WordPress Themes

Option နဲ့ Structure တို့လို သပ်သပ်ရပ်ရပ် နဲ့ လှပတဲ့ Themes တွေကို ညွန်းပေးလိုက်ပါတယ်။ Blog Oh! Blog ရဲ့ free WordPress themes မှာ ရယူနိုင်ပါတယ်။ အထူးသဖြင့် Statement  နဲ့ DailyPress တို့ အတော်လေးကို လှပါတယ်။ (ကူညီ ပြောပြပေးတဲ့ ကိုမင်းကျော် ကို အထူး ကျေးဇူးတင်ပါတယ်)

 

Blog ဆန်ဆန် Themes တွေ ရှာဖွေနေတယ် ဆိုရင်တော့ Design Disease မှာ တွေ့နိုင်ပါတယ်။ Dilectio , Gossip City နဲ့ Smashing တို့ တော်တော့်ကို လန်း ပါတယ်။ မြန်မာစာနဲ့ အဆင်ပြေအောင် ဇော်ဂျီဖောင့် ကိုတော့ Theme ရဲ့ Style.css မှာ assign လုပ်ပေးရမှာ ဖြစ်ပါတယ်။ အဆင်မပြေခဲ့ရင် comment, cbox မှာ အကူအညီ တောင်းနိုင်ပါတယ်။

 

Popularity: 19% [?]

About the Author

admin

26 Responses to “ WordPress Themes ”

  1. အာစရိေ၇ ကလိဖို့ထပ်ညွှန်းထားတာ ကျေးဇူးဗျာ..

  2. အဆင်မပြေပါဘူးကိုကို.. zawgyi font ပါတဲ့ themes တွေကို upload လုပ်ပေမဲ့လည်း ?????????တွေချည်းပြနေပါရော… ခက်တော့တာပါဘဲ…

  3. MySQL database ကြောင့်ဖြစ်နိုင်တယ် ထင်ပါတယ်။ utf-8 ဖြစ်မဖြစ် ပြန်စစ်ကြည့်ပါလား :)

  4. statement ဆိုတဲ့ header ကို ဘယ်လို ပြောင်းရမလဲ။ တဆိတ်လောက် သိပါရစေ။

  5. ကျွန်တော် option theme ကိုသုံးနေတာပါ။ တစ်ခုသိချင်လို့ .. အကို Cbox ကို side bar tab မှာထည့်တဲ့ အခါ .. ခေါင်းစဉ်ကို ဘယ်လိုပြင်လဲမသိဘူး .. ။ ကျွန်တော်လုပ်တာ custom 1 ကနေတခြားဟာ ပြောင်းလို့မရတော့ဘူး.. ပြောင်းတာနဲ့ ဘာမှတတ်မလာတော့လို့ .. ကူညီကျပါအုန်း .. ။ :P ကျေးဇူးကြိုတင်ထားမယ်နော်။

  6. Custom1 မှာ Cbox code ထည့်ထားတာ ဆိုရင်

    // Custom tab 1
    case __('Custom 1','options') :
    // Input custom code

    ဆိုတာတွေ့ရပါလိမ့်မယ်။ အဲဒီက စာလုံးအထူ နဲ့ထားတဲ့ Custom 1 ဆိုတဲ့နေရာမှာ Cbox ဆိုပြီးပြောင်းပါမယ်။ပြီးရင်

    // Display tab selections
    $t_each_tab[] = __('Custom 1','options');

    ဆိုတာကိုရှာပါမယ်။ အဲဒီက စာလုံးအထူ နဲ့ပြထားတဲ့ Custom 1 နေရာမှာလဲ Cbox လို့ပြောင်းပေးပါမယ်။ ဒါဆိုရင် အဆင်ပြေပါပြီ။

  7. Statement Theme က header ဟာ logo.gif ဆိုတဲ့ image ဖိုင်ဖြစ်ပါတယ်။ image ဆိုတဲ့ folder ထဲမှာရှိပါတယ်။ သူ့ကို photoshop ကဲ့သို့ image editor တစ်ခုခုမှာ လိုချင်သလို ပြောင်းယူပြီး logo.gif အတိုင်း ပြန်လည် save ပေးလိုက်ရင်အဆင်ပြေပါပြီ။

    ပုံအရွယ်အစား ပြောင်းလဲမယ် နောက်ခံ color အားလုံးကိုလဲ ပြောင်းချင်တယ်ဆိုရင် style.css ထဲက

