WordPress နဲ့ မြန်မာဖောင့်
WordPress Blog မှာ မြန်မာလိုကောင်းစွာပေါ်ဖို့ အတွက် အသုံးပြုမယ့် theme ရဲ့ style.css မှာ ဇော်ဂျီဖောင့် Assign လုပ်ပေးရပါမယ်။ ဒါဆိုရင် ဇော်ဂျီဖောင့် ရှိတဲ့ ကွန်ပြူတာတိုင်းမှာ မြန်မာလို ကောင်းစွာမြင်ရပါလိမ့်မယ်။ ဇော်ဂျီဖောင့်မရှိတဲ့ စက်တွေအတွက် eot လုပ်ပေးထားချင်သေးတယ် ဆိုရင်တော့ ဘလော့စပေါ့ eot ထည့်နည်း အတိုင်း style.css ရဲ့ ပေါ်ဆုံးမှာ ထည့်ပေးလို့ရပါတယ်။ ဒါဆို ဇော်ဂျီဖောင့် မရှိလဲ ဖတ်လို့ရပါပြီ။ သတိပြုရမှာက eot လုပ်ထားပေမယ့် ဇော်ဂျီကို sytle.css မှာ Assign လုပ်မထားရင်တော့ မြန်မာလို ပေါ်မှာ မဟုတ်ပါဘူး။ ဇော်ဂျီဖောင့်ကိုလဲ ကောင်းစွာ Assign လုပ်ထားပြီးပြီ ဒါပေမယ့် ??????? တွေပဲ မြင်နေရတယ် ဆိုလျှင် MySQL database မှာ ပြသနာ တတ်တာ ဖြစ်နိုင်ပါတယ်။ MySQL Database Character Encodinig ဟာ UTF-8 ဖြစ်ကို ဖြစ်ရပါမယ်။ မဟုတ်ရင် ဘယ်လို ဇော်ဂျီဖောင့် Assign လုပ်လုပ် မြန်မာလို မြင်ရမှာ မဟုတ်ပါဘူး။
Hosting တွေက ပေးထားတဲ့ Script နဲ့ WordPress Install လုပ်တဲ့အခါ MySQL Encoding က UTF-8 မဟုတ်ပဲ အခြားဟာတွေ ဖြစ်နေတတ်ပါတယ် ( ဥပမာ။ 000webhosting ) ။ MySQL UTF-8 ဟုတ်မဟုတ် စစ်ဆေးကြည့်ဖို့အတွက် Hosting ရဲ့ Control Panel / PHP Admin ကို ၀င်ကြည့်ရပါမယ်။ UTF-8 နဲ့ မတွေ့ပဲ ဒီလိုမျိုး latin1_general_ci သို့မဟုတ် အခြားတခုခု ဆိုရင် MySQL ကြောင့်ဆိုတာ သေချာပါပြီ။

ဒီပြသနာကိုဖြေရှင်းဖို့အတွက် Hosting Control Panel / MySQL မှာ လက်ရှိ MySQL database ကို ဖျက်ပစ်လိုက်ပါမယ်။ ပြီးရင် ဒေတာဘေ့စ် အသစ် တစ်ခု တည်ဆောက်ပါမယ်။ database name, user, password, MySQL host စတာတွေကို မှတ်ထားပါမယ်။ file manager ကို ၀င်ပါမယ်။ wp-config.php ဆိုတဲ့ file ကို ဖျက်ပစ်ပါမယ်။ brower မှာ မိမိ blog ကို ၀င်ကြည့်ရင် wp setup တတ်လာပါလိမ့်မယ်။ မှတ်ထားတဲ့ database name, user, password, MySQL host တွေဖြည့်ပေးပြီး wp blog အသစ် တည်ဆောက်သလို ဆက်လုပ်သွားရပါမယ်။ ဒါဆိုရင် အဆင်ပြေလောက်ပါပြီ။ ဇော်ဂျီဖောင့် Assign လုပ်ထားတဲ့ theme ကိုပြောင်းပြီး မြန်မာလို ပို့စ် အစမ်းတင်ကြည့်ရင် မြန်မာလို အဆင်ပြေပြေ မြင်ရတာကို တွေ့ရပါလိမ့်မယ်။
Popularity: 61% [?]




