အသုံးဝင် WordPress Plugins များ (2)

#4. WP-PageNavi

#5. Shashin

#6. WP-FLV

WP-PageNavi

ဒီ Plugin ကတော့ ကျွန်တော်တို့ ဘလော့ဂ် အောက်ဆုံးနားမှာ နောက်စာမျက်နှာကိုသွားဖို့ « Previous Page , Next Page » တွေအစား စာမျက်နှာ နံပါတ်နဲ့ ပြပေးနိုင်ဖို့အတွက် ဖြစ်ပါတယ်။

page navi, page number

plugin ကို activate လုပ်ပြီး သုံးနေတဲ့ theme မှာ အဆင်ပြေပြေ ဖော်ပြနိုင်ဖို့ အနည်းငယ် ပြင်ဆင်ပေးရပါမယ်။ Theme အများစုအတွက် footer.php မှာ

<?php if(function_exists('wp_pagenavi')) { wp_pagenavi(); } ?>

ဆိုတဲ့ ကုဒ် ထပ်ထည့်ပေးလိုက်ယုံပါပဲ။ ပလပ်အင် ရဲ့ default အရောင်နဲ့ အသုံးပြုနေတဲ့ theme မလိုက်ဖက်ခဲ့ရင် သူ့မှာပါတဲ့ pagenavi-css မှာ ပြင်လို့ရပါတယ်။ ဒေါင်းလု နှင့် ရှင်းလင်းချက်များကို lesterchan.net မှာရယူနိုင်ပါတယ်။

***************

Shashin

Picasa web album က ပုံတွေကို WordPress Blog မှာ ဖော်ပြဖို့ အတော် အသုံးတည့်တဲ့ plugin တစ်ခုပါ။ ပလပ်အင် အသုံးပြုထားတဲ့ နမူနာကို ဒီမှာ ကြည့်နိုင်ပါတယ်။ ဒေါင်းလုချ activate လုပ်ပြီး Dashboard / Settings / Shashin မှာ Full-size image display: Highslide image size: တို့ကို လိုအပ်သလို ချိန်းပေးရပါမယ်။

shashin option

ပြီးရင် Dashboard / Manage / shashin မှာ အသုံးပြုမယ့် Picasa account ကိုထည့်ပေးရပါမယ်။

shashin picasa

Picasa က album တွေကို sync လုပ်ပြီးသွားရင် Your Album ဆိုပြီး Picasa မှာ တင်ထားတဲ့ Album တွေ ပုံတွေကို အခုလိုတွေ့ရမှာဖြစ်ပါတယ်။

shashin album

Album Title ကိုနှိပ်ကြည့်မယ်ဆိုရင် Album ထဲ က ပုံတွေကို တွေ့ရပါမယ်။

shashin photo

Post မှာ ablum တစ်ခုလုံးအလိုက်ပြချင်ရင် အ၀ါနဲ့ ပြထားတဲ့ [salbum=xxxxx] ကုဒ်ကို ထည့်ပေးရမှာဖြစ်ပါတယ်။ ပုံတစ်ချင်း အနေနဲ့ တင်ချင်တယ်ဆိုရင်တော့ [simage=xxxxx] စတဲ့ကုဒ်တွေကို ပို့စ် မှာ ထည့်အသုံးပြုရမှာဖြစ်ပါတယ်။ ဒါတွင်မကသေးပဲ blog ရဲ့ sidebar မှာ အသုံးပြုဖို့အတွက် widgets 5 ခုပေးထားတာကိုလဲ တွေ့ရပါလိမ့်မယ်။ လိုအပ်သလို အသုံးပြုနိုင်ပါတယ်။

shashin sidebar

plugin ဒေါင်းလု လုပ်ဖို့နဲ့ အသုံးပြုပုံ ရှင်းလင်းချက်များကို http://www.toppa.com/shashin-wordpress-plugin မှာ ကြည့်ရှုနိုင်ပါတယ်။

***************

WP-FLV

YouTube , Google Video တို့မှာ မဟုတ်ပဲ ကိုယ်ပိုင် File Hosting တစ်ခုခုမှာ သိမ်းထားတဲ့ FLV video တွေကို တင်ချင်တယ်ဆိုရင် ဒီ Plugin ကို အသုံးပြုနိုင်ပါတယ်။ အသုံးပြုဖို့အတွက် ပလပ်အင်ဖိုင် နဲ့ FLV ဗီဒီယိုဖွင့်နိုင်ဖို့အတွက် Player တစ်ခု လိုအပ်ပါတယ်။ အားလုံးကို စုစည်းပေးထားပြီး ဒီမှာ ဒေါင်းလု ရယူနိုင်ပါတယ်။ wp-flv.php ဖိုင်ကို plugins folder ထဲကို upload တင်ပေးရပါမယ်။ mediaplayer.swf ကိုတော့ မိမိ အသုံးပြုတဲ့ File Hosting တစ်ခုခုကို တင်ပေးရပါမယ်။ plugin activate လုပ်ပြီး Dashboard / Settings / wp-flv မှာ mediaplayer.swf တင်ထားတဲ့ နေရာကို ညွှန်းပေးရပါမယ်။ ဒါဆိုရင် plugin သုံးဖို့ အဆင်သင့် ဖြစ်ပါပြီ။

wp-flv option

FLV Video တင်ဖို့အတွက် Write Post မှာ နမူနာ ပြထားတဲ့အတိုင်း ကုဒ် ထည့်ပေးလိုက်ရင် အဆင်ပြေပါပြီ။

