Using WrodPress (1)

ကျွန်တော်တို့ wordpress installation လုပ်ပြီးပြီဆိုရင် နောက်တစ်ဆင့် ပို့စ်တွေတင်မယ်၊ option တွေကို လိုချင်သလို ချိန်ညှိမယ်ပေါ့။ admin အကောင့်နဲ့ login ၀င်လိုက်ရင် ဒီလိုပုံစံမျိုး တွေ့ရပါမယ်။

Wordpress မှာ tab 9 ပိုင်းခွဲခြား ထားတာကို တွေ့ရပါမယ်။

1.Dashboard : က login ၀င်လိုက်ရင် ပထမဆုံး တွေ့ရတဲ့ tab ဖြစ်ပါတယ်။ wordpress နဲ့ပါတ်သက်တဲ့ နောက်ဆုံးသတင်းတွေ၊ နောက်ဆုံးတင်ခဲ့တဲ့ ပို့စ်တွေ၊ ကောမန့်တွေ အစရှိတာတွေကို ဖော်ပြထားတာကို တွေ့ရပါမယ်။
2.Write : ဒီအပိုင်းကတော့ ကျွန်တော်တို့ အမြဲဝင်ရမဲ့နေရာပါ။ ပို့စ်တွေကို ဒီမှာရေးရမယ်လေ။
3.Manage : ကျန်တော်တို့ ရေးခဲ့တဲ့ ပို့စ်တွေ၊ page တွေ၊ ပြင်ဆင်ဖို့ အတွက်ဆို ဒီမှာ လာလုပ်ရမယ်။ နောက် အခြား ဘလော့ဂ်က ပို့စ်တွေ import လုပ်တာတို့၊ ဘလော့ဂ်ကို backup အတွက် export လုပ်တာတို့လဲ ဒီမှာ လုပ်ရမယ်။
4.Comments : ဒီမှာတော့ comments နဲ့ပါတ်သက်တာ အားလုံကို တွေ့နိုင်ပါတယ်။
5.Blogroll : ကျွန်တော်တို့ သူငယ်ချင်းတွေရဲ့ blog တွေ၊ website တွေရဲ့ လင့် ကို ဒီမှာ တိုးမယ်၊ ဖျက်မယ်၊ ခေါင်းစဉ်ခွဲမယ် အစရှိတဲ့ Link နဲ့ ပါတ်သက်တာတွေ ဒီမှာ ရှိတယ်။
6.Presentation : သူကတော့ themes တွေ ပြောင်းတာ၊ edit လုပ်တာ၊ widgets တွေ တိုးတာ ဖြုတ်တာ အားလုံးပေါ့။
7.Plugins : plugin တွေသုံးဖို့အတွက် Activate လုပ်မယ်၊ မလိုတော့တာတွေကို Deactivate လုပ်ဖို့ ဒီမှာပါ။
8.Users : ဘလော့ဂ်မှာ user တွေ တိုးမယ်၊ မိမိ profile တွေပြင်မယ်ဆို ဒီမှာလုပ်ရမယ်။
9.Options : ဒီမှာတော့ wordpress မှာ date,time ပြောင်းတာကအစ ပြောင်းချင်တဲ့ option တွေလုပ်ရပါမယ်။ သူ့အောက်မှာ ခေါင်းစဉ်ငယ်တွေ အများကြီးရှိပါတယ်။

2.Write

ပုံမှာပြထားသလိုပဲ write အောက်မှာ write post နဲ့ write page ဆိုပြီး ခေါင်စဉ်ငယ် နှစ်ခုကို တွေ့မှာပါ။ write page က အခု ဒီဘလော့ဂ်မှာ ဆိုရင် About, Installation Guide, Themes စတဲ့ page သတ်သတ် ခွဲထားတာ မျိုးဖြစ်ပါတယ်။ သုံးထားတဲ့ themes ပေါ်မူတည်ပြီး ဘယ်နေရာမှ ပြထားမယ်ဆိုတာ ကွာပါတယ် အဲဒီမှာ သုံးတဲ့ tools တွေက wirte post နဲ့တူတူပါပဲ။ ကျွန်တော်တို့ write post ကို ကြည့်ရအောင်။ ပုံမှာပြထားသလို ကျွန်တော် အပိုင်း 4 ပိုင်းခွဲထားပါတယ်။

