WordPress Tips – Page Template -

CMS တစ်ခုဖြစ်တဲ့ WordPress ရဲ့ စမ်းဆောင်နိုင်မှုတွေကတော့ ရှာဖွေလေတွေ့ရှိလေ ဆိုသလိုပါပဲ။ ကျွန်တော်တို့လို Coding တွေ PHP တွေ CSS တွေ မကျွမ်းကျင်သူတွေအဖို့ကတော့ စွမ်းဆောင်နိုင်မှုအပြည့် ရယူအသုံးပြုဖို့ Premium Themes တွေနဲ့ Plugins တွေကို အားကိုးရမှာဖြစ်ပါတယ်။ WordPress မှာ Post နဲ့ Page ဆိုပြီး ခွဲထားတာ သိပြီးသားဖြစ်ပါလိမ့်မယ်။ Post ကတော့ ပုံမှန်ဘလော့ဂ်ပို့စ်တွေဖြစ်ပြီး သီးခြားဖြစ်တာတွေကို Page မှာ ရေးလေ့ရှိကြပါတယ် (ဥပမာ About me, Contact Info စသည်ဖြင့်) ။ အဲဒီ Page တစ်ခုချင်းစီကို နှစ်သက်သလို ဒီဇိုင်းပုံစံ ပြောင်းပေးလို့ရပါတယ်။

 

ကောင်းမွန်စွာ ပြုလုပ်ထားတဲ့ Theme တစ်ခုမှာ Page အတွက် Default အပြင် သီးခြား Template တွေ ပါပြီးလေ့ရှိပါတယ်။ Page တစ်ခု တည်ဆောက်ဖို့အတွက် Add New Page ကို ၀င်လိုက်မယ်ဆိုရင် ညာဖက်မှာ Attributes တွေ့ရပါမယ်။ သူ့ထဲမှာ Template ဆိုတာ ရှိပါတယ်။ ပုံမှာပြထားတဲ့ Option Theme မှာဆိုရင် Default Template အပြင် Archives, Blog, No Sidebar နဲ့ Photo Album ဆိုပြီး အပို Template တွေပါတာတွေ့ရပါမယ်။

 

Page Title ခေါင်းစဉ် တခုခုပေးပြီး Page Template ကို Archives ပေးလိုက်မယ်ဆိုရင် ရေးထားသမျှ ပို့စ်တွေကို လစဉ် အလိုက်ပြထားတဲ့ Archives Page တစ်ခုရပါမယ်။ Blog ကိုရွေးမယ်ဆိုရင် ပို့စ်တွေကိုဖော်ပြတဲ့ Page တစ်ခုရမှာဖြစ်ပါတယ်။ No Sidebar ဆိုရင်လဲ Sidebar မပါတဲ့ Page တစ်ခုရပါလိမ့်မယ်။

 

မူရင်း Theme မှာ မပါတဲ့ ကွဲပြားတဲ့ Page Template တစ်ခု ပြုလုပ်ချင်တယ်ဆိုရင်တော့ codex.wordpress.org မှာ လေ့လာနိုင်ပါတယ်။ အသုံးပြုနေတဲ့ Theme က Page Template တွေကိုလဲ နမူနာ ကြည့်နိုင်ပါတယ်။ ဒီဇိုင်း စိတ်ကြိုက်ပြုလုပ်ဖို့ Style.css မှာ တည်ဆောက်မယ့် Page Templae အတွက် CSS ကုဒ်တွေကို ဖြည့်ပေးရပါမယ်။ ဥပမာ No Sidebar Page Template မှာ နောက်ခံအရောင် စာလုံးအရောင်တွေ ပြောင်းချင်တယ်ဆိုရင် Sytle.css မှာ

#no-sidebar .post {
background: #000;
fontfamily : Zawgyi-one;
color: #fff; }
#no-sidebar img {
border: 1px solid #fd0505;
padding: 3px;
margin-left: 15px; }

စသည်ဖြင့် လိုချင်သလို ကစားပေးနိုင်ပါတယ်။

 

ဘလော့ဂ်ကို ၀င်လိုက်ရင် ပုံမှန်အတိုင်း ပို့စ်တွေကို ပထမ စာမျက်နှာမှာ မထားပဲ လိုချင်တဲ့ Page ကို ထားလို့လဲ ရပါသေးတယ်။ Dashboard/ Settings/ Reading မှာ ပြောင်းပေးနိုင်ပါတယ်။ ပုံမှန်ပို့စ်တွေအတွက် Blog ဆိုတဲ့ Page တစ်ခု ပြုလုပ်ပြီး Nav bar မှာ ထားနိုင်ပါတယ်။ စိတ်ကူးရှိသလို ပြုလုပ်နိုင်ပါတယ်။

 

Page တွေကို Nav bar မှာ စာလုံးအလိုက်မစီပဲ လိုချင်သလို ရှေ့နောက်ရွှေ့ဖို့အတွက် Page Attributes က Order မှာ နံပါတ် 1,2,3,4… ပေးပြီး စီပေးနိုင်ပါတယ်။

 

Page Attributes / Parent ကတော့ Page ကို Main Page လား သို့မဟုတ် Page တခုခုအောက်က Sub အနေနဲ့လား ခွဲခြားဖို့အတွက် ဖြစ်ပါတယ်။

Popularity: 61% [?]

