Yahoo Pipes

Blogger Blog တွေမှာ Blog List ဆိုပြီး သူငယ်ချင်းဘလော့ဂ်တွေက ပို့စ်တွေကို update ဖြစ်မှုအလိုက် ဖော်ပြပေးထားတာ တွေ့ဖူးကြပါလိမ့်မယ်။ ဥပမာ ကိုအောင်သားငယ်ဘလော့ဂ် ဆိုဒ်ဘားက ပို့စ်အသစ်များ လိုမျိုးပေါ့ဗျာ။ WordPress မှာတော့ အဲလို build in widget မပါရှိသေးပါဘူး။ ဒါပေမယ့် Yahoo Pipes ကို အသုံးပြုပြီး အလားတူ (သို့) ထက်သာအောင် ပြုလုပ်နိုင်ပါတယ်။ Yahoo Pipes ပြုလုပ်ပုံကို ကိုအင်ဒီ၊ ဒီကိုလာ နဲ့ ကိုပီကေ ရဲ့ knowhow ဘလော့ဂ်များမှာ လေ့လာခဲ့ပါတယ်။ စစချင်း စိတ်တိုင်းကျ မရခဲ့ပေမယ့် နောက်ဆုံး ကိုအင်ဒီ ညွှန်ပေးတဲ့ ဒီကိုလာ လုပ်ထားတဲ့ pipe ကို ကူးချလိုက်တော့မှ အားလုံး အဆင်ပြေသွားပါတော့တယ်။ Yahoo Pipes နဲ့ ဘလော့ဂ်မှာ အလှဆင်ချင်သူတွေ အလွယ်ဆုံးနည်းနဲ့ ပြုလုပ်နိုင်အောင် ဖောက်သည်ချလိုက်ပါတယ်။

Blog List Pipe ပြုလုပ်ဖို့အတွက် Yahoo Account တစ်ခု ရှိရပါမယ်။ မရှိသေးဘူး ဆိုရင် Yahoo Mail Account တစ်ခု လုပ်လိုက်ပါမယ်။ အဆင်သင့်ဖြစ်ရင် ဒီလင့်ခ် ကို နှိပ်ပြီး Yahoo Pipes ပုံစံကူးဖို့အတွက် သွားပါမယ်။ ဒါဆိုရင် Yahoo Account ကို Sign in ၀င်ခိုင်းပါလိမ့်မယ်။ ၀င်ပြီးရင် ပုံမှာ ပြထားသလို တွေ့ရပါလိမ့်မယ်။ (ကလစ်နှိပ်ပြီး ပုံကြီးကြည့်နိုင်ပါတယ်)

ညာဖက် အပေါ်ထောင့်က Save a copy ကို နှိပ်ပြီး ကော်ပီကူးလိုက်ပါမယ်။ ပြီးရင် Back to My Pipes ကို နှိပ်ပါမယ်။ ဒါဆိုရင် ကျွန်တော်တို့ရဲ့ Yahoo Pipes Account မှာ Yahoo Pipes Badge copy ဆိုပြီး လုပ်ပြီးသား တစ်ခု ရလာတာ တွေ့ရပါလိမ့်မယ်။

ရလာတဲ့ ကော်ပီ ကို နှိပ်ပြီး မိမိ စိတ်ကြိုက် ဘလော့ဂ်လိပ်စာတွေ ပြောင်းဖို့အတွက် Edit Source ကို နှိပ်ပါမယ်။

ပုံမှာ ပြထားသလို နံပါတ်1 Fetch Feed ရဲ့ URL တွေမှာ ရှိပြီးသားကိုဖျက်ပြီး ထည့်ချင်တဲ့ ဘလော့ဂ်တွေရဲ့ RSS Feed တွေကို ပြောင်းထည့်ပေးပါမယ်။ + နဲ့ URL ထည့်ဖို့ တိုးနိုင်ပြီး – နဲ့ ပိုနေတာတွေကို ဖျက်ပစ်နိုင်ပါတယ်။

နံပါတ်2 Filter နဲ့ နံပါတ်3 Date Builder ကတော့ Fetch Feed မှာ ထည့်ထားတဲ့ ဘလော့ဂ်တွေက ငါးရက်ထက် ကျော်သွားပြီး ဖြစ်တဲ့ ပို့စ်အဟောင်းတွေကို စစ်ထုတ် ပစ်လိုက်တဲ့ သဘောပါပဲ။ ပေးထားတဲ့ ငါးရက်အစား နှစ်သက်သလောက် Date Builder မှာ ပြောင်းပေးနိုင်ပါတယ်။

