WordPress Turbo
Wordpress 2.6 ကနေစပြီး Dashboard မှာ Turbo ဆိုတာလေးပါလာတာ တွေ့ကြပါလိမ့်မယ်။

Turbo ဘာအတွက်သုံးတာလဲ
ကျွန်တော်တို့ Wordpress ဘလော့ဂ်မှာ ပို့စ်တင်သည်ဖြစ်စေ၊ သူငယ်ချင်းတွေရဲ့ လင့်ခ် ထည့်သည်ဖြစ်စေ၊ ပြောင်းလဲမှု တခုခု ပြုလုပ်တိုင်း လိုအပ်တာတွေကို Web Server မှ ဆွဲယူရပါတယ်။ ဒါကြောင့် Loading အချိန်ကြာပါတယ်။ Turbo ကို အသုံးပြုထားရင် Wordpress ရဲ့ ဖိုင်အချို့ကို local computer မှာ သိမ်းထားပေးတာကြောင့် အမြန်နှုံး သိသိသာသာ တတ်လာတာကို တွေ့ရပါလိမ့်မယ်။ အထူးသဖြင့် ကွန်နက်ရှင် နှေးတဲ့ နေရာမှာဆိုရင် ပိုသိသာပါတယ်။
Wordpress Turbo ဟာ Google Gears API ကို အသုံးပြုထားတာ ဖြစ်လို့ Web developers တွ ရင်းနှီးပြီးသား ဖြစ်ပါလိမ့်မယ်။ အသုံးပြုဖို့အတွက် Turbo ဆိုတာလေးကို နှိပ်ပေးလိုက်ရင် Gears Install လုပ်ဖို့အတွက် ဒေါင်းလုပ် ချခိုင်းပါလိမ့်မယ်။ ညွှန်ကြားတဲ့ အတိုင်းဆက်လုပ်ပေးသွားပြီး အားလုံးပြီးစီးသွားရင် ယခုလိုတွေ့ရပါမယ်။

Wordprss Turbo ဟာ Firefox 2-3, IE 6-7 တို့နဲ့ အလုပ်လုပ်ပြီး Google Chrome အသုံးပြုသူများ အတွက်ကတော့ Wordpress 2.62 ကို upgrade ပြုလုပ်ဖို့ လိုအပ်ပါတယ်။ သတိပြုရမှာက Local computer မှာ လိုအပ်တဲ့ဖိုင်တွေကို ဆေ့ဖ် လုပ်ထားတာ ဖြစ်တာကြောင့် အင်တာနက် ကဖေးမှာ အသုံးပြုသူတွေအတွက် အဆင်မပြေနိုင်ပါ။ Turbo နဲ့ Gears အကြောင်း အသေးစိတ်လေ့လာလိုလျှင် အောက်ပါလင့်ခ်များမှာ ဖတ်ရှုနိုင်ပါတယ်။







အပေါ်မှာ TURBO ဆိုပြီးတော့ တွေ့တယ် ဘာမှန်းကို မသိလို့။ အခုလို ရှင်းပြတဲ့ ကျေးဇူးပါခင်ဗျာ။
လေးမ လည်း Turbo လိုက်ပြီ..။ ကွန်ပြူတာပျက်ရင် ဖိုင်တွေတော့ မပျက်လောက်ပါဘူးနော်..။
လေးမ
ကွန်ပြူတာ ပျက်သွားရင်လဲ ဘလော့ဂ်က ဖိုင်တွေကို မထိခိုက်ပါဘူး။ စိတ်ချလက်ချ သုံးနိုင်ပါတယ်။
ွှအဲဒါလေး ပါလာတာတော့ သတိထားမိတယ် ဘာမှန်း မသိ ညာမှန်းမသိ
အခုမှ ပဲ ရှင်းရှင်းလင်းလင်းသိရတော့တယ်
အင်စတော လဲလုပ်လိုက်တယ်
ကျေးဇူးပါ ခင်ဗျား
Thank you for constantly updated, always a pleasure to read.
Although it’s not concern with the topic, pls help me. I can’t add cbox in my wordpress. I put coding in text widget but it show only coding instead of cbox. Pls help me!! Thanks for everything.