အသုံးဝင် WordPress Plugins များ (3)

Feed Reading Blogroll
Blogger Style Blog List လဲ လုပ်ချင်တယ် Yahoo Pipe လုပ်ရမှာလဲ စိတ်ရှုပ်တယ်ဆိုရင် Feed Reading Blogroll Plugin ကို အသုံးပြုနိုင်ပါတယ်။ Plugin အလုပ်လုပ်ဖို့အတွက် အဆင့်အတော်များများ ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ စိတ်ညစ်မသွားပါနဲ့ :) လွယ်လွယ်လေးပါ။ တဆင့်ခြင်း လေ့လာကြည့်ရအောင်….

၁။ ။ ထုံးစံအတိုင်း Plugin ဖိုင်တွေကို wp-content ထဲကို upload တင်ပါမယ်။ Plugin Active မလုပ်ခင် wp-content folder ကို writable ဖြစ်အောင် (chmod 777) ပြုလုပ်ပေးဖို့လိုအပ်ပါတယ်။

၂။ ။ Plugin Activate လုပ်ပြီးရင် Dashboard / Settings အောက်မှာ Feed Reading Blogroll ဆိုပြီး တွေ့ရပါလိမ့်မယ်။ အသုံးပြုနေတဲ့ FTP Program ကိုပြန်သွားပါမယ်။ wp-contnet folder ထဲမှာ feedreading_blogroll.js ဆိုတဲ့ ဖိုင် အသစ်တခု ရှိနေတာ တွေ့ရပါလိမ့်မယ်။ အဲဒီဖိုင်ကို (chmod 777) ပေးပါမယ်။

၃။ ။ Plugin အသုံးပြုဖို့အတွက် Google API Key လိုအပ်ပါတယ်။ လင့်ခ် အတိုင်းသွားပြီး API Key ကို ရယူပါမယ်။ Dashboard / Settings / Feed Reading Blogroll ကို ပြန်သွားပြီး API Key ကို ဖြည့်ပေးပါမယ်။ ဒါဆိုရင် 50% ပြီးစီးပါပြီ :P

၎။ ။ API Key ထည့်ပြီးရင် အခြား Setting တွေကို ကြည့်ရအောင်။ Blogroll Title for sidebar widget ဆိုတာက ကျွန်တော်တို့ Sidebar မှာ ထည့်ရင် ခေါင်းစဉ်ပေးဖို့ ဖြစ်ပါတယ်။ Link categories ဒီကောင်က နည်းနည်းအရေးကြီးပါတယ်။ WP မှာ Links တွေကို categories ခွဲပေးလို့ရတာ သိကြပါလိမ့်မယ်။ ဘယ် link cateories တွေကို Feed reading Blogroll အနေနဲ့ ပြမလဲ ဆိုတာကို ဒီမှာ ရွေးပေးရပါမယ်။ Default ပါလာတဲ့ Blogroll ကို မပေးချင်ရင် Dashboard / Links / Link Categories မှာ categories အသစ်ပြုလုပ်ပေးရပါမယ်။ နောက်တခု လုပ်ပေးရမှာက Display Options အပိုင်းမှာ ဖြစ်ပါတယ်။ ကျွန်တော်ကတော့ Show update-information, Show title of latest post, Show icon ,Enable bookmark preview အားလုံးကို check ပေးပါတယ်။ စိတ်ကြိုက်ပြောင်းကြည့်နိုင်ပါတယ်။

၅။ ။ Plugin settings တွေကို ချိန်ပြီးရင် Sidebar မှာ ဖော်ပြဖို့ widget add ပေးရပါမယ်။ Dashboard / Appearance / Widgets ကိုသွားပါမယ်။ Live Blogroll ဆိုတဲ့ Widget ကို ရှာပြီး add ပေးပါမယ်။

၆။ ။ နောက်ဆုံး အဆင့်အနေနဲ့ ဖော်ပြချင်တဲ့ Links တွေကို add ပေးပါမယ်။ Dashboard / Links / Add New ကိုသွားပါမယ်။ ပုံမှန်အတိုင်း Name, Web address တွေ ဖြည့်ပါမယ်။ Categorie မှာ အဆင့်၎ တုန်းက ပေးထားတဲ့ Categorie ထဲကိုထည့်ပေးရပါမယ်။ အောက်ဖက်ကို ဆက်သွားပါမယ်။ Advance ဆိုတာကို တွေ့ရပါလိမ့်မယ်။ အဲဒီမှာ Link ရဲ့ RSS Address ကိုပါ ထည့်ပေးရပါမယ်။ ဒါမှသာ အဆင်ပြေပြေ ပေါ်ပါလိမ့်မယ်။ အားလုံးပြီးစီးပါပြီ။ Blog ရဲ့ Sidebar မှာ Feed reading Blogroll နဲ့ ဂွတ်နေတာ တွေ့ရပါလိမ့်မယ် :) ။ ကျွန်တော်လုပ်ထားတဲ့ နမူနာကို စပ်မိစပ်ရာ မှာ ကြည့်နိုင်ပါတယ်။

Popularity: 91% [?]

About the Author

admin

One Response to “ အသုံးဝင် WordPress Plugins များ (3) ”

  1. [...] ဒီ့ထက်ပိုပြီး အသေးစိတ် သိလိုပါက mmwordpress ကရေးသားထားတဲ့ ပို့စ်ကို ဖတ်ရှုလေ့လာနိုင်ပါတယ်။ [...]