Wordpress တွင် Login password မေ့သွားလျှင်
<မှတ်ချက်။ ။ ရာမညဖိုးလပြည့် ဘလော့ဂ်မှ ကူးယူဖော်ပြပါသည်။>
တကယ်လို့ မိမိ login ၀င်လို့ password မေ့ရင် အဲဒီမှာ Lost your password? ကိုနှိပ်ရင်လဲ မိမိထည့်ထားတဲ့ အီးမေလ်းကို ပို့ ပေးပါတယ် ။ ဒါပေမဲ့ အီးမေလ်းလဲမလာဘူးဆိုရင်(ဒါမှမဟုတ် hack ခံထိလို့ အီးမေလ်းပါပြောင်းခံထိထားရင်) ဒီနည်းကို သုံးလို့ ရပါတယ်။ ဒီနည်းဟာ Localhost မှာလဲ တူတူပါပဲ ။
ပထမဆုံး phpmyadmin ကိုသွားပါမယ် ။
ဒီနေရာမှာ ပုံနဲ့ ရှင်းပြထားတာကတော့ Localhost နဲ့ ပြထားပါတယ် ။
မိမိလုပ်ထားတဲ့ hosting ပေါ်မူတည်ပြီး ပုံ ပုံစံနည်းနည်းပြောင်နေနိုင်ပါတယ် ။
အဓိကနားလည်အောင် ကြည့်ထားဖို့ပါပဲ ။အားလုံးတူတူပါပဲ ။
phpMyAdmin ကိုဝင်လိုက်ရင် ဒီလိုပါ ။ မိမိ လုပ်ထားတဲ့ database name ကိုရွေးလိုက်ပါ ။

ပြီးပါက မျှားပြထားတဲ့အတိုင်း wp_users ကို browse လုပ်လိုက်ပါ။ အောက်ကပုံကိုဆက်တွေ့ ရပါမယ် ။

မျှားပြထားတဲ့နေရာက edit ပါ ။ wp_users ကို edit လုပ်ပါမယ်။ ဒီိလိုလေးတွေ့ ရပါမယ်။

အဲဒီမှာ username နဲ့ password ကိုတွေ့ ရပါလိမ့်မယ် ။
အဲဒီက password ကို encrypt(ပုံဖျက်)ထားတာပါ ။
အဲဒီနေရာမိမိထည့်လိုတဲ့ password ကို encrypt လုပ်ပြီး ပြန်ထည့်ရပါမယ် ။
အဲဒီတော့ မိမိ password ကို encrypt(ပုံဖျက်)ဖို့ အတွက် အောက်က ဆိုက်ကိုသွားပါ ။
အဲဒီနေရာမိမိထည့်လိုတဲ့ password ကိုထည့်ပါ ။
ပြီးပါက Md5 Hash နေရာက ကုတ်တွေကို copy ယူထားပါ ။ ဒီလိုလေးပါ ။

Md5 Hash နေရာက code ကို copy ယူပြီး စောစောက password နေရာမှာ paste လိုက်ပါ ။
ပီးရင် Go နှိပ်လိုက်ပါ ။
အဲဒါဆိုရင် မိမိ password ကို ပြန်လည်ရယူနိုင်ပါပြီး ။
အဆင်မပြေပါက ဆွေးနွေးနိုင်ပါတယ် …… ကျေးဇူးတင်ပါတယ်။







အရင် တစ်ခါ ပျောက်သွားတုန်းက ဒီနည်း နဲ့  မဟုတ်ဘူး..။ တခြားနည်းနဲ့  ၀င်လိုက်တာ..။ Forum မှာ ဖတ်ပြီး လုပ်လိုက်တာ.. ရသွားတယ်.. အဲဒီတုန်းက ရေးမလို့ .. ခုတော့ မေ့သွားပြီ..။
ကျေးဇူးတင်တယ်ဗျို့။ တော်သေးတာပေါ့ဗျာ။