    /*+++++++ TOP +++++++*/

    ဆိုတာရဲ့ အောက်မှာရှိတဲ့ #header, #logo , #logo h1 တို့မှာ လိုအပ်သလို ပြောင်းပေးရပါမယ်။

  8. အဆင်ပြေသွားပြီ အကိုရေ… ကျေးဇူးပါ.. ။ ကျွန်တော်က အပေါ်တစ်ခုပဲပြောင်းနေလို့ .. :P .. ကျေးဇူးပါ.. ။

  9.ွကျွန်တော်ကို အနည်းငယ်တော့ကူညီပါအုံးခင်ဗျာ wordpress မှာ CBox ကိုဘယ်ထည့်ရသလဲဆိုတာကို ရှင်းပြပေးစေလိုပါတယ်ခင်ဗျာ ကျေးဇူးတင်လျှက် . . .

  10. ညီဒေါင်းဝေ
    Design / Widgets ထဲက text widget မှာ cbox code ကို ထည့်လို့ရပါတယ်။

  11. Thank you for your website :)
    I made on photoshop backgrounds for myspace or youtube and even more
    my backgrounds:http://tinyurl.com/5cy5cq
    Hope you had a good day and thank you again!

  12. I can’t put cbox in text widget of wordpress. It show only coding instead of cbox window. Pls help me!!!!! Thanks for everything.

  13. ကူညီကြပါဗျို့. . . . ကျွန်တော်က wordpress ကို 000webhost ကိုသုံးပြီး theme တင်တာ အခု PHP Error Message Fatal error: Call to undefined function get_header() in /home/a8868015/public_html/ChristmasDays/ ဆိုတာပဲပေါါ်နေလို့ to see error type http://www.intralife.co.cc

  14. Sa Oo Aime
    themes ကို wp-content/themes folder မှာ တင်ရပါမယ်။ မှန်မမှန်ပြန်စစ်ကြည့်ပါ။ မှန်တယ်ဆိုရင် အသစ်တင်ထားတဲ့ theme ကို ဖျက်ပစ်ကြည့်ပါ။ http://www.intralife.co.cc/wp-login.php က blog ထဲကို ၀င်ပြီး Default theme ပြောင်းလိုက်ပါ။ အဆင်ပြေမပြေ ပြန်ပြောပါခင်ဗျာ။

  15. wp-content folder မရှိဘူးဗျ public_html အောက်မှာပဲတင်ထားတယ်

  16. နောက်တစ်ခု မေးချင်ပါတယ်။ ကျွန်တော်က wordpress မှာ blog ရေးထားပြီးသားပါ။ အဲဒါကိုနောက်မှ wordpress မှာ မရှိတဲ့ themes အပြင် တခြားက themes ကို စမ်းတင်ခြင်လို့ 000webhost မှာစမ်းတာပါ။ အဲဒါ အရင် blog ပေါ်မှာ ပြောင်းသွားတာလား ဒါမှမဟုတ် အသစ် blog တစ်ခု ဖြစ်သွားတာလားဗျ
    ကျေးဇူးပါ

  17. စဦးအိမ်
    public_html အထဲမှာ ဘာမှ မရှိဘူးဆိုရင် WP တင်တာ အဆင်မပြေသေးပါဘူး။ public_html အထဲက wp-content/themes ဖိုဒါ အထဲကို တင်ပေးရမှာဖြစ်ပါတယ်။ wordpress.com မှာ ရှိတဲ့ ဘလော့ဂ်နဲ့ 000webhost က ကိုယ်တိုင်တည်ဆောက်တဲ့ ဘလော့ဂ် သတ်သတ်စီဖြစ်ပါတယ်။ ဘာမှမဆိုင်ပါဘူး။

  18. အော်ဒီလိုလား။ ဒါဆို wordpress မှာ EOT လုပ်လို့ရနိုင်လား။ သူက css ကိုပြင်ရင် ၀ယ်ရတာဆိုတော့

  19. saooaime
    ကျွန်တော်မှတ်မိသလောက် eot လုပ်ခွင့်မပေးပါဘူး။ ဒါ့အပြင် cbox, Javascript, plugin တွေကိုလဲ တင်ခွင့်မပေးပါဘူး။