ဒီပို့စ်နှင့်အတူ home page ပေါ်တွင် ဇော်ဂျီ နှင့် အခြား မြန်မာ Unicode Font များ၏ အခက်အခဲများ ကို စုစည်း တင်ပြထားပေးနိုင်လျှင် အတိုင်းထက်အလွန် ကျေးဇူးတင်ပါမည်။
ဒီစာမျက်နှာကို တွေ့ဖိုပ ရှာလိုက်ရတာ အတော်ကြာသွားပါသည်။ (၄၈ နာရီခန့်)
ဘာပဲဖြစ်ဖြစ် အလွန်ကျေးဇူးတင်ရပါသည်။
ရှေ့ဆက် ခြေလှမ်းများကို ကောင်းမွန်စွာဖြင့် ပြီးမြောက်အောင် လှမ်းနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
အားလုံးကျေးဇူးပါ။
ကျုပ်လည်း အဲဒီပြသနာကို ပြောဖို့ လာတာဗျို့။ ပို့စ်တွေ့တာနဲ့ အရံသင့်ပဲ။
အဲဒီ 000webhost ကို ကလိလိုက်တာ တော်တော်လည် ထွက်သွားတယ်။ အားလုံးရပြီး ဖောင့်မှာတစ်နေတယ်။
တစ်ခုမေးချင်တာက ဒေတာဘေ့စ်ကို ဖျက်တော့ Import လုပ်ထားတာတွေ ပြောင်ကုန်မလားဗျ။ စမ်းကြည့်ဦးမယ်။
WP လုပ်နည်းစာအုပ်အသစ်မှာ co.cc နဲ့ ရောထားတာ တယ်မကောင်းဘူး။ ရှုပ်နေတယ်။
ကျနော် ရမ်းပြီး ချလိုက်တာ chmod မှာ တစ်ခါ ပြသနာတက်တယ်။ ရသွားတယ်။ အခု ဖောင့်ဖြစ်နေတာ။
အခုပို့စ်အတိုင်း လုပ်ကြည့်ဦးမယ်။
အခုစမ်းနေတာ ဒီမှာ http://www.mmthinker.site50.net
ရသွားပြီဗျာ
http://www.mmthinker.site50.net
Import တွေတော့ ပျောက်သွားတယ်။
ကိစ္စမရှိဘူး။ ဖိုင်သိမ်းထားတယ်
wp သုံးပြီး ဇွဲကပင်စာမျက်နှာဆိုတာလေး ဖော်မတ်ချနေတယ်။ အခွံပိုင်းတော့ ပြီးသလောက်ပါဘဲ။ စာတွေကတော့ ဘာမှမတင်ရသေးပါ။
အဲဒီမှာ ဖောင့်မရှိတဲ့စက်ကလည်း စာတွေမြင်ရအောင် အကိုပြောသလိုလုပ်တာ မရဘူးဗျ။ ဘာလိုနေလို့လဲတော့မသိဘူး။ wp-config မှာလည်း utf-8 လုပ်ထားတာဘဲ။
ဖောင့်မရှိဘဲနဲ့လည်း မြင်ရအောင် ( wp မှာနော် ) လုပ်လို့ရရင် ကျနော့်ကို တချက်လောက် ကူပြပေးပါလား။ ကျေးဇူးပါဗျာ။
ဖောင့်မရှိတဲ့ စက်တွေအတွက် EOT လုပ်ထားပေးနိုင်ပါတယ်။ EOT က Unicode font တွေကိုသာ support လုပ်ပါတယ်။ ကိုဇူးလူးဆိုဒ်မှာ ကရင်ဖောင့်သုံးထားတာတွေ့ရပါတယ်။ Zawgyi, MyMyanmar1-3 ကဲ့သို့ ယူနီကုဒ် ဖောင့်မျိုး ဖြစ်တယ်ဆိုရင် EOT လုပ်ပေးထားလို့ ရပါတယ်။
မင်္ဂလာပါ
ကျေးဇူးပါဗျာ။ ကျနော်မှားတာဗျ။ eot က ie မှာဘဲ ရတာကိုး။ ဖိုင်းယားဖောက်စ်မှာ ရမယ့်နည်းလေး သိရင်လိုချင်ပါတယ်။ ကျနော့်စာမျက်နှာက အိုင်အီးနဲ့ ဖွင့်လိုက်ရင် ဆက်တင်တွေ နည်းနည်းပြောင်းနေလို့ပါ။ ဖိုင်းယားဖောက်စ်မှာ ရမယ်ဆိုရင်တော့ … လိုချင်တယ်ဗျ။ မရရင်လဲ နေပါစေ။ ဖောင့်ဘဲ ဒေါင်းခိုင်း အင်စတောခိုင်းတော့မယ်။ ကျေးဇူးနော်။
FF မှာ EOT မြင်ရဖို့အတွက် plugin လိုအပ်ပါတယ်။
https://addons.mozilla.org/en-US/firefox/addon/6569
ဒေါင်းလုပ်ချရမှာချင်းအတူတူ ဖေါင့်ကိုပဲ ဒေါင်းလုပ်ချ ခိုင်းတာ ပိုအဆင်ပြေမယ် ထင်ပါတယ်။
Very Good.
