URL Redirect
ကျွန်တော်တို့ မြန်မာ ဘလော့ဂါ တွေ အကြောင်းကြောင်းကြောင့် (သိတော်မူကြတဲ့အတိုင်း) ဘလော့ဂ် လိပ်စာပြောင်း (အိမ်ပြောင်း) ကြလေ့ရှိပါတယ်။ ကျွန်တော်ဆိုရင်လဲ Blogspot က WordPress , WordPress က iblogger, iblogger က mmwordpress ဆိုပြီး ပြောင်းခဲ့တာ ၄ ခါတောင် ရှိပြီ။ ဘလော့ဂ်လိပ်စာ (url) ပြောင်းတဲ့ အခါ လာလည်တဲ့လူတွေ အခက်အခဲ မရှိစေဖို့ url redirect လုပ်ပေးထားနိုင်ပါတယ်။ ဒါဆိုရင် လိပ်စာဟောင်း ကို သွားလဲ အိမ်သစ် ဆီကို အော်တိုရောက်လာကြမှာ ဖြစ်ပါတယ်။ Blogger ကနေ အခြားကို ပြောင်းဖို့ အတွက် Template ရဲ့ အစပိုင်း <head> နဲ့ </head> ကြားမှာ
<meta http-equiv=”refresh” content=”0;url=http://newurl.com”>
ဆိုပြီးထည့်ပေး ရပါမယ်။ ဒီနည်းလမ်းဟာ အဆင်ပြေပေမယ့် Blogger ကို အရင် Load လုပ်ရမှာဖြစ်လို့ နည်းနည်းတော့ ကြာပါတယ်။ iblogger ကနေ အခြား တခုခု ကိုပြောင်းမယ်ဆိုရင် WordPress install လုပ်ထားတဲ့ root directory မှာ .htaccess နာမည်နဲ့ ဖိုင်တခု တည်ဆောက်ပေးရပါမယ်။ Notepad သို့မဟုတ် Text editor တခုခုမှာ
Options +FollowSymLinks
RewriteEngine on
RewriteRule (.*) http://newurl.com/$1 [R=301,L]
http://newurl.com နေရာမှာ လိပ်စာသစ် ကိုဖြည့်ပြီး ဖိုင်နာမည် တခုခုနဲ့ save ပါမယ်။ ဘာကြောင့်လဲ ဆိုတော့ .htaccess နာမည်နဲ့ ကွန်ပြူတာမှာ ဖိုင်နာမည်ပေးလို့ မရတာကြောင့်ပါ။ အဲဒီဖိုင်ကို WordPress တင်တားတဲ့ root directory ကို FTP နဲ့ဖြစ်ဖြစ် Hosting က File Mangaer နဲ့ဖြစ်ဖြစ် တင်ပေးပါမယ်။ Server ပေါ်ရောက်သွားပြီ ဆိုမှ ဖိုင်နာမည်ကို .htaccess ဆိုပြီး ပြန်ပြောင်းပေးရပါမယ်။ ဒါဆိုရင် အိုကေ ပါပြီ။ RSS နဲ့ ဖတ်ရှုသူတွေအတွက်ပါ အဆင်ပြေတာကြောင့် လိပ်စာ ပြောင်းထားမှန်းတောင် သိကြမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဘယ်လိုဖြစ်ဖြစ် လိပ်စာသစ်ကို လာလည်တဲ့လူတွေ သိအောင်တော့ လုပ်ပေးရပါမယ်။ မဟုတ်ရင် ခုန်ပျံကျော်လွှား နေရဦးမှာမို့ လိပ်စာသစ် ပြောင်းရခြင်း အဓိပ္ပါယ် မရှိ ဖြစ်နေပါလိမ့်မယ်။

ကောင်းတယ်ဗျို့. မှတ်သားဖွယ်တွေပါပဲ ကိုသင်္ကြန်ရေ.. အားပေးလျက်ပါ.
http://www.kingofstar.iblogger.org ကနေ http://www.kingofstar7.com ကို ပြောင်းလိုက်ပါပြီ..
ဒါဆိုရင် ဒီအပေါ်က ဟာကိုသုံးလို့ရပါသလား.. ကျွန်တော်ကတော့ ထည့်ထားပေမယ့် မပြောင်းလဲလို့.. သုံးလို့ရမရမေးကြည့်တာပါ..
ကျေးဇူးတင်ပါတယ်
အစ်ကို
ပြောင်းတာလဲမရဘူးဖြစ်နေတယ်………….
ကျွန်တော့်ဆီကို ကျေးဇူးပြုပြီးတော့ လေ email ပို့ပေးလို့ရလားမသိဘူးအစ်ကို ကျေးဇူးတင်ပါတယ်အစ်ကို့ကို…………………ညီလေးလဲပြောင်းကြည့်တာပဲဒါပေမယ့်မလုပ်တတ်တာလား မရတာလား မသိဘူး အစ်ကို ပြောပြပေးပါဦး ………………..