PhotoSmash Gallery Plugin

WordPress အတွက် Gallery Plugin တွေ အတော်များများရှိပါတယ်။ အဲဒီထဲမှာ PhotoSmash က သုံးရလဲ အင်မတန်လွယ်တယ်၊ ဒီဇိုင်းနဲ့တင်ပြပုံလဲ ကျွန်တော်လိုချင်တာကို အတိအကျ ဖြည့်ပေးနိုင်တာကြောင့် အတော်ကို နှစ်သက်မိပါတယ်။ အသုံးပြုပုံကို ကြည့်ရအောင်..။ Plugin ကို Activate လုပ်ပြီးရင် Settings အောက်မှာ PhotoSmash ရဲ့ Settings တွေကို တွေ့ရပါမယ်။

PhotoSmash Settings က Gallery အားလုံးအတွက် Default Settings သဘောမျိုးဖြစ်ပါတယ်။ Gallery တခုလုပ်တိုင်းလုပ်တိုင်း ဒီမှာ ပေးထားတဲ့ Settings အတိုင်း တည်ဆောက်သွားမှာဖြစ်ပါတယ်။ သူ့ထဲမှာ Image link (href) css class ဆိုတာက Thickbox, Lightbox စတဲ့ Java နဲ့ပြုလုပ်ထားတဲ့ Effect တွေနဲ့ ပုံကိုတွေ ဖော်ပြဖို့ ဖြစ်ပါတယ်။ Thickbox သုံးမယ်ဆို Thickbox ။ Lighbox သုံးမယ်ဆို Lightbox ဆိုပြီး အဲဒီမှာ ဖြည့်ပေးရပါမယ်။ Thickbox အတွက် PhotoSmash မှ တိုက်ရိုက်သုံးလို့ရပါတယ်။ Lightbox သုံးမယ်ဆိုရင်တော့ Lightbox-2 Plugin ကို ထပ်တင်ပေးရပါလိမ့်မယ်။ “Rel” parameter for image links: မှာက Gallery က ပုံတွေကို Thickbox, Lightbox တို့မှာ ဆက်တိုက်ကြည့်လို့ရမယ့် လင့်ခ် ပါစေချင်တယ်ဆိုရင် [album] လို့ ထည့်ပေးပါမယ်။ တပုံချင်းစီကို ကလစ်နှိပ်ပြီး ကြည့်စေချင်တယ်ဆိုရင်တော့ ဘာမှဖြည့်စရာမလိုပါဘူး။

Gallery Settings ကတော့ Gallery အသစ်လုပ်ဖို့ရယ်၊ လုပ်ပြီးသား Gallery တွေရဲ့ Setting တွေကို ပြောင်းဖို့ဖြစ်ပါတယ်။ အသစ်လုပ်မယ်ဆိုရင် Select gallery: မှာပေးထားတဲ့အတိုင်း <new> ထားပြီး Activated: မှာ ကလစ် လုပ်ပေးပါမယ်။ Gallery အတွက် နာမည်ပေးပြီး Save Gallery နှိပ်လိုက်ရင် Gallery ID နဲ့ တည်ဆောက်ပြီးတဲ့ Gallery တစ်ခု ရပါလိမ့်မယ်။ တည်ဆောက်ပြီးသား Gallery တွေကို Setting ပြောင်းချင်တယ်ဆိုရင် Select gallery: မှာ ပြောင်းချင်တဲ့ Gallery ID ကို ရွေးပေးပြီး Edit နဲ့ စိတ်ကြိုက်ပြောင်းလို့ရပါတယ်။

Photo Manager ကတော့ တည်ဆောက်ထားတဲ့ Gallery အသီးသီးမှာ တင်ထားတဲ့ ပုံတွေကို ပြောင်းလဲနိုင်ဖို့အတွက် ဖြစ်ပါတယ်။

Import Photo က ပို့စ်တွေထဲက ပုံတွေကို Gallery ထဲကို ပြောင်းဖို့ဖြစ်ပါတယ်။

Settings တွေထဲမှာ tab တွေနဲ့ အခြား Setting တွေ အများကြီး ရှိပါသေးတယ်။ ဖတ်ကြည့်ရင် လွယ်လွယ်ကူကူ သဘောပေါက်နိုင်တာမို့ အသေးစိတ်မဖော်ပြတော့ပါဘူး။ Gallery ကို Post တွေ Page တွေမှာ ဖော်ပြဖို့မယ်ဆိုရင် Gallery ဆောက်တုန်းက ရထားတဲ့ ID ကို ထည့်ပေးယုံပါပဲ။ ဥပမာ [photosmàsh id=5] စသဖြင့်ဖြစ်ပါတယ်။ Gallery ထဲကို ပုံတွေ ထပ်တင်မယ်ဆိုရင် WP login ၀င်လိုက်ပြီးရင် Gallery ရဲ့ အပေါ်မှာ ADD PHOTO ဆိုတာကို တွေ့ပါမယ်။ အဲဒီကနေလဲ တင်လို့ရပါတယ်။ Photosmash အသုံးပြုပြီး လုပ်ထားတာကို Photo-Gallery စာမျက်နှာမှာ နမူနာ ကြည့်နိုင်ပါတယ်။

Popularity: 11% [?]

About the Author

admin

One Response to “ PhotoSmash Gallery Plugin ”

  1. လုပ်တာပဲဗျှို့… အဆင်မပြေဘူး
    New Page မှာ သက်သက်လုပ်ချင်ရင် ရပါသလား ထပ်ရှင်ပေးပါဗျ :(

Leave a Reply

You can use these XHTML tags: <a href="" title=""> <abbr title=""> <acronym title=""> <blockquote cite=""> <code> <em> <strong>