အကိုရေ ကျွန်တော် wp-config.php ဖိုင်ကိုဖျက်ပြီးပြီ ဒါပေမယ့် ဒီ Error ကြီးပေါ်လာတယ်
“Sorry, I can’t write to the directory. You’ll have to either change the permissions on your WordPress directory or create your wp-config.php manually.”
ဘယ်လိုဆက်လုပ်ရမလဲ ကျေဇူးပြုပြီး လမ်းညွှန်ပေးပါဦး။
File permission က read only ဖြစ်နေလို့ပါ။ root directory တစ်ခုလုံးကို permission ချိန်းပေးရပါမယ်။ file manager သုံးတယ်ဆိုရင် cmod သို့ change permission ကိုရှာပြီး 777 ကိုပြောင်းပေးလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်။
အကိုရေ မြန်မာဖောင့် assign လုပ်တာက style.css မှာ font family နဲ့ စတဲ့ဟာတိုင်းကို zawgyi one လို့ လိုက်ထည့် ရမှာလားခင်ဗျာ။ ကျနော့်ဆီမှာက font name တော့ မရှိဘူး။ font family ပဲရှိတယ်။ ကျနော်အခုသုံးနေတာက wordpress 2.7 ပါ။
အကိုရေ တလက်စတည်းနောက်တခုမေးခြင်ပါတယ်။ ကျနော့်ရဲ့ ဆိုဒ်မှာ page အသစ်တခုဖန်တီးလိုက်ပါတယ်။ အဲဒီ page မှာပို့ စ်တခုရေးလိုက်တယ်။ နောက်တခါထပ်ရေးတော့အရင်ပို့ စ်ရဲ့ အောက်မှာရေးရပါတယ်။ အဲဒီတော့ပို့ စ်၂ခုကအရန်းကပ်ပြီးမလှမပနဲ့ ကြည်ရဆိုးရော။ အဲဒီတော့ကျနော်တို့  page တွေမှာပို့ စ်အသစ်တင်သလိုသီးခြားလေးဖြစ်အောင်ဘယ်လိုလုပ်ရမလဲခင်ဗျာ။အရေးကြီးလို့ ကူညီဖြေကြားပေးပါခင်ဗျာ။
font-family ထည့်ပေးရပါတယ် တူတူပါပဲ။ page နဲ့ post ပုံစံခြင်း မတူပါဘူး။ post မှာလို တပုဒ်ခြင်းစီ ခွဲလို့မရနိုင်ပါဘူး။ သီးခြားလေးဖြစ်သွားအောင် နောက်ထပ်တင်တဲ့အခါ (dot)…………….. နဲ့ဖြစ်ဖြစ် ခြားပေးထားလိုက်ရင် အဆင်ပြေနိုင်ပါတယ်။
Invalid variable declaration in page skin: Variable is used but not defined. Input: WEFT
အဲဒီလို error တက်လာတယ် ဘာဆက်လုပ်ရမလဲ
ဘာအတွက်လုပ်ရင်းနဲ့ error တတ်တာပါလဲ။ သေချာမရှင်းပါ။ EOT အတွက်ဆိုရင် လုပ်ဖို့ အားမပေးပါခင်ဗျာ။
အကိုရေ…
ကျွန်တော်လဲ ဆာဗာပြောင်းလိုက်တာ အဲဒီပြသာနာတက်နေပါတယ်ဗျို့… မြန်မာဖောင့်က UFT8 မဟုတ်ပဲ.. တခြားဟာဖြစ်နေတာ… အဲဒါ အသေးစိတ်လေးရှင်းပြပါလား .. ကျွန်တော်စမ်းကြည့်တာ အဆင်မပြေလို့ ..
