အသုံးဝင် WordPress Plugins များ (1)
#1. All in One SEO Pack
#2. Dagon Design Sitemap Generator
#3. WP-Print
All in One SEO Pack
SEO ( search engine optimization ) အတွက် အသုံးဝင်တဲ့ plugin တစ်ခုပါ။ blog title ၊ Description တွေတွင်မက post တစ်ခုချင်းအလိုက် meta tags တွေ၊ keyword တွေထည့်သွင်းလို့ရအောင် ကူညီပေးတဲ့ plugin ကောင်းတစ်ခုပါ။ Plugin features မှာ ဖတ်ကြည့်ရင် ပိုရှင်းနိုင်ပါတယ်။ ထုံးစံအတိုင်း ပလပ်အင် ကို ဒေါင်းလု ချ Activate လုပ်ပြီးရင် WordPress dashboard / settings မှာ မိမိ blog နဲ့ပါတ်သက်တဲ့ အချက်အလက်တွေကို ထည့်ပေးရမယ်။

Home Title မှာ ဘလော့ဂ် နာမည်။ Home Description မှာ မိတ်ဆက်သဘောမျိုး အကြောင်းအရာ အနည်းငယ်နဲ့ Home Keywords မှာတော့ ထည့်သွင်းချင်တဲ့၊ မိမိတို့ ဘလော့ဂ်ရဲ့ လူအများ စိတ်ဝင်စား နိုင်တဲ့ keywords တွေကို ထည့်ပေးရမှာ ဖြစ်ပါတယ်။ Browser ရဲ့ Titlebar မှာ နှစ်သက်သလို ဖော်ပြနိုင်ဖို့အတွက် post tilte format, page title format တွေကိုလဲ ပြောင်းလဲ ပေးနိုင်ပါသေးတယ်။ မသေချာရင်တော့ သူ့ Default အတိုင်း ထားတာ အကောင်းဆုံးပါပဲ။ ပို့စ် တစ်ခုချင်းစီမှာလဲ Title, Description, keywords တွေကို ထည့်သွင်းပေးလို့ရပါသေးတယ်။
Post တစ်ခုချင်းစီမှာ keywords ထည့်သွင်းပေးဖို့အတွက် Write Post ရေးတဲ့နေရာ အောက်ဖက်မှာ ပုံမှာပြထားတဲ့အတိုင်း All in One SEO Pack ဆိုတာကို တွေ့ရပါလိမ့်မယ်။ ပို့စ် ရဲ့ အကြောင်းအရာအလိုက် Title, Description, keywords တွေကို ထည့်သွင်းပေးနိုင်ပါတယ်။
***************
Dagon Design Sitemap Generator
ဘလော့ဂ် မာတိကာ ပုံစံမျိုး Sitemap ပြုလုပ်ချင်ရင် သူက အကူညီပေးနိုင်ပါတယ်။ Category အလိုက် ခွဲခြားပြထားပေးပြီး comments count လဲ ပြပေးနိုင်ပါတယ်။ sitemap ပုံစံကို mmwordpress / sitemap မှာကြည့်နိုင်ပါတယ်။ Plugin Activate လုပ်ပြီးရင် Dashboard / Settings / DDSitemapGen မှာ နှစ်သက်သလို ရွေးချယ်ပေးရပါမယ်။
Sitemap ဖော်ပြဖို့အတွက် Sitemap သို့မဟုတ် နှစ်သက်ရာ အမည်နဲ့ Page တစ်ခု တည်ဆောက်ရပါမယ်။ Write Page ရဲ့ HTML မှာ
<!—ddsitemapgen –>
ဆိုတဲ့ ကုဒ်ကို ထည့်ပေးရပါမယ်။

ဒါဆိုရင် အဆင်ပြေပါပြီ။ plugin ကို ဒီမှာ ဒေါင်းလု ချနိုင်ပါတယ်။
***************
WP-Print
ဒီ ပလပ်အင် ကတော့ WordPress ပို့စ်တွေ ကောမန့်တွေကို Printer Friendly ဖြစ်အောင် ပြုလုပ်ပေးဖို့အတွက်ဖြစ်ပါတယ် ( blogger အတွက် ကိုရန်အောင် တင်ပြထားသကဲ့သို့ ) ။ Plugin Activate လုပ်ပြီး Dashboard / Settings / Print မှာ လိုအပ်သလို Print Option ကို ပေးရပါမယ်။ အဓိက အားဖြင့်ကတော့ Print Comments ပေးမပေး အချက်တစ်ခုတည်းပါပဲ။

