Widget Logic Plugin
ဘလော့ဂ်ရေးရမှာလဲ ပျင်း ၊ အရင်လို ကလိချင်စိတ်တွေလဲ ကုန်ခန်းနေတော့ ဘလော့ဂ်ကို ပစ်ထားမိတာ အတော်ကြာသွားတယ်။ ကောင်းမယ်ထင်လို့ ညွှန်းပေးခဲ့မိတဲ့ Free Hosting တွေကြောင့် ရေးဖော်ရေးဖက် Wordpresser အချို့ရဲ့ ပို့စ်တွေ ကောမန့်တွေ ပျောက်ဆုံးသွားရတာလဲ ရေးချင်စိတ်တွေ ပိုမိုကုန်ဆုံးသွားစေခဲ့တယ်။ အခုအချိန်မှာ Wordpress နဲ့ ဘလော့ဂ်ရေးချင်သူတွေကို mmgenius.com တို့လို ကိုယ့်မြန်မာအချင်းချင်း ဆားဗစ်ပေးတာမျိုးမှာပဲ ရေးဖို့ တိုက်တွန်းချင်ပါတယ်။ ကိုယ်တိုင် စိတ်ကြိုက် တည်ဆောက်ပြီး ကလိချင်တယ် ရေးချင်တယ် ဆိုရင်တော့ Premium Hosting တွေကို အသုံးပြုနိုင်မှ စိတ်ချရမယ်။ Free Hosting တွေကို သုံးမယ်ဆိုရင်တော့ Backup ကို နာနာလုပ်ပေးဖို့ အရမ်းအရေးကြီးပါတယ်။ မရေးတော့ဘူးလို့ စဉ်းစားထားပေမယ့် ဘလော့ဂ်ကို မသေစေချင်သေးတာရယ် ၊ လာလာဖတ်ကြတဲ့ ညီအကိုတွေ ရှိနေသေးတာရယ် ကြောင့် လတ်တလောတွေ့ထားတဲ့ Plugin တစ်ခုကို မိတ်ဆက်ပေးလိုက်ပါတယ်။
…………………………..
WordPress Blog ရဲ့ Sidebar မှာ Widget အမျိုးမျိုးကို သင့်တော်သလို ထားကြပါတယ်။ Cbox , Recent Comments , Categories စသဖြင့်ပေါ့။ အဲဒီ Widget တွေဟာ Main Page မှာ ကြည့်လဲ ဒီအတိုင်း ၊ Individual posts , Pages စတာတွေမှာ ၀င်ဖတ်လဲ ဒီအတိုင်း မပြောင်းလဲပဲ တသမှတ်တည်း ရှိလေ့ရှိပါတယ်။ Widget Logic Plugin သုံးပြီး Main Page က Widget တွေက တမျိုး ၊ Single Post မှာ တမျိုး ၊ Page မှာပုံစံတမျိုး စသဖြင့် စိတ်ကြိုက် ပြောင်းလဲ လို့ရပါတယ်။ ဥပမာ ဘလော့ဂ်ရဲ့ Main Page မှာ Cbox ကို ထားမယ် ဒါပေမယ့် Post တွေ Page တွေမှာ Cbox ကို ဖျောက်ထားမယ်။ Page မှာကျရင် Categories Widget ကို ထားမယ်။ ထူးအိမ်သင် အမှတ်တရ တင်ထားတဲ့ပို့စ် မှာတော့ သူ့ရဲ့ သီချင်းတွေ အော်တို ဖွင့်ပေးမယ့် Widget တခုပဲ ထားမယ် စသဖြင့် ကြိုက်သလို ကစားလို့ရပါတယ်။ Plugin အသုံးပြုနည်းကလဲ လွယ်သမှ အရမ်းအရမ်းကို လွယ်ပါတယ်။
Plugin Activate လုပ်ပီးရင် Widget တွေမှာ Widget Logic ဆိုပြီး Box တခု အပိုပါလာတာ တွေ့ရပါလိမ့်မယ်။ အဲဒီ Widget ကို ပုံမှန်အတိုင်း အကုန်လုံးမှာ ပေါ်စေချင်တယ် ဆိုရင် ဘာမှ ဖြည့်ပေးစရာမလိုပါဘူး။ Home မှာပဲ ပေါ်စေချင်တယ်ဆိုရင် is_home() ဆိုတာကို ဘေးမှာ ဖြည့်ပေးယုံပါပဲ။ ထို့အတူပဲ Page မှာပဲ ပေါ်စေချင်တယ်ဆိုရင် is_page() ဆိုတာကို ဖြည့်ပေးပါမယ်။ ဥပမာ ပေးထားသလို ထူးအိမ်သင်အမှတ်တရ ပို့စ် မှာပဲ ပေါ်စေချင်တယ်ဆိုရင် ပို့စ်ရဲ့ ID ကို ထည့်ပေးရပါမယ် ပို့စ် ID က 105 ဆိုရင် is_single(’105′) ဆိုပြီး ထည့်ပေးရပါမယ်။ smashingmagazine.com နဲ့ themelab.com တို့မှာ ရေးထားတာကို ဖတ်ရင် ပိုရှင်းပါလိမ့်မယ်။ ကဲ.. Widget Logic ကိုသုံးပြီး အများနဲ့မတူတဲ့ ဘလော့ဂ်အလှ ဆင်လိုက်ကြရအောင်
Popularity: 24% [?]