ဝိညာဉ်သစ်
ပို့စ်အောက်ဆုံးပိုင်းမှာ ပြသနာဖြေရှင်းဖို့ တင်ပြပေးထားပါတယ်။ အဆင်မပြေသေးရင် ဘယ်လို error ပေးလဲ ပြောပေးစေချင်ပါတယ်။
အစ်ကိုရေ ကျေးဇူးတင်ပါတယ်ခင်ဗျလို့အရင်ပြောချင်ပါတယ်။ကျွန်တော် domain name နဲ့ web hosting ၀ယ်လိုက်တယ်။ပြီးတော့ blog အတွက်ကြည့်လိုက်တော့ Wordpress 2.7 ပါတယ်။
ကျွန်တော်က WP နဲ့သိပ်မရင်းနှီးတော့မြန်မာစာပေါ်အောင်တောင်မလုပ်တတ်ပါခင်ဗျ။အဲဒါနဲ့လျှောက်ရှာရင်း
အစ်ကို့ဘလောက်ကိုတွေ့တာပါပဲ။အခုတော့မြန်မာလိုကောင်းကောင်းပေါ်နေပါပြီ။
နောက်လဲ WP ရဲ့နည်းပညာလေးတွေရေးပေးပါအုံး။ကျွန်တော်က WP သုံးနေပြီဆိုတော့အစ်ကိုတို့ရဲ့
နည်းပညာလေးတွေကိုသုံးနေရတာပေါ့ဗျာ။နည်းပညာတွေကိုအပင်ပန်းခံရှဲပေးတဲ့အတွက်လေးစားပါတယ်
အစ်ကိုခင်ဗျာ…
ထိုင်ရှိခိုးခြင်စိတ်ကိုပေါက်သွားပါတယ်..အပိုပြောတာမဟုတ်ပါ၊၊ ကျွန်တော် ၀က်ဆိုက်တွေ ဖို၇မ်တွေမှာ ရှာရင်း ကောင်းကောင်း မအိပ်ရတာ တစ်ပတ်လောက်ရှိပါပြီ၊၊
ပြသနာက အော်တိုinstaller နဲ့ wordpress ကို run တာကြောင့်ထင်ပါတယ်.. အခုရသွားပါပြီ… ကျေးဇူးအထူးလှိုက်လှိုက်လှဲလှဲတင်ကြောင်းထပ်ဆင့်ဖေါ်ပြပါရစေ…ဒီ ဘလော့မှာပဲ တားပိုးစ်မှာ ကျွန်တော်မေးထားပါသေးတယ်… ပြေလည်သွားပြီးဖြစ်ကြောင်းအသိပေးပါရစေခင်ဗျာ..
Why so much hassle to go through for using non-standard , private font Zawgyi ?
Simply use Myanmar 3 and everythings OK.
See This wise guy use real Unicode font - zinyaw.wordpress.com
Whoever use Zawgyi should have their head scan.
ကျွန်တော့် http://nyinaymin.com မှာ wordpress ကို install လုပ်ပြီးပါပြီ .. assign လုပ်ဆိုလို့လဲ zawgyi-one ကို assign လုပ်ပြီးပါပြီ .. Eot ဆိုလို့လဲ Eot ပြီးပါပြီ အခုအချိန်အထိ မြန်မာစာက မပေါ်လာသေးဘူးဖြစ်နေတယ် .. အဲ့ဒါဘယ်လိုလုပ်ရမလဲဆိုတာကို အကြံဥာဏ်လေးပေးပါဦး .. ဘယ်လိုလုပ်သင့်သလဲမသိဘူး … hosting က http://byethost.com/ မှာယူထားတာပါ .. adminပြောသလိုလဲ လုပ်ကြည့်ပြီးပြီ မြန်မာစာကို မမြင်ရဘူးဖြစ်နေတယ် .. UTF-8 မဟုတ်ရင် မြန်မာစာ assign လုပ်လဲမပေါ်ပါဘူးလို့ရေးထားပါတယ် .. အဲ့ဒါ byethost.com မှာ UTF-8 ကို ဘယ်လိုပြောင်းရမလဲဆိုတာ တစ်ချက်လောက် ရှင်းပြပေးစေချင်ပါတယ် .. အကြံဥာဏ်လေးပေးကြပါဥိး ကျွန်တော်လဲ ခေါင်းပါကိုက်နေပြီ .. အရင်က တစ်ခါမှ အဲ့လောက်အထိ မဖြစ်ဘူးဘူး ..