နံပါတ် 1 အပိုင်း

Tilte : က post title ပါ။
Post : သူ့မှာ vistual နဲ့ code ဆိုပြီး tab 2 ခုရှိပါတယ်။ ကျွန်တော်တို့ blogger က Edit Html နဲ့ Compose လိုပေါ့ဗျာ၊ code က html နဲ့ပါတ်သက်တာတွေပါ။ ကောင်းကောင်မကျွမ်းရင် သွားမရှုပ်တာ အကောင်းဆုံးပါပဲ။ ပို့စ်ရေးချင်တာတွေ အဲဒီ box ထဲမှာ ရေးရမှာဖြစ်ပါတယ်။ သူ့အောက်မှာ icon လေးတွေနဲ့ tools bar တွေကို တွေ့ရမှာပါ။ ကျွန်တော်တို့ Microsoft word ထဲက ပုံစံမျိုးပါပဲ လွယ်လွယ်လေးပါ။ အဲဒီမှာ ပုံမှာပြထားသလို 2 ခု ပြောဖို့ ရှိတာက 1 က blogger မှာ pickaboo ပို့စ် ခေါက်သလိုမျိုး အတွက် ဖြစ်ပါတယ်။ 2 ကိုနှိပ်လိုက်ရင် အောက်မှာနောက်ထပ် tools တွေ ပေါ်လာပါမယ်။ အကောင်းဆုံး ပို့စ်တင်နည်းကတော့ microsot word မှာ ပို့စ်ရေးပြီး copy ကူး visual မှာ crtl+v နဲ့ paste လုပ်ရင် zawgyi ဖေါင့်တွေ ပို့စ်မှာ အကုန်ဝင်သွားပြီး မြန်မာလို ပေါ်ဖို့သီးသန့် ဘာမှ လုပ်စရာမလိုတော့ပါဘူး။
Save and Continue Editing : သူကတော့ ရေးလက်စ ပို့စ်ကို save မယ် ဆက်ရေးမယ် ဆိုတာပါ။
Save : သူကတော့ ရေးလက်စပို့စ်ကို save ထားမယ်၊ နောက်မှ ဆက်ရေးမယ်။ ဘလော့ဂ် စာမျက်နှာပေါ် မတင်သေးဘူး ဆိုတာမျိုးပါ။
Publish : အားလုံးပြီးပြီ ဘလော့ဂ်စာမျက်နှာပေါ်တင်မယ် ဆိုရင် သူ့ကို နှိပ်ရပါမယ်။
Tags : သူကတော့ search engine တွေ အတွက် အကျိုးရှိပါတယ်။ ကျွန်တော်တို့ ရေးတဲ့ ပို့စ် ဟာ ဘာအကြောင်းပေါ့ဗျာ။ ကော်မာတွေခံပြီး ရေးပေးလို့ရပါတယ်။ ကျွန်တော်တို့ blogger က label လိုမျိုးပေါ့ဗျာ။

နံပါတ် 2 အပိုင်း

Categories : ပို့စ်တွေကို အုပ်စုခွဲ ထားတာပေါ့ဗျာ။ ဘာမှ မရွေးပေးရင် Uncategorized ဆိုတဲ့ အုပ်စု ထဲကို ၀င်သွားမှာ ဖြစ်ပါတယ်။
Discussion : ပို့စ်ကို comments ပေးတာ လက်ခံ လက်မခံ ဒီမှပေးလို့ရပါတယ်။ ping server တွေကို ping လုပ်မလုပ်လဲ ဒီမှာပေးလို့ရပါတယ်။
Post Password : သူကတော့ ပို့စ်ကို password ပေးထားမယ်ပေါ့ဗျာ။ ဖတ်စေချင်သူကိုပဲ ပေးဖတ်မယ်ပေါ့။
Post Slug: ဒီကောင့်ကိုတော့ နောက်ပိုင်းမှ ဆက်ရှင်းပါမယ်။ အခြား ဟာတွေနဲ့ ပါတ်သက်နေလို့ပါ။