တကယ်ကောင်းတဲ့ plugin ပဲဗျ… ခုလို မျှဝေပေးတာ ကျေးဇူးပါပဲ… ကျွန်တော် သုံးကြည့်တာ တော်တော်လေး အဆင်ပြေတယ်ဗျ…
ဂွတ်….. ယူထားဦးမယ်။ နောက်တော့ ထည့်ကြည့်မယ်။ ခုတော့ အလုပ်တွေနဲ့ ၀ူးး နေလို့ မကပ်နိုင်သေးဘူး။ ဟဟဟ
ကိုယ့်ဆရာ အကြာကြီး ငြိမ်နေလို့ တခုခုများ ဖြစ်နေသလား ထင်ရတယ်။ ပြန်တွေ့ရတာ ဝမ်းသာတယ်ဗျာ။ ဆက်ပဲ ရေးရေး၊ မရေးရေး ခင်မင်လျက်ပါ။ တခါတလေ ကျတော့ အခုလို စိတ် ပြန်လည်လာ တတ်တာပဲ။ ဒါလေးတွေက အကောင်းဆုံး သမိုင်းမှတ်တိုင် လေးတွေပါ။ မပျောက်ပျက်အောင် ထိန်းထားတာ ကောင်းပါတယ်။
ခင်မင်လျက်
Hiriautatpa
(ဇော်ဂျီ ၂၀၀၉ နဲ့ ရေးလို့ ၂၀၀၈ နဲ့ ဖတ်ရင် စာလုံးတွေ တမျိုး ဖြစ်ချင် ဖြစ်နေမယ်။)
အဲ့ဒါပြောတာ တစ်ပုဒ်ဆို တစ်ပုဒ် အားလုံးရဲ့ ရင်ထဲကို တန်းကနဲပါ..။ ရေးပါအစ်ကိုရ များများလေး..။ ကျွန်တော်တို့လည်း အစ်ကို့ဆီက ပညာတွေ ယူဖို့စောင့်နေပါတယ်…။
အစ်ကိုရယ် အကူးအညီးတခုတောင်းပါရစေ-
ကျွန်တော် FTP ကို မသုံးတတ်ဘူးဖြစ်နေတယ်။ အဲဒါကြောင်း လုပ်တော့အကုန်းပြီးသလောက်ပါပဲ။ ခက်တာက plugin သုံးတာမှာ မလုပ်တတ်ဘူးဖြစ်နေတယ်။ အစ်ကို ရေးတဲ အီဘုတ်ကို လည်း ကျွန်တော်ဒေါင်းပြီးဖတ်ပြီးပြီ အဆင်မပြေဘူးဖြစ်နေတယ်- ဖြစ်နိုင်မယ်ဆိုရင် တချက်လောက် FTP သုံးပုံနန့် plugin ထည့်ပုံလည်းတင်ပေးပါလား-
ကျွန်တော်ကိုယ်တိုင်းလည်း တုံးတာပါမှာပါ
အားကိုးစွာဖြင့်
သျှင်သွီး
ဟုတ်ကဲ့။ အဆင်ပြေရင် ပို့စ်တင်ပေးပါမယ်။
လာဖတ် လာအားပေးကြတဲ့ ဘော်ဒါ အားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ။ အလျှင်းသင့်သလိုလဲ ဆက်ရေးသွားပါမယ်။
dear bro.
I’m new user of wordpress.
I wanna make sub page in my blog.
i make new page .
But how do i made sub page into it. ..i can’t found any comment about this.
and is there any book about wordpress in myanmar language.
about blog..
Plz help me bro.
Sub Page အတွက် Pages -> Add New ခေါ်လိုက်ပြီးရင် ညာဖက်မှာ Attributes ဆိုတာ တွေ့ပါလိမ့်မယ်။ Publish ရဲ့ အောက်ဖက်မှာပါ။ အဲဒီက Parent မှာ လိုချင်သလို Sub Page အဖြစ် ပြောင်းပေးလို့ရပါတယ်။
wordpress ကနေပြီးတော့ mmgenius ကိုတိုက်ရိုက်ပြောင်းချင်ပါတယ်
ဘယ်လိုလုပ်ရမလဲ ခင်ဗျာ ။
ကျေးဇူးတင်လျှက်