Orrr doke kha be! maung yin doe yay.
Lu lay Maung Nay Min
Myanmar 3 font thar thone san bar.
Bar hma loke sa yar ma lo bu.
Di tine kauk yike like yone be.
Unicode Organization
web page in bamar sar , Lwe Lwe ga lay
iblogger, byehost တို့မှာ install လုပ်ပြီးတော့ မြန်မာဖောင့်တွေက ??? question mark တွေချည်းတက်လာတာ။ ခု အကို့ပို့စ်ကို သေချာဖတ်ပြီး လိုက်လုပ်ကြည့်တာ … ဟီး … မည်သို့လုပ်လိုက်သည် မသိ။ အိုကေသွားသဗျား။ ကျေးဇူး ကျေးဇူးအထူးပါ။
ဖရီးအတွက် စမ်းသပ်ထားတာဆိုတော့ လိပ်စာတော့ မဖော်ပြတော့ပါဘူး။
ကိုဇူးလူး
စမ်းသပ်ရာကနေ တကယ်ရေးသားတဲ့ ဘလော့ဂ် တစ်ခု ပေါ်ပေါက်လာမယ်လို့ မျှော်လင့်မိပါတယ်
ကျွန်တော့်မြန်မာဖောင့်မရတာတော်တော်ကြာပြီ..အကိုကြီးတွေကိုမေးကြည့်တယ်မ၇ဘူး..တခုတော့ရှိ
တာပေါ့ ဘယ်သူမဆိုအကုန်ဘယ်သိနိုင်ပါ့မလဲ…ဒါပေမယ့်ဒီဟာကိုဖတ်ပြီးလုပ်ကြည့်လိုက်တာ ညနေ ၇ နာ၇ီလောက်ကစလုပ်တာ ည၁၂ လောက်မှအောင်မြင်သွားတယ်ဗျာ…တကယ်ပါဗျာ..ဒီဆိုက်ကအကို
ကြီးများအနားမှာရှိ၇င် ထိုင်ရှိခိုးလိုက်ချင်တယ်ဗျာ..အ၇မ်းကျေးဇူးတင်တယ်ဗျာ..ဒီထက်ပိုပြီးအောင်မြင်စေ
လို့ဆိုတောင်းပေးနေတယ်ဗျာ.အမြဲတန်းအားပေးနေမယ်
အဲဒါဖြည့် တာ..မရဖူးဖြစ်နေတယ်.အဟင့် ကူပါအုံး
ဘာတွေ မှားနေလဲ သိဖူး…အဟင့် 
1. Database name
2. Database username
3. Database password
4. Database host
5. Table prefix (if you want to run more than one WordPress in a single database)
ကျေးဇူးနော်..အကိုရေ..ဒီpost ကိုတွေ့ နေတာ လွန်ပြီ..
မလုပ်ဖြစ်တာ..လုပ်တော့ လည်း..နှစ်နာရီလောက်ကြာတယ်..
အဟီး
အခု တော့ ရသွားပါပြီ…ကျေးဇူးတင်ပါတယ်..
မရခင်ကတော့ ..သေချင်တွားတယ်..အဟီး
ရတွားပြီကျေးဇူး
အကိုရေ
WP နဲ့ ရေးတဲ့ web က Page မှာ စာမျက်နှာ နံပါတ် 1,2,3 ထည့်ချင်တာ ဘယ် Plugin ကို ဘယ်လိုသုံးရတယ်ဆိုတာလေး ပြောပြပေးပါခင်ဗျာ…
ဂျင်းနီ
ကျွန်တော်တော့ page navi ကို သုံးပါတယ်။