Plugin အဆင်ပြေပြေ အလုပ်လုပ်စေဖို့အတွက် Dashboard / Settings / Permalinks မှာ setting တွေ ဘာမှ မပြောင်းလဲပဲ Save Change သက်သက် တစ်ခါ နှိပ်ပေးပါမယ်။
မပြီးသေးပါဘူး ပို့စ်မှာ Print this post ဆိုတဲ့ ပုံလေး ပေါ်ဖို့ Theme မှာ နည်းနည်းပြင်ရပါဦးမယ်။ အသုံးပြုနေတဲ့ Theme ရဲ့ single.php မှာ ကုဒ်တစ်ခု ထည့်သွင်းပေးရပါမယ်။ Dashboard / Design / Theme Editor ကို ၀င်ပါမယ်။ ညာဘက်ဘေးမှာရှိတဲ့ Single Post (single.php) ကိုနှိပ်ပေးပါမယ်။ Editor Box ထဲမှာ
<?php while (have_posts()) : the_post(); ?>
ဆိုတဲ့ ကုဒ်ကို ရှာပါမယ်။ သူ့အောက်မှာ
<?php if(function_exists('wp_print')) { print_link(); } ?>
ထပ်ဖြည့်ပေးလိုက်ပါမယ်။
ဒါဆိုရင် အဆင်ပြေပါပြီ။ အကယ်၍ <?php while (have_posts()) : the_post(); ?> ဆိုတဲ့ကုဒ် ရှာမတွေ့ခဲ့ရင် [Edit] ဆိုတာကို ရှာကြည့်နိုင်ပါတယ်။ [Edit] ရှိတဲ့ကုဒ်တွေရဲ့ အဆုံးမှာ ထည့်ပေးရင်လဲ ဖြစ်ပါတယ်။
Print ထုတ်ချင်တဲ့ Post ကို နှိပ်လိုက်ရင် Printer icon လေးနဲ့ Print this post ဆိုတာတွေ့ရပါမယ်။ Icon လေးကို နှိပ်လိုက်ရင် Post Content တွေ Comments တွေအပြင် ပို့စ် Url, Links တွေပါမကျန် အဆင်ပြေပြေ ရိုက်ထုတ်နိုင်တာကို တွေ့ရပါမယ်။
plugin ကို ဒီမှာ ဒေါင်းလု ချနိုင်ပါတယ်။
***************







ကိုသင်္ကြန်ကြီးရေ… အားလုံးအတွက် အဆင်ပြေတာတွေ လုပ်ပေးတဲ့ အတွက် ကျေးဇူးပါ…
ကျေးဇူးပါ။
ကျေးဇူးပါပဲဗျာ အဆင်ပြေသွားပြီ ဗျို့
အကိုရေ ကျနော် wp_print မှာcodeဖြည့် တာမရဘူးဖြစ်နေတယ်။ writable ဖြစ်အောင်ဘယ်လိုလုပ်ရမလဲ၊ ရှင်းပြပါအုံး။ အခုဟာကsaveလို့ မရဘူးဖြစ်နေတယ်။
အစ်ကိုရေ save လုပ်တာက လုပ်လို့ရတယ်။ အကုန်လုံးလဲလိုက်လုပ်ပြီးပြီ။ ဘာမှမပေါ်ဘူးဘာဆိုဘာမှ မပြောင်းလဲဘူးဖြစ်နေတယ်။ လုပ်ကြပါဦးနော်။
ကိုသော်ဇင်
writable ဖြစ်အောင် wp-content/plugins folder ကို permission ပြောင်းပေးရပါမယ်။ wp blog ပြုလုပ်နည်း ebook မှာ တင်ပြပေးထားတယ်။
အကြောင်းပြန်နောက်ကျတဲ့အတွက် sorry ပါဗျာ
ကိုbreezes
ဘယ် plugin ကို ပြောတာပါလဲ ခင်ဗျာ။
အကြောင်းပြန်နောက်ကျတဲ့အတွက် sorry ပါဗျာ