Upgrade WordPress

လက်ရှိအသုံးပြုနေတဲ့ WordPress ကို ပိုမြင့်တဲ့ version upgrade လုပ်မယ်ဆိုရင် ပထမဆုံး backup ကို သေချာ လုပ်ထားရပါမယ်။ Dashboard / Manage / Export ကနေ xml format နဲ့ backup တစ်ခု မရှိမဖြစ် လုပ်ထားရပါမယ်။ http://wordpress.org/download က upgrade လုပ်ချင်တဲ့ wordpress နောက်ဆုံးဗားရှင်း ကို ဒေါင်းလုပ်ချပါ။ မိမိအသုံးပြုနေတဲ့ hosting က file manager နဲ့ ဖြစ်ဖြစ်၊ zip ဖြေပြီး ftp software နဲ့ဖြစ်ဖြစ် wordpress install လုပ်ထားတဲ့ folder ထဲကို upload တင်ပါ။ ဥပမာ။ ။ byethost မှာတင်ထားတဲ့ wordpress ဆိုရင် urblogname/htdocs အောက်ကိုပေါ့။ plugins တွေ themes တွေ တင်တဲ့ ပုံစံမျိုး အတိုင်းပါပဲ။ အရင်ရှိပြီးသား ဗားရှင်းအဟောင်းက ဖိုင်တွေကို over wirte လုပ်မလားလို့ မေးခဲ့ရင် yes ပေးလိုက်ပါ။ အားလုံးပြီးရင် web browser နဲ့ http://urblogname/wp-admin/upgrade.php ကိုဖွင့်လိုက်ပါ။ urblogname နေရာက မိမိ blog နာမည်ဖြစ်ပါတယ်။ ဥပမာ ကျွန်တော်တို့၏စပ်မိစပ်ရာ ဘလော့ဂ်ဆိုရင် http://smsy.iblogger.org/wp-admin/upgrade.php ပေါ့ဗျာ။ ဖွင့်လို့ရပြီဆိုရင် ပုံစံ ၂ ဖြစ်နိုင်ပါတယ်။ database upgrade လုပ်စရာ မလိုတဲ့ အဆင်မြင့်တာမျိုး ဆိုရင် No Upgrade Required ဆိုပြီး တတ်လာမှာဖြစ်ပါတယ် Continue နှိပ်ပေးယုံပါပဲ။ database upgrade လုပ်ဖို့လိုတယ် ဆိုရင်တော့ Upgrade WordPress ဆိုပြီး ပေါ်လာပါမယ် သူပေးထားတဲ့ အတိုင်း click လုပ်ပေးပြီးရင် upgrade လုပ်တာ အောင်မြင်ပါပြီ။

Popularity: 9% [?]

About the Author

admin

7 Responses to “ Upgrade WordPress ”

  1. စလိုက်ပြီပေါ့။ ကောင်းတယ်ဗျာ ကိုသင်္ကြန်။ အားပေးတယ်ဗျို့။ :)

  2. ကောင်းတယ်ဗျို့။ ဒီလိုလေး ဖြစ်လာတာ။ ကျနော် လာလာ Check နေပါတယ်။ ပြင်ဆင်နေတုန်းမို့ စောင့်မျှော် အားပေးနေတာပါ။

    သင်ကာ

  3. ဗား၇ှင်းထပ်မြှင့်ဖို့ လုပ်တာ ညနေ ၅နာရီလောက်ကuplode တင်လိုက်တာ မနက်အထိတောင်မပြီးပါလား… ကယ်ပါဦး ဘယ်လိုတင်ရမလဲ.. Loading က ပြီးကိုမပြီးနိုင်ဘူး။
    Zip ဖိုင်နဲကဘဲတင်ပါတယ်။ မရနေလို့ပါ

    နည်းလမ်းလေး မစ ပါဦး :(

  4. [...] ကိုသင်္ကြန်ရဲ့ WP Upgrading မြန်မာ ဗားရှင်း [...]

  5. အခု ပိုစ်လေးအတွက် ကျေးဇူးပါခင်ဗျာ …
    အခုဆို ကျနော်ဆိုဒ်လေးက wp 2.6 နဲ့ update ဖြစ်သွားပါပြီး ….
    ကျေးဇူးပါ ….

  6. [...] လုပ်မယ်ဆို ဒီမှာ ဒေါင်းလုပ်ချပြီး how to upgrade wordpress ထဲမှာရေးထားသလို သုံးနေတဲ့ hosting ကို upload [...]

  7. ကိုသင်္ကြန်ရေ
    ဒီပိုစ်လေးကို ကျနော် ဘလော့ မှာ ပြန်ဖော်ပြထားပါတယ် …
    ကြိုတင်အကြောင်းမကြားနိုင်တာရယ် ….
    အွန်းလိုင်းမရောက်ဖြစ်လို့ အခုမှ ပြောပြနိုင်တဲ့အတွက်ကို ခွင့်လွတ်ပေးပါဗျာ