နံပါတ်4 Loop ကတော့ ပို့စ်ခေါင်းစဉ်၊ ရေးသားသူ၊ ပို့စ်တင်တဲ့နေ့ စတာတွေ ပေါ်ဖို့ အတွက် ထည့်ပေးထားတာ ဖြစ်ပါတယ်။ သွားမထိတာ အကောင်းဆုံးပါပဲ။

နံပါတ်5 Sort ကတော့ ရလာတဲ့ ပို့စ်တွေကို နေ့စွဲအလိုက် စီပေးဖို့ Sort လုပ်လိုက်တာ ဖြစ်ပါတယ်။

နံပါတ်6 Truncate ကတော့ Sort လုပ်ပြီး ရလာတဲ့ update အဖြစ်ဆုံး ပို့စ် ဘယ်နှစ်ခု ဖော်ပြမလဲ သတ်မှတ်ပေးဖို့ဖြစ်ပါတယ်။ 20 အစား သင့်လျှော်သလို ပြောင်းပေးနိုင်ပါတယ်။

နံပါတ်7 Pipe Output ကတော့ လုပ်ငန်းစဉ် အဆုံးသတ် ဖြစ်ပါတယ်။

ဒါဆိုရင် မိမိစိတ်တိုင်းကျ ပြုလုပ်ထားတဲ့ Blogger Blog List ပုံစံ Pipe ရပါပြီ။ Save ကို နှိပ်ပြီး Run Pipe နဲ့ ပြုလုပ်ထားတာ အဆင်ပြေမပြေ ကြည့်နိုင်ပါတယ်။ အားလုံးအဆင်ပြေတယ်ဆိုရင် Image နဲ့ List ဆိုပြီး အောက်မှာပြထားတဲ့ ပုံလို တွေ့ရပါလိမ့်မယ်။ နောက်တစ်ဆင့်အနေနဲ့ WordPress မှာ ထည့်သွင်းဖို့ ဆက်လုပ်ပါမယ်။ ဘလော့ဂ်ဂါမှာ သုံးချင်တယ်ဆိုရင်လဲ ရပါတယ် အကုန်တူတူပါပဲ။

ပုံမှာ အစိမ်းရောင်ချယ်ပြထားတာတွေကို သတိပြုကြည့်ပါမယ်။

အရင်ဆုံး Yahoo Pipe Badge copy နေရာမှာ မိမိနှစ်သက်ရာ နာမည်ပြောင်းပေးပါမယ်။ description မှာ ရေးချင်တာ ရှိလဲ ရေးလို့ရပါတယ်။

ပြီးရင် Get as a Badge ကိုနှိပ်ပါမယ်။ နောက်တဆင့် Customize the size, type and settings of your Badge ဆိုတာကို ဆက်သွားပါမယ်။ What kind of badge would you like? မှာ List ကိုပေးပါမယ်။ What dimensions would you like? မှာ အသုံးပြုမယ့် မိမိ ဘလော့ဂ် ဆိုဒ်ဘား နဲ့ အဆင်ပြေမယ့် Width – Height ကို သတ်မှတ်ပေးပါမယ်။ Finish Customizing ပြီးသွားရင် WordPress, Blogger ဘယ်မှာ သုံးမလဲ ရွေးပေးပါမယ်။ ဒါဆိုရင် ကုဒ် တခု ထုတ်ပေးပါလိမ့်မယ်။ အဲဒီ ကုဒ် ကို WordPress မှာ ဆိုရင် Text Widget မှာ ထည့်ပေးပါမယ်။ Blogger အတွက် HTML/JavaScript Gadget မှာ ထည့်ပေးပါမယ်။ ဒါဆိုရင် အားလုံးပြီးပါပြီ။

ကျွန်တော်လုပ်ထားတဲ့ နမူနာ ကြည့်ချင်တယ်ဆိုရင် စပ်မိစပ်ရာ မှာ ကြည့်နိုင်ပါတယ်။

Popularity: 100% [?]

About the Author

admin

5 Responses to “ Yahoo Pipes ”

  1. Nice tutorial.

  2. ကျေးဇူးပါပဲခင်ဗျာ….. အမြဲလာရောက် ယူနေပါတယ်….:)

    အစစ အရာရာ အဆင်ပြေပါစေ

  3. အမယ်လေး.. ပိုက်ဆက်ရမှာ မလွယ်ပါလား.. အဟီး.. ဆရာရှိပေလို့ ပဲ…။

  4. Great Job..! Well Done bro ;)

  5. အဟီး … လုပ်ကြည့်တာ ဘာလွှဲနေလည်း မသိ။ ရ၀ူး