Viper’s Video Quicktags
Viper’s Video Qucktags plugin ဟာ YouTube, Google Video, Metacafe တို့က ဗီဒီယို ဖိုင်တွေကို Wordpress Blog မှာ လွယ်လွယ်ကူကူနဲ့ တင်လို့ရအောင် လုပ်ပေးနိုင်ပါတယ်။ ဒါ့အပြင် AVI, MPEG, WMV နှဲ့QuickTime MOV ဗီဒီယိုဖိုင်တွေကိုလဲ ဘလော့ဂ်မှာ တခါတည်းကြည့်လို့ ရအောင် လုပ်ပေးနိုင်ပါသေးတယ်။ plugin ကို အသုံးပြုချင်တယ် ဆိုရင်တော့ ထုံးစံအတိုင်း ဒီနေရာက ဒေါင်းလုပ်ချ ဇစ်ဖြေပြီး Wordpress ရဲ့ \wp-content\plugins ထဲကို ကူးထည့်ပေးရပါမယ်။ ပြီးရင်တော့ Plugins Tab မှာ Activate လုပ်ပေးရမှာပါ။

ပြီးရင် Options Tab မှာ Video Quicktags ဆိုပြီး Option ကိုတွေ့ရပါမယ်။ အသုံးပြုချင်တဲ့ Media Type ကို Check လုပ်ပေးပြီး Save လုပ်ပေါ့ဗျာ။

ပို့စ်တင်ဖို့ Write Post ရဲ့ Toolbar မှာ အသုံးပြုဖို့ Icon လေးတွေကို တွေ့ရပါလိမ့်မယ်။ တင်ချင်တဲ့ ဗီဒီယိုအမျိုးအစားကို ရွေးပြီး url မှာဖြည့်ပေးလိုက်ရင် အားလုံးအဆင်ပြေပါပြီ။





Leave a Reply