲ။ ပို့စ်မှာ Click to expand! ဆိုတာလေး ပေါ်နေမှာဖြစ်ပြီး သူ့ကို click လုပ်ပေးရင် ခေါက်ထားတာတွေကို မြင်ရမှာ ဖြစ်ပါတယ်။ Click to expand! ဆိုတဲ့နေရာမှာလဲ မြန်မာလို အင်္ဂလိပ်လို ကြိုက်သလို ပြောင်းရေးလို့ရပါတယ်။ ပလင်အင် ဒေါင်းလုပ် လင့်ခ် ကို Expanding Text Plugin သုံးပြီးအစမ်းလုပ်ပြထားပါတယ်။

Click here to Download

Popularity: 44% [?]

WordPress နဲ့ မြန်မာဖောင့်

WordPress Blog မှာ မြန်မာလိုကောင်းစွာပေါ်ဖို့ အတွက် အသုံးပြုမယ့် theme ရဲ့ style.css မှာ ဇော်ဂျီဖောင့် Assign လုပ်ပေးရပါမယ်။ ဒါဆိုရင် ဇော်ဂျီဖောင့် ရှိတဲ့ ကွန်ပြူတာတိုင်းမှာ မြန်မာလို ကောင်းစွာမြင်ရပါလိမ့်မယ်။ ဇော်ဂျီဖောင့်မရှိတဲ့ စက်တွေအတွက် eot လုပ်ပေးထားချင်သေးတယ် ဆိုရင်တော့ ဘလော့စပေါ့ eot ထည့်နည်း အတိုင်း style.css ရဲ့ ပေါ်ဆုံးမှာ ထည့်ပေးလို့ရပါတယ်။ ဒါဆို ဇော်ဂျီဖောင့် မရှိလဲ ဖတ်လို့ရပါပြီ။ သတိပြုရမှာက eot လုပ်ထားပေမယ့် ဇော်ဂျီကို sytle.css မှာ Assign လုပ်မထားရင်တော့ မြန်မာလို ပေါ်မှာ မဟုတ်ပါဘူး။ ဇော်ဂျီဖောင့်ကိုလဲ ကောင်းစွာ Assign လုပ်ထားပြီးပြီ ဒါပေမယ့် ??????? တွေပဲ မြင်နေရတယ် ဆိုလျှင် MySQL database မှာ ပြသနာ တတ်တာ ဖြစ်နိုင်ပါတယ်။ MySQL Database Character Encodinig ဟာ UTF-8 ဖြစ်ကို ဖြစ်ရပါမယ်။ မဟုတ်ရင် ဘယ်လို ဇော်ဂျီဖောင့် Assign လုပ်လုပ် မြန်မာလို မြင်ရမှာ မဟုတ်ပါဘူး။

Hosting တွေက ပေးထားတဲ့ Script နဲ့ WordPress Install လုပ်တဲ့အခါ MySQL Encoding က UTF-8 မဟုတ်ပဲ အခြားဟာတွေ ဖြစ်နေတတ်ပါတယ် ( ဥပမာ။ 000webhosting ) ။ MySQL UTF-8 ဟုတ်မဟုတ် စစ်ဆေးကြည့်ဖို့အတွက် Hosting ရဲ့ Control Panel / PHP Admin ကို ၀င်ကြည့်ရပါမယ်။ UTF-8 နဲ့ မတွေ့ပဲ ဒီလိုမျိုး latin1_general_ci သို့မဟုတ် အခြားတခုခု ဆိုရင် MySQL ကြောင့်ဆိုတာ သေချာပါပြီ။

Read more »

Popularity: 61% [?]

Read more…

Link Jumps to More or Top of Page

WordPress မှာ ပို့စ် အရမ်းရှည်နေလျှင် ပို့စ်ခေါက်ဖို့ (သို့) ပို့စ်ခေါင်းစဉ်ကို နှိပ်မှ အပြည့်အစုံ ဖတ်နိုင်စေဖို့ More tag ထည့်သွင်းပေးထားနိုင်ပါတယ်။

wordpress read more

ပိုစ် အပြည့်အစုံ ဖတ်ရှုဖို့ ၀င်ရောက်လိုက်လျှင် More tag ထည့်ထားတဲ့ နောက်ပိုင်းကို တန်းရောက်သွားပြီး စာမြည်းအဖြစ် ဖော်ပြထားတာတွေ ပြန်ဖတ်ဖို့ Scroll up ပြန်ဆွဲပေးနေရတာ သတိပြုမိကြပါလိမ့်မယ်။ Post title (သို့) More… ဆိုတာလေးကို နှိပ်လိုက်ရင် ပို့စ်အစ ကနေ စပြီး ဖေါ်ပြချင်တယ်ဆိုရင် ⁄wp-includes/post-template.php မှာ အနည်းပြောင်းလဲပေးရပါမယ်။

. "#more-$id\">$more_link_text</a>";

ဆိုတဲ့ ကုဒ် ကိုရှာပြီး

."\">$more_link_text</a>";

နဲ့အစား ထိုးပေးလိုက်ရင် အဆင်ပြေပါပြီ။ တစ်ခုပဲ သတိပြုရမှာက WordPress Upgrade လုပ်လိုက်ရင် ပြုလုပ်ထားတာ ပျောက်သွားမှာဖြစ်ပါတယ်။

 

Designing the More Tag

More Tag နဲ့ခေါက်ထားတဲ့ ပို့စ်မှာ More… , Read more… ဆိုတာတွေအစား နှစ်သက်ရာ ပြောင်းလဲချင်တယ် ဆိုရင် အသုံးပြုထားတဲ့ Theme ရဲ့ Index.php မှာ ပြောင်းပေးရပါမယ်။

<?php the_content(__('Read more'));?>

အဲဒီက Read more ဆိုတဲ့နေရာမှာ လိုချင်သလို ပြောင်းရေးပေးလိုက်ရင် အဆင်ပြေပါပြီ။ Post title ကိုပါ ဖော်ပြချင်တယ်ဆိုရင်

<?php the_content("...continue reading the story
called " . get_the_title('', '', false)); ?>

ဒီလို ပြောင်းပေးလို့ရပါတယ်။ ပုံလေးတွေပါ ထည့်ချင်တယ်ဆိုရင်

<?php the_content('Read more...<img src="/images/leaf.gif"
alt="read more" title="Read more..." />'); ?>

အခုလိုထည့်ပေးလိုက်ရင် အဆင်ပြေပါပြီ။

 

Popularity: 28% [?]

အသုံးဝင် WordPress Plugins များ (2)

#4. WP-PageNavi

#5. Shashin

#6. WP-FLV

Read more »

Popularity: 37% [?]

အသုံးဝင် WordPress Plugins များ (1)

#1. All in One SEO Pack

#2. Dagon Design Sitemap Generator

#3. WP-Print

Read more »

Popularity: 24% [?]