Themes Gallery

မြန်မာဝေါ့ပရက်စ် ယူဇာ တွေ အတွက် Theme အလန်းလေးတွေကို ညွှန်းပေးဖို့ စိတ်ကူးနေတာ ကြာပါပြီ။ mmWordPress.com ရဲ့ Page မှာ ပေါင်းထည့်ဖို့ရည်ရွယ်ခဲ့ ပေမယ့် စိတ်တိုင်းမကျ၊ Plugin တွေရှာတော့လဲ အဆင်မပြေနဲ့ နောက်ဆုံး သပ်သပ်ရပ်ရပ်လေး ဖြစ်သွားအောင် http://themesgallery.mmwordpress.com ဆိုပြီး ဆပ်ဒိုမိန်း နဲ့ ဖန်တီးလိုက်ပါတယ်။ Nav bar မှာ Themes site ရဲ့ လင့်ခ် ကိုထည့်ပေးထားပြီး အဲဒီမှသော်လည်းကောင်း တိုက်ရိုက် ၀င်ရောက်ပြီး သော်လည်းကောင်း ကြည့်ရှုနိုင်ပါတယ်။ Themes Gallery မှာ  ပြထားတဲ့ Theme ပုံတွေကို ကလစ်လိုက်ရင် မူရင်း Developer ရဲ့ ဆိုဒ်ကို ရောက်သွားမှာ ဖြစ်ပြီး Demo နဲ့ Download ရယူနိုင်ပါတယ်။ Post Title (theme name) ကို ကလစ်ရင်တော့ ပုံအကြီးနဲ့ မြန်မာလို ရှင်းလင်းချင်ကို တွေ့ရမှာဖြစ်ပါတယ်။ အဲဒီမှာ မေးမြန်းချင်တာတွေကို ကောမန့်ပေးလို့ရပါတယ်။ Themes Gallery မှာ ဖော်ပြနိုင်ဖို့ Themes ကောင်းကောင်းလေးတွေ တွေ့ထားတာရှိရင် ကူညီပြောပြပေးကြဖို့ မေတ္တာရပ်ခံပါတယ်။ ဆိုဒ်ဖြစ်မြောက်အောင် အဖက်ဖက်မှ ကူညီပေးခဲ့တဲ့ ကိုမင်းကျော် နဲ့ ကိုမှော်ဆရာ တို့ကို ကျေးဇူး အထူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါတယ်။

Popularity: 58% [?]

About the Author

admin

11 Responses to “ Themes Gallery ”

  1. Great 5! ပဲ ကိုသင်္ကြန်ကြီး မြန်မာဝါ့ဒ်ပရက်စ် ယူဇာတွေ အတွက် ရှိသင့်နေတာ ကြာပေါ့ဗျာ။ ရှိတဲ့ အိုင်ဒီယာကို ဖြစ်အောင် အကောင်အထည်ဖော်နိုင်တာ လေးစားတယ်ဗျို့.

    mmWordPress ဆက်ပြီး အောင်မြင် တိုးတက် နိုင်ပါစေဗျာ. :)

  2. သိပ်ကောင်းပါတယ်ဗျာ။ ကျွန်တော်တို့လို theme ခဏခဏ ပြောင်းချင်သူတွေ အတွက် အကြိုက်ပေါ့။ သိပ် တန်ဖိုး ရှိပါတယ်။ ကျေးဇူးလဲ တင်ပါတယ်။
    မေးချင်တာလေး တွေကိုတော့ Q&A မှာဘဲ မေးတော့မယ်။
    အောင်မြင်ပါစေဗျာ။
    ပိုးဟပ်

  3. ကျွန်တော်က Top Wp Themes ထဲက Themes တွေကို ကြိုက်တယ်ဗျ။ အဲဒီမှာ Theme အပျံစားတွေ ရှိတတ်တယ်ဗျ။

    http://topwpthemes.com/

  4. ကျေးဇူး ကိုဟန်သစ်ငြိမ် ကျနော် ရှာပြီးထည့်လိုက်မယ် :)

  5. ကလိစရာတော့ ထပ်ရပြီပေါ့။

    ကျေးဇူး အထူး။

    ဒီမှာ http://www.yvoschaap.com/wpthemegen/

    ကိုယ့်ဖာသာ တန်းပလိပ် ဆွဲလို့ ရတယ်။

    သင်ကာ

  6. ဒါလေးလည်း ကောင်းတယ်။

    http://www.wpthemedesigner.com/category/free-themes/

  7. ကျေးဇူးပါ ကိုသင့်ရေ… အသစ် အသစ် တွေရင်လဲ လာလာညွှန်းပေးပါဦး :)

  8. ကျေးဇူးပါခင်ဗျာ… အခုပဲ သွားကြည့်နေပြီ…. ပျော်ရွှင် အဆင်ပြေပါစေ :)

  9. ကိုယ့်ဆရာရေ အဲဒီကို ဒိုးလိုက်ဦးမယ်.. ညွှန်းပေးတာ ကျေးဇူး ဖရီးတင်တယ်ဗျို့. :)

  10. ကောင်းတယ်ဗျာ..။ အားမှ ကလိဦးမယ်။ :)

  11. ကျေးဇူးပါပဲ ဗျို့ ကျွန်တော် wordpress site တစ်ခုအသစ်လုပ်ဖို့ theme ရှာနတာ အတော်ပဲ..။ Theme အလန်းလေးတွေနဲ့ ကလိလိုက်အုန်းမယ်။