iblogger မှာ WP upgrade လုပ်မယ်
WordPress 2.5 stable version ထွက်လာပြီ ဆိုတော့ ကျွန်တော်တို့ ဇတ်လိုက်ကြီး iblogger မှာ upgrade လုပ်ကြည့်ကြရအောင်ဗျာ။ ထုံးစံအတိုင်း မမေ့မလျော့ လုပ်ရမှာက backup ပေါ့။ တခုခု ချွတ်ချော်ခဲ့ရင် ကယ်လို့ပြုလို့ ရတာပေါ့။ http://wordpress.org က ဒေါင်းလုပ်ချထားတဲ့ wp installation zip ဖိုင်ကို iblogger ရဲ့ file manager နဲ့ upload တန်းတင်မယ်ဆိုရင် ပြသနာနည်းနည်းလေး ရှိတယ်ဗျ။
သူက root folder ထဲကိုမရောက်ပဲ /urblogname.iblogger.org/htdocs/wordpress ဆိုတဲ့ folder ထဲကို ရောက်သွားတယ်။ အဲဒီတော့ ကျွန်တော်တို့ upload တင်ပြီးလဲ ဘာမှ မထူးပဲ ဒီတိုင်းက ဒီတိုင်း ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် file manager မှာ move နဲ့ ဖိုင်တွေကို root အောက်ကို ရွှေ့ချင်ရွှေ့ ဒါမှမဟုတ် upload မလုပ်ခင် မိမိကွန်ပြူတာမှာ ဒေါင်းလုပ်ချထားတဲ့ zip ဖိုင်ကိုဖြေချလိုက်ရင် wordpress-2.5 ဆိုတဲ့ folder ကိုရမယ်၊ သူ့ထဲမှာ wordpress ဆိုတာကို တွေ့ရမယ်၊ အဲဒီထဲဝင်လိုက်ပြီး wp-admin,wp-contact, အစရှိတဲ့ ဖိုင်တွေ ဖိုဒါတွေ အားလုံးကို select လုပ်ပြီး zip ဖိုင် အသစ်ထုပ်ပိုးရပါမယ်။ ပြီးတော့မှ ရလာတဲ့ zip ဖိုင်အသစ်ကို file manager နဲ့ /urblogname.iblogger.org/htdocs/ အောက်ကို upload တင်ပေးရမယ်။ အဆင့်တွေ ပိုလုပ်ရတာပေါ့ဗျာ ( ရေးထားတာ ကိုယ့်ဟာကိုယ်တောင် ဖတ်ပြီးခေါင်းမူးနေတယ် :P ) အဲဒီ အဆင့်တွေ ခေါင်းစားတယ် ရှုပ်တယ် ဆိုရင်တော့ ကျွန်တော် zip ပြန်လုပ်ထားတဲ့ဟာကို ဒီမှာ ရယူနိုင်ပါတယ်။ wordpress ရဲ့ build-in smilies တွေအစား ပိုပြီးချစ်ဖို့ကောင်းတဲ့ ပုံလေးတွေနဲ့ အစားထိုး ပေးထားသေးတယ်
1.. WordPress v.2.5 ကို ဒေါင်းလုပ်ချပါ။
2.. iblogger ရဲ့ cpanel မှ file manager ကိုသွားပါ။
3.. မိမိ upgrade လုပ်ချင်တဲ့ sub-domain ဖိုဒါ ကိုသွားပါ။့ htdocs ထဲကိုဝင်ပါ။ ပုံပြထားတဲ့ အတိုင်း upload ကိုနှိပ်ပါ။

4.. ဒေါင်းလုပ်ချထားတဲ့ zip ဖိုင်ကို upload တင်ပေးပါ။

5.. ဖိုင်တွေကို over write လုပ်မလားဆိုရင် yes ပေးရပါမယ်။
6.. ဖိုင်တွေ upload တင်ပြီးပြီဆိုရင် ကျွန်တော်တို့ ဘလော့ဂ်ကို log-in လုပ်ရပါမယ်။ file တွေ upload လုပ်တာ အကုန်မှန်တယ်ဆိုရင် အောက်ဖေါ်ပြပါ ပုံလိုမျိုး log-in page ပုံစံအသစ်လေးကို တွေ့ရပါမယ်။

7.. log-in လုပ်ပြီး ပေါ်လာတဲ့ Upgrade WordPress ကိုနှိပ်ပေးလိုက်ရင် upgrade လုပ်ငန်းစဉ် အောင်မြင်ပါပြီ။

ကျွန်တော် zip ပြန်လုပ်ထားတဲ့ဟာနဲ့ မဟုတ်ပဲ wordpress.org က တိုက်ရိုက် download လုပ်ထားတဲ့ zip ဖိုင် ဆိုရင် အဆင့် 4 အပြီးမှာ အောက်ပါအတိုင်း ပြုလုပ်ပေးရပါမယ်။
4.1… file manager မှ /urblogname.iblogger.com/htdocs/wordpress ထဲကိုဝင်ပါ။ ပုံမှာ အနီရောင် အ၀ိုင်းပြထားတဲ့အတိုင်း All ကိုနှိပ်ပြီး directories, files အားလုံးကို select လုပ်ပါ။ ပြီးရင် အနီမြှားပြထားတဲ့ move ကိုနှိပ်ပါ။

4.2.. ပုံမှာ hi light လုပ်ပြထားတဲ့အတိုင်း /urblogname.iblogger.org/htdocs/wordpress မှာ wordpress ဆိုတာကို ဖျက်လိုက်ပြီး set all targetdirectories ကိုနှိပ်ပေးပါ။

4.3.. Move drectory wp-admin to: စတာတွေရဲ့ အောက်က Target directory: ရဲ့ box တိုင်းမှာ /urblogname.iblogger.org/htdocs/ ဖြစ်မဖြစ် သေချာအောင် စစ်ဆေးပြီး move အမှန်ခလုပ်လေးနှိပ်ပြီး move လုပ်ပါ။

အဆင့် 5 အတိုင်း ဆက်လုပ်လိုက်ရင် upgrade လုပ်ငန်းစဉ် အောင်မြင်ပါပြီ။ WordPress 2.5 နဲ့ ပျော်ရွှင်ပါစေ။




upgrade ဆော်လိုက်တာ ရပြီဗျို့။ ကျေးဇူးပဲ။
သင်ကာ
ကျေးဇူးကမ္ဘာဗျာ။ အဆင်ပြေသွားပြီ။
ကိုသင်္ကြန်ရေ
ကျနော် ဗားရှင်း အသစ်ပြောင်းလိုက်ပြီ။ ဒါပေမယ့် Widget တွေကို မရွှေ့တတ်ဖြစ်နေတယ်။ အရင်ကလို ဟိုဘက် ဒီဘက်ဆွဲရွှေ့ရုံပဲမဟုတ်တော့ လည်နေတယ်။ ဘယ်လိုပြောင်းပေးရမှန်း မသိဖြစ်နေတယ်။ သေချာလည်း လိုက်မကလိအားဘူးဗျို့။
သင်ကာ
ကိုသင်္ကြန်ကျေးဇူးနဲ့ upgrade လုပ်ပြီးသွားပြီဗျ။ ကျေးဇူးပဲနော်။ cpanel account နဲ့ password မေ့သွားလို့ မူးသွားသေးတယ်ဗျာ။