Post Status: ရေးထားတဲ့ ပို့စ်ကို ဘလော့ဂ်ကို တင်မယ်၊ preview ကြည့်မယ်၊ draft အဖြစ်သိမ်းထားမယ်၊ private နဲ့သိမ်းထားမယ် ရွေးပေးဖို့ပါ။
Post Timestamp : ပို့စ်ကို တင်တဲ့အချိန်ကို လက်ရှိအချိန်မဟုတ်ပဲ ပြောင်းချင်ရင် ပြောင်းဖို့ပါ။


နံပါတ် 3 အပိုင်း

သူကတော့ ကျွန်တော်တို့ ပို့စ်တွေမှာ သုံးဖို့ ပဲဖြစ်ဖြစ်။ သိမ်းထားဖို့ပဲ ဖြစ်ဖြစ် wordpress install လုပ်ထားတဲ့ hosting ကို ဖိုင်တွေ upload လုပ်ဖို့ပါ။ သူ့မှာ တစ်ခု သတိပြုဖို့ ရှိတာက ကျွန်တော်တို့ free hosting တွေက ပေးတဲ့ နေရာက နည်းပါတယ်။ byethsot မှာဆိုရင် 250MB အခြားမှာဆိုလဲ ဒီထက်ပိုနည်းတတ်ပါတယ်။ အချို့ဆို file size ကိုလဲ 500KB ထက်မကြီးရ ဆိုတဲ့ သတ်မှတ်ချက်တွေလဲ ရှိတော့ အကောင်းဆုံက အပြင်တနေနေမှာ တင်ပြီး လင့်ပေးလိုက်တာ ပိုကောင်းပါတယ်။


နံပါတ် 4 အပိုင်း

ဒီအပိုင်းကိုတော့ သိပ်အရေးမကြီးတာမို့ မဖေါ်ပြတော့ပါဘူး။

Popularity: 7% [?]

About the Author

admin

3 Responses to “ Using WrodPress (1) ”

  1. ကျနော် အခု wordpress(mu) သုံးပြီး blog ၅ခုလောက်ကို တစ်ခါထဲ ဆောက်နေတယ်ဗျ။ အခု ကျနော်ဆိုဒ်ကနေ sub-blogတွေကို လောလောဆယ် blogroll ထဲမှာထည့်ထားတယ်။ လုပ်ထားတာတွေကိုလည်း အကြမ်းမှတ်ထားတယ်။ ပြီးမှ wordpress(mu) သုံးပြီး admin တစ်ယောက်ထဲကနေ multi blogs တွေလုပ်တဲ့အကြောင်း အတွေ့အကြုံလေးတွေ ဝေမျှချင်ပါသေးတယ်။ အချိန်ရရင် documentation သဘောဖြစ်အောင် ကြိုးစားရေးကြည့်ပါဦးမယ်။ wordpress သုံးဖူးသွားရင် blogspot လောက်တော့ လှည့်တောင်မကြည့်ချင်ဘူးဆိုတာ သေချာတယ်ဗျ။

  2. mmwordpres ကပြောသလိုပဲ free hostia နဲ့ site တစ်ခုလုပ်လိုက်ပါတယ်
    ခုတော့ကျနော့ site ကလေးရနေပါပြီ (အဲဒီအတွက်လည်း mmwordpress ကိုကျေးဇူးပါ)
    ခုဆိုရင် ဒီ post ပြထားတာလေးတွေ လေ့လာနေပါတယ်
    ဒါပေမဲ့ ကျနော့အဲဒီ site က dashboard ဟာ ဒီpost က ပထမဆုံးပြထားသလိုမပေါ် ပါဘူး
    ကျနော့themeက သူတို့ original ပေးထားတဲ့ အတိုင်းမို့လို့လားသိချင်တာပါ

  3. kohein
    WordPress ဗားရှင်း မတူလို့ဖြစ်ပါတယ်။ ဒီပို့စ်ရေးစဉ်အချိန်က v. 2.31 ဖြစ်ပါတယ်။ 2.5 မှာ ပုံစံပြောင်းသွားပြီး နောက်ဆုံး 2.7 မှာ နောက်ထပ်ပြောင်းပါတယ်။ ဒါပေမယ့် ဖန်ရှင်တွေ အားလုံးနီးပါး အတူတူပါပဲ။ ဗားရှင်းအသစ်တွေမှာ ပိုလှတဲ့ interface နဲ့ အသုံးပြုလို့ ပိုလွယ်အောင် ဖန်တီးပေးထားပါတယ်။