<flv href=http://yourfilehost.com/xxxxx.flv >

http://yourhost.com/xxxx.flv နေရာမှာ ဗီဒီယို ဖိုင်တင်ထားတဲ့ လိပ်စာကို ထည့်ပေးရမှာဖြစ်ပါတယ်။ ပလပ်အင်အတွက် ရှင်းလင်းချက်များကို http://roel.meurders.nl မှာဖတ်နိုင်ပြီး အသုံးပြုထားတဲ့ နမူနာ ကိုတော့ ဒီမှာ ကြည့်နိုင်ပါတယ်။

***************

Popularity: 37% [?]

About the Author

admin

8 Responses to “ အသုံးဝင် WordPress Plugins များ (2) ”

  1. ကျေးဇူးအနန္ဒပါ ကိုသင်္ကြန် ….
    ကိုသင်္ကြန်ပြောပြတဲ့ plugins တွေသုံးချင်လို့လိုက်ရှာနေတာကြာပြီ …..
    အခုတော့ ကျနော်ဆန္ဒတွေပြည့်ဝသွားပြီ :)

  2. ကိုယ့်ဆရာရေ
    ခင်ဗျားကို သိပ်ကျေးဇူးတင်တယ်ဗျို့။
    ခင်ဗျားဆီက ပညာတွေ အများကြီး ကျုပ်ရလိုက်တယ်။
    ကျုပ် ဆိုက်ကလေးကိုလည်း လာကြည့်ပေးဦးဗျာ။
    လိုအပ်တာရှိရင် ပြောပြပေးပါသွားပါဦး။
    ကျုပ်ဆိုက်ကဒီမှာ
    http://mawkunthit.freehostia.com

  3. ကျွန်တော် WP-PageNavi ကိုလုပ်ကြည့်တာ မပေါ်ဘူးအကိုရေ
    ဘယ်လိုဖြစ်တာလဲတော့မသိဘူး footer.php မှာပဲ code က
    ပြင်ရတာလားအကို.. ပြီးတော့ ကိုယ့်ဘလော့ရဲ့ WP Version
    ကို ဘယ်မှာ ကြည့်လို့ရနိုင်သလဲခင်ဗျာ.. ကျေးဇူးပြုလို့ ဖြေပေးပါအုံး

  4. အလွယ် footer.php မှာ ထည့်လဲရတယ် ဒါမှမဟုတ် index.php archive.php single.php တို့မှာ theme အပေါ်မူတည်ပြီး ထည့်ပေးနိုင်ပါတယ်။

  5. အကိုရေ၊အကိုပြောတဲ့wp-pagenavi version 2.40ကိုကျနော်အင်စတောလုပ်ထားပါတယ်။ ပြီးတော့plug in ကို activate လုပ်ထားပါတယ်။ အကိုပြောတဲ့အတိုင်း ကုဒ်ကိုလည်း footet.phpမှာလည်းထည့်ထားပါတယ်။ဒါပေမဲ့ဆိုဒ်မှာစာမျက်နှာမပေါ်ဘူးဖြစ်နေတယ်။ဘယ်လိုလုပ်ရမလဲ
    ဆိုတာလေးလမ်းညွှန်ပေးပါအုံးခင်ဗျာ။

  6. သော်ဇင်
    footer.php မှာ အဆင်မပြေရင် index.php မှာဖြစ်နိုင်ပါတယ်။
    <div class=”navigation”>
    <span class=”previous-entries”>xxxxxxxxxxxx………………..
    <div>
    အစရှိတဲ့စာကြောင်းတွေကို ရှာပြီး စာလုံးအထူပြထားတဲ့ ကုဒ်တွေကို page navi code နဲ့ အစားထိုးပေးရပါမယ်။

  7. Hi brother

    How are you? I hope you are in good health and very well. As for me, I am fine. What are you doing? I think you are very busy with you job and website.

    I would like to know about Wordpress, because I very interested to learning about website. I need to you help me, I am not care about WP-PageNavi.
    Where I need to put this code, please tell to me step by step
    I already download to it and already copy this code.

  8. အကိုရေ
    wp-pagenavi version 2.40ကိုလုပ်ကြည့်တာ မပေါ်ဘူး
    အဆင်ပြေမဲ့ Theme လေးရှိရင်ပေးပါလား…
်footer မှာကော index မှာကောအဆင်မပြေလို့ ပါ…
    Plz..