WordPressMU
WordPressMU ဆိုတာ register လုပ်ယုံနဲ့ WordPress Blog တစ်ခု အဆင်သင့် သုံးလို့ရအောင် လုပ်ပေးနိုင်တဲ့ WordPress.org ရဲ့ ထုတ်ကုန်တစ်ခုပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာ ဘလော့ဂ်လောကမှာလဲ MU နဲ့ service ပေးနေတာ သိသလောက် ၂ ခု ရှိနေပါပြီ။ mzblog.net, mmgenius.com တို့မှာ စမ်းသုံးကြည့်နိုင်ပါတယ်။ နောက်ထပ် service ပေးသူ ထပ်တိုးလာဖို့ရှိပါတယ်။ မြန်မာ အချင်းချင်း ဆားဗစ် ပေးတာကြောင့် Install လုပ်ရတာတွေ font ကိစ္စတွေ ဦနှောက်ချောက်စရာ မလိုတော့ပါဘူး။ အလွယ်တကူ အသုံးပြုယုံပါပဲ။ WordPressMU တစ်ခု စမ်းသပ်တည်ဆောက်လိုသူတွေ အတွက် Ebook တစ်ခုတွေ့လို့ share ပေးလိုက်ပါတယ်။ အောက်က လင့်ခ် မှာ download ရယူနိုင်ပါတယ်။
http://wpmututorials.com/installation/installing-wordpressmu-the-e-book/
Popularity: 99% [?]




လိုချင်နေတာ ကြာလှပြီး …
ကျေးဇူးပါပဲအကို … စမ်းကြည့်လိုက်ဦးမယ်အကိုရေ ..
ကျွန်တော်တို့ သူငယ်ချင်းတွေ အားလုံးပေါ့လေ Wordpress ကို စမ်းတ၀ါးဝါးနဲ့ လုပ်နေကြတာ ကြာပါပြီ။ ဘယ်သူ့ကို မေးရမယ်မှန်း မသိ။ ဘယ်ဝါ့ကို မေးရမယ်မှန်းမသိ။ ကြာသလောက် အရာ မပေါက်။ စာအုပ်ဖတ်တော့လည်း install လုပ်ပါတဲ့။ ဘယ်လိုလုပ်လုပ် ဘယ်လိုစောင့်စောင့် ဘာမှ ဖြစ်မလာဖူးဘူး။ ဒါနဲ့ စိတ်ပျက်လက်ပျက် ဟိုဟာလေး လုပ်လိုက် ဒီဟာလေးလုပ်လိုက်နဲ့ နေလာတာ ကြာပါပကော….
ဗျို့ ဆရာကြီး.. လာဖတ်တယ်ဗျာ..
အစ်ကိုတို့ပါ ပါလာပြီဆိုရင်တော့ အားရစရာပဲ…။ အစ်ကိုတို့ရဲ့ ပညာတွေနဲ့ပေါင်းစပ်လိုက်ရင်တော့..။ ကျွန်တော်တို့ မြန်မာလူမျိုးတွေ MU နဲ့ ပိုပြီးနီးစပ်လာကြဖို့ တော်တော်နီးစပ်သွားပြီ…။