About the Author

admin

9 Responses to “ WordPress Tips – Page Template - ”

  1. template ဆို တာဘာလဲ

  2. ကျေးဇူးအစ်ကို နောက်လဲ ဒီလိုအကျိုးပြုပို့စ်လေးတွေ များများရေးနိုင်ပါစေဗျာ

  3. အစ်ကို… ကျွန်တော် page တစ်ခုယူပြီး parent အောက်မှာ အခြား page ရဲ့ အခွဲအဖြစ် အဲဒီ ရှိပြီးသား ပထမ page နံမည်ကို ကလစ်လုပ်ပါတယ်။ ဒါပေမယ့် ထပ်တင်တဲ့ page က ပထမ page အောက်မှာမပေါ်လာဘူး။ ဘာကြောင့်လည်းအစ်ကို။

  4. အကိုရေ။ကျနော့်ကိုတခုလောက်ကူညီပါ။ကျနော့်ဆိုဒ်မှာpageအသစ်တွေခွဲပြီးပို့စ်တွေတင်ခဲ့ပါတယ်။ဥပမာက
    ဗျာများဆိုပြီးစာမျက်နှာအသစ်ခွဲပြီးကဗျာတွေတင်ခဲ့ပါတယ်။main pageမှာလည်းကဗျာဆိုတဲ့categoriesခွဲပြီးပို့စ်တင်ပါတယ်။အဲဒီတော့ကျနော်ကmain pageမှာလည်းတင်တယ်။ကဗျာများဆိုတဲ့စာမျက်နှာမှာလည်းတင်တယ်။၂ခါတင်ရတာပေါ့။အခုနောက်ပိုင်းစာ
    မျက်နှာအခွဲမှာတင်ရတာလုံးဝအဆင်မပြေတော့ပါဘူး။အရင်ပို့စ်အဟောင်းကတင်ထပ်ထပ်တင်ရတာကိုအကိုလဲ
    အသိပဲ။အဲဒါကျနော်ကcategoriesရဲ့လင့်ကိုpageနဲ့ချိတ်ပေးချင်တယ်။ဥပမာကဗျာများဆိုတဲ့စာမျက်နှာကို
    နှိပ်ရင်categoriesထဲကကဗျာများဆိုတဲ့လင့်ကိုပဲရောက်စေချင်တယ်။အဲဒါလေးတချက်လောက်ရှင်းပြပေး
    ပါလို့။ကူညီပါအုံးခင်ဗျာ။

  5. ဟိန်းထက်စံ
    mmgenius မှာ တင်ပြထားတဲ့ page link to နဲ့ ဆိုရင် အဆင်ပြေမယ် ထင်တယ်။

  6. အကို ကျွန်တော် သုံးချင်တဲ့ Themes ထဲမှာ အပေါ်ကအကိုပြောထားသလို့ Attributes ထဲမှာ Template မပါတာနဲ့… နောက် Themes တွေ ထပ်ရှာတော့လဲ Template တော့ပါပါတယ် အဲဒီ ထဲမှာ blog မပါတာနဲ့…. ကျွန်တော်က page တွေခွဲပြီ ထင်ချင်လို့ပါခင်ဗျာ…. Photo ဆို အဲဒီ ထဲမှာ photo တွေပဲထည့်ချင်လို့…. အဲဒါ တစ်ခုတင်ပြီးသွားရင် အဲဒီအောက်မှာပဲထပ်တင်နေရတယ်… ပို့စ်အသစ်နဲ့တင်ချင်လို့…. အဲဒါဘယ်လိုလုပ်ရမလဲ သင်ပြပါခင်ဗျာ…. ကျွန်တော်က အခုမှ blog စလုပ်တာမို့ ဘာမှကိုနားမလည်တာပါခင်ဗျာ…. လေးစားစွာဖြင့်….

  7. 3xdnDG tdsnuaaywylh, [url=http://jgnwwcwtsnea.com/]jgnwwcwtsnea[/url], [link=http://imagzeleiajy.com/]imagzeleiajy[/link], http://xpimzlybyzoc.com/

  8. Moi contre. achat cialis belgique cialis prix cialis generique

  9. [...] WordPress Tips – Page Template – [...]