  20. ကူညီပါဦးနော်။ နေ့အိပ်မက် side barမှာ widget တစ်ခုကိုဖြုတ်တယ်၊ နောက်တစ်ခုထည့်တယ်၊ နောက်ပြီးတော့ အဲဒီပုံရဲ့အရွယ်ကို သွားပြင်တယ်၊ နောက် widgetတစ်ခုထည့်တယ်။ အဲဒါပဲလုပ်တာ…. cssကိုလုံးဝမထိဘဲနဲ့ side bar တစ်ခုလုံးက စာလုံးတွေအကုန် သေးသေးလေးတွေဖြစ်ကုန်ပြီ။ လာဖတ်တဲ့သူတွေတော့ ခေါင်းကိုက်တော့မှာပဲ။ စာလုံးပြန်ကြီးချင်လို့ ကူညီပါနော်။
    နောက်ပြီး rss..။ ကိုယ့်ဆိုဒ်မှာ သူများတွေရဲ့ postကို rssထည့်ချင်ရင် ဘယ်လိုလုပ်ရလဲ။ ပြောပြပေးပါနော်။ တကယ့်ကို ကျေးဇူးအများကြီးတင်ပါတယ်။ HAPPY NEW YEAR!!!။

  21. ဟီး.. မေးလက်စနဲ့ ဆက်မေးလိုက်တော့မယ်နော်။ တချို့တွေက ဘယ်မှာ ကောမန့်ပေးပေး၊ သူတို့avatarက တစ်ပုံတည်းပဲဖြစ်နေတာလေ။ အဲဒါရော.. ဘယ်လိုလုပ်လဲ ပြောပြပေးပါနော်။ နောက်တစ်ခါထပ်ပြီး ကျေးဇူးတင်ပါတယ်.. :)

  22. နေ့အိပ်မက်
    Happy New Year ပါခင်ဗျာ
    sidebar font အတွက် ထည့်ထားတဲ့ widget တွေကို ဖြုတ်ပြီး ဘယ်ဟာမှာ ဖြစ်တာလဲ စမ်းကြည့်နိုင်ပါတယ်။ RSS အတွက် RSS widget ကို သုံးနိုင်ပါတယ်။ avatar က http://en.gravatar.com/ မှာ လိုချင်တဲ့ပုံကို တင်ပေးရပါမယ် register လုပ်ထားတဲ့ email နဲ့ ကောမန့် ပေးရင် တင်ထားတဲ့ပုံ ပေါ်မှာဖြစ်ပါတယ်။

  23. ဟုတ်ဘူး။ ဟိုနေ့က widgetဖြုတ်လိုက်လည်း မရဘူး။ ဘယ်လိုဖြစ်တာလဲတော့ မသိဘူး။ အပေါ်ဆုံးက ပုံထည့်ထားတဲ့တစ်ခုပဲ စာလုံးကကြီးတယ်။ အောက်က ကျန်တဲ့widgetအကုန်၊ sidebarတစ်ခုလုံး.. calendar ရော၊ linkတွေရော..၊ recent postတို့ဘာတို့ အကုန်သေးသေးလေးတွေ ဖြစ်ကုန်တာ….၊ ဘယ်မှာပြင်ရမှာလဲဟင်..

  24. နေ့အိပ်မက်
    reply နောက်ကျတဲ့အတွက် ဆောတီးပါဗျာ။ အခုတော့ အဆင်ပြေသွားပြီလို့ ထင်ပါတယ်။ sidebar က စာတွေ ပုံမှန်အတိုင်းမြင်နေရတယ်။ :)

  25. မင်္ဂလာပါ
    mydiary ထဲ ထည့်ထားတဲ့ template တစ်ချို့ သုံးလို့မရတော့ဘူးဖြစ်နေတယ်
    အရင်ကရပီး ခုမရတော့တာ ဘာဖြစ်လို့လည်း သိချင်ပါတယ်။ နောက်ထပ် တစ်ခုက isgreat . org က သူတို့နဲ့အမျိုးအစားမတူဘူးလားဟင်

  26. mydiary
    wp version အသစ် upgrade လုပ်လိုက်လို့လား ခင်ဗျာ။ ပုံမှန်အားဖြင့်တော့ မရဘူး မရှိပါဘူး။ နောက်ပီး isgreat.org က ဘယ်သူနဲ့ အမျိုးအစား မတူတာလဲ မရှင်းပါ။